Tuesday, June 24, 2014

ဖိလစ်ပိုင် လွှတ်တော် အမတ် တစ်ဦး အကျင့်ပျက် ခြစားမှုဖြင့် ဖမ်းဆီး ခံရ

ဖိလစ်ပိုင်နိုင်ငံမှ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တရားရုံးချုပ် တစ်ခုသည် လွှတ်တော်အမတ် တစ်ဦးဖြစ် သူ ဂျင်ဂွိုင် အက်စ်စထရာဒါ ကို အစိုးရ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအဖွဲ့မှ ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ သန်းခန့်ကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင် သမ္မတဟောင်း တစ်ဦး၏ သားဖြစ်သူ ဂျင်ဂွိုင်သည် ၎င်း၏ပြစ်မှု အချို့ကို ငြင်းဆို ခဲ့သော်လည်း ၎င်းသည် ဇွန် ၂၃ ရက် တွင် အဆိုပါ စွပ်စွဲချက်ဖြင့် မိသားစုဝင်များနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် အခြားလွှတ်တော် အမတ်တစ်ဦးဖြစ်သူ ရာမွန်ရီဗွီလာဂျာသည် ယင်းကဲ့သို့ ပြစ်မှုဖြင့် လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက စွပ်စွဲခံခဲ့ရပြီး ယခုအခါ ဖမ်းဆီး ခံထားရကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment