Wednesday, June 4, 2014

ဇွန် ၁ရက်တိုက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်မှ ကေအိုင်အေ ထံ ဖြေရှင်းချက်တောင်း

ရန်ကုန်၊ ဇွန် ၃- ပြီးခဲ့သည့် ဇွန် ၁ရက်က ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်ထံ ဖြေရှင်း ချက် တောင်းခံ ထားကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိ တစ်ဦး က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။
''ဇွန်၁ရက်က လွယ်ရင်းမှာရှိတဲ့ တပ်မတော်စခန်းကို လာရောက်ပစ် ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ကျွန်တော် တို့ဘက် က ဖြေရှင်းချက်တောင်းခံထား တယ်။ ဘာကြောင့်ဖြစ်ရတာလဲ၊ စတိုက်ခိုက်ရတာလဲ ဆိုတာပေါ့။ အခုထိ တော့ ကေအိုင်အေ ဘက်က အကြောင်းပြန်ကြားတာ မရှိသေးဘူး''ဟု ယင်း က ပြောသည်။

ပြီးခဲ့သည့် ဇွန်၁ရက် နံနက်၅ နာရီခန့်က ကေအိုင်အေနှင့် တပ်မတော် တို့အကြား လွယ်ရင်းဒေသတွင် ၁ဝမိနစ်အကြာ အပြန်အလှန်ပ စ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ကေအိုင်အေ ဘက်မှ လာရောက်စတင်ပစ်ခတ်မှုကြောင့်ဖြစ်သည် ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူက ပြောသည်။
''ကျွန်တော်တို့အနေနဲ့တော့ ထိတွေ့တဲ့အကြောင်း ကို သေချာမသိရ သေး ဘူး။ ဖြစ်ရင် လဲ အခုက ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ဖွဲ့ ထားတဲ့အတွက် အဲဒီအဖွဲ့ ကနေပဲ တစ်ဆင့်ဆက်သွယ်သွား ရမှာပါ။ ဖြစ်စဉ်ကို သေချာမသိ ရသေးဘူး''ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင် က ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့ရှိ ကေအိုင်အေနည်းစနစ် အကြံပေးအဖွဲ့ရုံးမှ ဦးဒေါင်ခါးကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။ ဇွန်၁ရက်ကဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲမှာ နှစ်ဖက် တာဝန် ရှိသူများ ပါဝင်သည့် ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်သည်။
STAL
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment