Wednesday, June 18, 2014

သံတော်ဆင့်ဂျာနယ်တွင်ဖော်ပြမှုနှင့်ပတ်သက်၍ အလိုတော်ပြည့်ဆရာတော်စာနယ်ဇင်းကောင်စီသို့ တိုင်ကြား

ဇွန်လ ၁၄ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် သန္တိသုခကျောင်းတော်နှင့် ပတ် သက်၍ အလိုတော်ပြည့်ဆရာ တော် ဘုရားကြီး၏ ပြောကြား ချက်ဟု ဖော်ပြထားချက်မှာ ဆရာတော်ဘုရားက အမှန်တကယ်ပြောဆိုခဲ့ခြင်းမရှိဘဲ ရေးသားထားခြင်းဖြစ်သည့်အတွက် ယင်းဂျာနယ်အား ခေါ်ယူ သတိပေးဆုံးမရန် အလိုတော်ပြည့် ဆရာတော်ကြီးက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့ စာပေးပို့တိုင်ကြား ထားကြောင်း သတင်းရရှိသည်။

‘‘အတွဲ ၃အမှတ် ၁၄မှာရေး ထားတဲ့ ကိစ္စဟာတော်တော်မဆီ လျော်တဲ့ ကိစ္စဖြစ်တယ်။ ဘုန်းကြီး ဘာမှမပြောဆိုဘဲနဲ့ ဘုန်ကြီးမိန့် ကြားတဲ့သဘော ရေးထားတာ တွေ့ရတယ်။ ရေးတဲ့နေရာမှာ ဘုန်းကြီးသိက္ခာကျအောင် အ ကွက်ကျကျနဲ့ မျက်နှာဖုံးကနေကြံ့ခိုင်ရေးစာအုပ်ကို သူကပ်လို့ ဘုန်းကြီးကြည့်ပါတယ်။ ဘယ်အ ချိန် ဖမ်းပြီးဓာတ်ပုံရိုက်သွားမှန်းမ သိဘူး။ မင်းသား၊ မင်းသမီးနဲ့နိုင်ငံ ရေးပါတီများ မဟာသန္တိသုခကို ၀င်ရှုပ်နေတာဆိုပြီး ဘုန်းကြီး ပြောတယ်လို့ရေးတယ်။ သူ့စိတ် နဲ့သူ ထင်ရာရေးပြီးတော့ ဘုန်း ကြီးကို ဓားစာခံ လုပ်လိုက်တာပဲ။ ဘုန်းကြီး တော်တော်စိတ်မချမ်း မသာ ဖြစ်ရတယ်။ ဒီကောင်လေး ဟာ တစ်ကြိမ်မဟုတ်ဘူး။ အရင် ဒုသမ္မတ ၀ါဆိုသင်္ကန်းလာကပ် တုန်းကလည်း တစ်ကြိမ်လုပ်ကြံ ပြီးရေး ထားတယ်’’ဟု အလိုတော်ပြည့် ဆရာတော်ဘုရားက သံတော်ဆင့်နှင့်ပတ်သက်၍ ဇွန်လ၁၅ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မိန့်ကြားခဲ့ကြောင်း DVB သတင်းဌာနကဖော်ပြသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီယာယီသို့ တိုင်ကြား သော ဆရာတော်၏စာထဲတွင် မဟာသန္တိသုခအရေးနှင့် ပတ်သက်သောရေးသားဖော်ပြမှု များသည် ဆရာတော်က မိန့်ကြားခဲ့ခြင်းမရှိသလို ဆရာတော့်ထံလာရောက် လျှောက်ထားခြင်းလည်း မရှိကြောင်း၊ သံတော်ဆင့်၏ အယ်ဒီတာချုပ် ဒကာကျော်စွာဝင်းသည် ၎င်းစီစဉ်ထုတ်လုပ်ထားသော ကြံ့ခိုင်ရေးစာအုပ်ကို ဆရာတော့်ထံ လာရောက်ဆက်ကပ်စဉ် ၎င်းသဘောနှင့် ဓာတ်ပုံရိုက်ယူသွားပြီး အများအထင်အမြင်လွဲမှားအောင်သတင်းတွင် တွဲစပ်အသုံးပြုထားသည်ဟု ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်ဂျာနယ်အယ် ဒီတာချုပ် ဦးကျော်စွာဝင်းကို ဆက်သွယ်မေးမြန်းသော်လည်း ရုံးအဖွဲ့မှ တာဝန်ခံ အယ်ဒီတာဦးအောင်ထွန်းလင်းနှင့်သာတွေ့ ဆုံမေးမြန်းရန် အကြောင်းပြန်ခဲ့သည်။

