Tuesday, June 24, 2014

အရှိန်လွန်ကာ ယာဉ်တိုက်မှုဖြစ်ခဲ့သဖြင့် ယာဉ်(၄)စီးပျက်စီးပြီး (၅)ဦး ဒဏ်ရာရ

၂၂.၆.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်တွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းအတိုင်း မြောက်မှတောင်သို့ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း ၀င်းဇော်ဦး၊(၄၁)နှစ် မောင်းနှင်လာသော ၅ခ/---- နစ်ဆန်းဒီဇယ် ထရပ်အပြာရောင်အငှားယာဉ်သည် သီရိမင်္ဂလာဈေးသစ်အနီးအရောက် လားရာတူဝဲဘက်ယာဉ်ကျော၌ ၀ဲဘက်သို့ ချိုးကွေ့ရန်စောင့်ဆိုင်းနေသော 7C---- မြန်မာမီနီဆလွန်း အနီရောင်အငှားယာဉ်နှင့် ဘ/---- ကင်တာအပြာရောင်အငှားယာဉ်တို့အား အရှိန်မထိန်းနိုင်ဘဲ င်ရောက်တိုက်မိခဲ့ပါသည်။
ထိုသို့တိုက်မိသည့်အရှိန်ကြောင့် ဘ/---- ယာဉ်မှာ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်း ဆိုင်မှမောင်းနှင်လာသော 7D---- ပရိုဘောက် ခဲရောင် ကိုယ်ပိုင်ယာဉ်အား ဆက်လက်တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်(၄)စီးပျက်စီးပြီး 7D---- ပရိုဘောက်ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၂)ဦးတို့ တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာ၊ 7C---- မြန်မာမီနီဆလွန်းယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ မ(၁)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများအဖြစ် အသီးသီး ကုသခဲ့ရ ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ၀င်းဇော်ဦးအား လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

No comments:

Post a Comment