Tuesday, June 24, 2014

မြန်မာနိုင်ငံရှိ အထက်တန်းကျောင်းသူကျောင်းသား အယောက် ၂၀၀ အား ငွေကျပ်နှစ်သိန်းတစ်သောင်းစီ ပညာသင်ဆုပေးအပ်မည်

တတိယအကြိမ်မြောက် SCG Sharing The Dream အစီအစဉ်အရ ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံမှ အထက်တန်း ကျောင်းသူ၊ ကျောင်းသား အယောက် ၂၀၀ အားမြန်မာကျပ်ငွေ နှစ်သိန်းတစ်သောင်းစီ ပညာသင်ဆု အနေဖြင့် ပေးအပ် မည်ဖြစ် ကြောင်းသိရသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုနှင့် ကော့မှူး၊ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင်နှင့် ချောင်းဆုံမြို့နယ် များမှ ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်မည်ဖြစ်သည်။ ပညာသင်ဆုကို ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၈ နေ့ထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး ရန်ကုန်နှင့် မွန်ပြည်နယ် တို့တွင် အမြဲတမ်းနေထိုင်သော ကိုးတန်းနှင့် ဆယ်တန်းကျောင်း သား၊ ကျောင်းသူ များလျှောက် ထား နိုင်မည်ဖြစ်သည်။

ပညာသင်ဆုနှင့် ပတ်သက်၍ သိရှိလိုပါက Myanmar Business Executives Association (MBE) ဖုန်း-၅၁၆၆၃၉၊ ၀၉၄၂၀၀၆၉၉၀၂ သို့ဆက်သွယ် မေးမြန်းစုံစမ်း နိုင်မည်ဖြစ်သည်။

Internet Journal

No comments:

Post a Comment