ဦးအောင်ထွန်းလင်းက သံ တော်ဆင့်ဂျာနယ်သည် အလို တော်ပြည့်ဆရာတော်သတင်းအ ပါအ၀င် ဖော်ပြသည့်သတင်းများ ကို တိကျမှန်ကန်စွာဖော်ပြခြင်း ဖြစ်ပြီး သတင်းများအတွက်တာဝန် ယူမှု၊တာဝန်ခံမှုရှိကြောင်း၊ ယခု အလိုတော်ပြည့်ဆရာတော်က စာနယ်ဇင်းကောင်စီထံ တိုင်ကြားမှုနှင့် ပတ်သက်၍ နောက် တစ်ပတ်ထွက်မည့်ဂျာနယ်တွင် ပြန်လည်ဖော်ပြ မည်ဖြစ် ကြောင်းပြော ကြားသည်။

‘‘သံတော်ဆင့်က မဟုတ်ဘဲ နဲ့ ဖော်ပြတာမရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အလိုတော် ပြည့်ဆရာတော်ကို သွားရောက် ဆက်သွယ်လျှောက်ထားမှုမရှိပါ ဘူး။ နောက်တစ်ပတ်မှာ ကျွန် တော်တို့ ဒီသတင်းအတွက် ပြန် လည်ဖော်ပြသွားမှာပါ’’ဟု ပြော ကြားသည်။

ထို့အပြင် မြန်မာနိုင်ငံစာ နယ်ဇင်းကောင်စီ(ယာယီ)ကလည်း ဇွန်လ ၁၆ရက်အထိ ၎င်းတို့ထံ လာရောက်အကြောင်းကြားခြင်းမရှိကြောင်း ပြောကြားသည်။

မြန်မာသံတော်ဆင့်ဂျာနယ် ကို ဇွန် ၁၆ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူ အချို့က ခေါ်ယူတွေ့ဆုံခဲ့ပြီးဂျာ နယ်တိုက် ပိတ်သိမ်းခံရခြင်းမှာ လည်း မဟုတ်မှန်ကြောင်း ဦးအောင်ထွန်းလင်းကပြောသည်။

မြန်မာသံတော်ဆင့်ဂျာနယ် သည် သာသနာရေးဝန်ကြီး ဦး ဆန်းဆင့်၏သား ကိုဥက္ကာဆန်း ဆင့် ပိုင်ဆိုင်သည်ဟု ပြောဆိုမှု များ ရှိနေသော်လည်း ဦးဆန်းဆင့် ကမူ ၎င်းနှင့်ပတ်သက်မှုမရှိကြောင်းပြောကြားထားသည်။

လက်ရှိ သံတော်ဆင့်ဂျာနယ် ထုတ်ဝေသူ မောင်ရေစက် ထုတ်ဝေခွင့်လျှောက် ထားစဉ်က ဦးဆန်းဆင့်အနေဖြင့် ထုတ်ဝေခွင့်ပြုသင့် ကြောင်း ထောက်ခံချက် လက်မှတ်ထိုးပေးထားသည်ဟု အစိုးရ အရာရှိကြီး တစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment