Friday, June 6, 2014

မန္တလေးတိုင်းဝန်ကြီးချုပ်အိမ်မီးလောင်မှု နောက်ဆက်တွဲသတင်း

ဧပြီလကုန်ပိုင်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်မှာ ဖြစ်ပွား ခဲ့တဲ့   မီးလောင်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကို တရားစွဲခွင့်မရှိဘူးလို့ The Voice သတင်းစာမှာ ကြာသပတေးနေ့ က ရေးထားပါတယ်။ 

"ပြည်ထောင်စုရှေ့နေချုပ
်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း" တိုင်း လျှပ်စစ် ဝန်ကြီးက ပြောတယ်လို့ သတင်းမှာ ရေး ပါတယ်။

အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံ ရသူ
က ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိလို့ မီးလောင်ရင် အိမ်ရှင်ကို အပြစ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဘယ်သူ့ကို တရားစွဲမယ် ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။

ဦးရဲမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ တခြားသော ဗိုလ်ချုပ်ဟောင်းအများအပြား နည်းတူ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ်တဦး ဖြစ်လာသူပါ။
ထူးခြားတာကတော့ ဒီနှစ်ဆန်းပိုင်းမှာ သူ့ရဲ့ယာဉ်တန်း တိုက်ခိုက်ခံရခြင်းပါပဲ။ သူ ထိခိုက်ဒဏ်ရာရခြင်း မရှိပါဘူး။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အပေါ်ပုံ - 

ဝန်ကြီးချုပ်ဦးရဲမြင့်နေအိမ် မီးလောင်မှုကို သွားရောက် ငြှိမ်းသတ်သော မီးသတ်ကားများ၊ မီးသတ် သမားများ(ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

No comments:

Post a Comment