Monday, June 23, 2014

ဘရာဇီး တိုက်စစ်မှူးဟောင်း ရိုနယ်ဒို၏ ကမ္ဘာ့ဖလား သွင်းဂိုး ၁၅ ဂိုး စံချိန်ကို ကလိုဆေး အမီလိုက်နိုင်

Photo: ဘရာဇီး တိုက်စစ်မှူးဟောင်း ရိုနယ်ဒို၏ ကမ္ဘာ့ဖလား သွင်းဂိုး ၁၅ ဂိုး စံချိန်ကို ကလိုဆေး အမီလိုက်နိုင်
Monday, June 23, 2014 

ဂျာမနီတိုက်စစ်မှူး မီယိုဆလပ် ကလိုဆေးသည် ဂါနာနှင့် ကစားခဲ့သောပွဲတွင် သရေတစ်မှတ် ရရှိအောင် ချေပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ပူးတွဲစံချိန်ရှင် ဖြစ်လာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ 

အသက် ၃၆ နှစ်အရွယ်ရှိ အဆိုပါ လာဇီယို တိုက်စစ်မှူးသည် ဂေါ့ဇီ၏ နေရာတွင် လူစားဝင်လာခဲ့ပြီးနောက် ဘောလုံးကို ပထမဆုံးအကြိမ် ထိတွေ့ခွင့် ရရှိချိန်၌ အရေးပါသည့် ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ဘရာဇီး ဂန္တဝင်တိုက်စစ်မှူး ရိုနယ်ဒို၏ ကမ္ဘာ့ဖလား သွင်းဂိုး ၁၅ ဂိုး စံချိန်နှင့် တူညီသွားခဲ့ခြင်း ဖြစ်သည်။ 

ဂျာမနီအသင်းသည် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စ၍ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲစဉ်များတွင် တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးသည်။ 

ယူရို ၂၀၀၈ ပြိုင်ပွဲနှင့် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ဂျာမနီသည် အုပ်စုအဖွင့် ပွဲစဉ်များတွင် အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်များတွင် ရှုံးနိမ့်ခဲ့သည်။ 

ဂျာမနီနှင့် ဂါနာတို့ နှစ်ဂိုးစီ သရေကျခဲ့သည့် ရလဒ်ကြောင့် ဂါနာသည် ရှုံးထွက်အဆင့် တက်ရန် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သော်လည်း အုပ်စုနောက်ဆုံးပွဲတွင် ပေါ်တူဂီကို မဖြစ်မနေ အနိုင်ကစားရတော့မည် ဖြစ်ကြောင်း သိရသည်။

The Voice Weekly
ဂျာမနီတိုက်စစ်မှူး မီယိုဆလပ် ကလိုဆေးသည် ဂါနာနှင့်ကစားခဲ့သောပွဲတွင် သရေတစ်မှတ် ရရှိအောင် ချေ ပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ပူးတွဲစံချိန်ရှင် ဖြစ်လာ ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် ၃၆ နှစ်အရွယ်ရှိ အဆိုပါ လာဇီယို တိုက်စစ်မှူးသည် ဂေါ့ဇီ၏ နေရာတွင် လူစားဝင်လာ ခဲ့ပြီးနောက် ဘောလုံးကို ပထမဆုံးအကြိမ် ထိတွေ့ခွင့် ရရှိချိန်၌ အရေးပါသည့် ချေပဂိုး သွင်းယူနိုင် ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဘရာဇီး ဂန္တဝင်တိုက်စစ်မှူး ရိုနယ်ဒို၏ ကမ္ဘာ့ဖလား သွင်းဂိုး ၁၅ ဂိုး စံချိန်နှင့် တူညီသွား ခဲ့ခြင်း ဖြစ်သည်။

ဂျာမနီအသင်းသည် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စ၍ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲစဉ်များတွင် တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးသည်။

ယူရို ၂၀၀၈ ပြိုင်ပွဲနှင့် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ဂျာမနီသည် အုပ်စုအဖွင့် ပွဲစဉ်များတွင် အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်များတွင် ရှုံးနိမ့်ခဲ့သည်။

ဂျာမနီနှင့် ဂါနာတို့ နှစ်ဂိုးစီ သရေကျခဲ့သည့် ရလဒ်ကြောင့် ဂါနာသည် ရှုံးထွက်အဆင့် တက် ရန် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သော်လည်း အုပ်စုနောက်ဆုံးပွဲတွင် ပေါ်တူဂီကို မဖြစ်မနေ အနိုင်ကစား ရတော့မည် ဖြစ်ကြောင်း သိရသည်။

The Voice Weekly

No comments:

Post a Comment