Monday, June 23, 2014

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်မည်ဆိုသည့် သတင်းမမှန်

မန္တလေးမြို့ အမှတ်(၁၁)၊ ယာဉ်ထိန်း ဒု-ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရာ၌ အဟန့်အတားဖြစ်စေမည့် လက်နက်များ ကိုင်ဆောင်ပေးသွားမည်မဟုတ်သည့်အပြင် လက်နက်ကိုင်ဆောင်မည်ဆိုသည့် သတင်းမှာလည်း မဟုတ်မှန်ကြောင်း ရဲမှူးသိန်းကိုကိုက မဇ္ဈိမကို ပြော သည်။
“မန္တလေးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအတွက် အရေးယူတာတွေရှိတယ်။ အရေးယူတဲ့ အခါမှာ ယာဉ်ထိန်းရဲတွေကို ကိုယ်ထိလက်ရောက် စော်ကားတာတွေ ကြုံခဲ့ရပေမယ့် ကျွန်တော်တို့အနေ နဲ့ လက်နက် ကိုင်ဆောင် ဖမ်းဆီးတာမျိုး လုံးဝလုပ်သွားမှာ မဟုတ်ပါဘူး။ ကိုင်ဆောင်ဖို့ အတွက် ညွှန်ကြား ချက် လည်း မရရှိသေးသလို အခုထွက်နေတဲ့ သတင်းကလည်း တိကျခြင်းမရှိပါဘူး”ဟု ၎င်းက ပြော သည်။
ပြင်ဦးလွင်မြို့ အမှတ်(၂)၊ အထက်တန်းကျောင်းရှေ့ ကျောင်းဆင်းချိန် ၃ နာရီ ခွဲအချိန်ခန့် တွင် ကျောင်း ကြိုယာဉ် တစ်စီးသည် ယာဉ်နှစ်ထပ်ပိတ်ရပ်နေသဖြင့် ယာဉ်ထိန်းရဲက ရှင်းလင်းပေးရန် ယာဉ်မောင်းသူကို သွားရောက်ပြောဆိုရာ ယာဉ်မောင်းသူက လူမိုက်ဆန်ဆန်ပြောဆိုပြီး ကားပေါ်တွင် အသင့်ပါလာသော ၂၉ လက်မ ဓားရှည်ဖြင့် ခုတ်ခဲ့ရာမှ ယာဉ်ထိန်းရဲ ပြတ်ရှဓားဒဏ်ရာရရှိခဲ့သည့်အပြင် ယာဉ်ထိန်းရဲအပေါ် ကိုယ် ထိ လက်ရောက်ပြုမူမှုများ လေးကြိမ်မြောက်ရှိခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ရှိ စာရင်းများတွင် ဖော်ပြသည်။

ယာဉ်ထိန်းရဲများကို တာဝန်ချိန်အတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်ပါက တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အရေးယူမှုလုပ်ဆောင်သွားမည်ဖြစ်သည်။ သို့သော် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ကျင်စက်၊ အခြားအကာ အကွယ် လက်နက်များ ကိုင်ဆောင်ခွင့်ပြုသွားရန် အစီအစဉ်မရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရှိ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

“ရန်ကုန်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ကျင်စက်သုံးမယ်လို့ မီဒီယာအချို့မှာ ဖော်ပြထားတယ်။ အဲဒီ အတွက် တရားဝင်ညွှန်ကြားချက် မရှိသေးပါဘူး။ ရှိခဲ့ရင်လည်း မန္တလေးမှာတော့ ကိုင်ဆောင်သွားမှာ မဟုတ်ပါဘူး။ လက်ရှိအတိုင်းပြည်သူနဲ့ တစ်သားတည်းဖြစ်ပြီး စည်းကမ်းလိုက်နာမှုအားကောင်းလာအောင် လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment