Tuesday, June 24, 2014

မှုခင်းကျူးလွန်သူ သဲလွန်စများကို စစ်ဆေးနိုင်မည့် DNA စက်များ ဝယ်မည်

Photo: မှုခင်းကျူးလွန်သူ သဲလွန်စများကို စစ်ဆေးနိုင်မည့် DNA စက်များ ဝယ်မည်
Tuesday, June 24, 2014

ပြည်တွင်း၌ မှုခင်းဖြစ်စဉ်များ နှစ်စဉ် မြင့်တက်လျက်ရှိပြီး မဖော်ထုတ်နိုင်သေးသည့် မှုခင်းများစွာ ရှိနေဆဲဖြစ်ရာ မှုခင်းဖြစ်ပွားမှု လျော့ကျလာစေရန်အတွက် အခင်းဖြစ်ပွားသည့် ပတ်ဝန်းကျင်ရှိ ကျူးလွန်သူ၏ သဲလွန်စများကို စစ်ဆေးနိုင်ရန်အတွက် DNA စက်များ ဝယ်ယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူသတ်မှုဖြစ်ပွားရာ အခင်းပတ်ဝန်းကျင်တွင် ကျူးလွန်သူ ကျန်ရှိခဲ့သည့် ခန္ဓာကိုယ် အစိတ်အပိုင်းမှ သဲလွန်စများကို စစ်ဆေး၍ ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးမည့် စက်များကို ဥရောပနိုင်ငံများမှ ဝယ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အဲဒီစက်ကို ဝယ်ဖို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးက အရာရှိတွေကို ရွေးချယ်ပြီး သွားရောက် လေ့လာမှာပါ။ စတင်လုပ်ဆောင်ဖို့ အချိန်က လိုသေးတယ်။ စက်တွေ ရောက်လာပြီဆိုရင် သင်တန်းပေးရမယ်။ အဓိကကတော့ မှုခင်းတပ်ဖွဲ့ (CID) နဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု ၎င်းက ထပ်မံရှင်းပြသည်။

DNA စစ်ဆေးသည့် စက်ရောက်ရှိလာပါက ပြစ်မှုကျူးလွန်သူများ၏ Data Base များကို စတင် စုဆောင်းထားမည် ဖြစ်ကာ ပြစ်မှုကျူးလွန်သူများသည် ပြစ်ချက်ဟောင်း ရှိသူများက ကျူးလွန်တတ်ကြကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့တော် မှုခင်းဖြစ်ပွားမှု များပြားသည့် နေရာများတွင် တရုတ်နိုင်ငံ အကူအညီဖြင့် မှုခင်းဖြစ်ပွားမှု စောင့်ကြည့် ကင်မရာများကို သြဂုတ်လတွင် အပြီးသတ် တပ်ဆင်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“အခုလိုမျိုး လုပ်ဆောင်သွားမယ် ဆိုတော့ ကောင်းတာပေါ့။ DNA စစ်ဆေးချက်က တိကျတယ်။ သေဆုံးတဲ့သူက ခုခံလိုက်လိုက်လို့ ကျန်နေခဲ့တဲ့ သွေးစ အသားစလေးတွေကနေ စစ်ဆေးပြီး ခြေရာခံ ဖော်ထုတ်နိုင်တယ်။ DNA စစ်ဆေးချက် တစ်ခုတည်းနဲ့ တရားခံလို့ ပြောလို့ မရပေမယ့် တရားခံ ပေါ်ပေါက်ဖို့အတွက် အများဆုံး အထောက်ကူ ဖြစ်ပါတယ်။ တရားခံကို ညှဉ်းပန်းနှိပ်စက်ပြီးမှ ဖော်ထုတ်နိုင်တာထက် သက်သေခံ အထောက်အထားကို သေချာဆက်စပ်ပြီးမှ ဖော်ထုတ်တာမျိုး၊ ဒီအမှုက အရေးကြီးလို့ အမြန်ဆုံး တွေ့ရာလူကို အတင်းဝန်ခံခိုင်းတာတို့ လုပ်ဆောင်မှုတွေ ပပျောက်သင့်နေပါပြီ။ ငါးလောင်းပြိုင် လူသတ်မှုကိုလည်း ဖော်ထုတ်နိုင်တဲ့ ရဲအရာရှိတွေ မြန်မာပြည်မှာ မရှိတော့ဘူးလား” ဟု မန္တလေးမြို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

ယင်းသို့ DNA စစ်ဆေးသည့် စက်များ ရောက်ရှိလာပါက မှုခင်းဖြစ်ပွားသည့် အခါ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း မန္တလေး မှုခင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
ပြည်တွင်း၌ မှုခင်းဖြစ်စဉ်များ နှစ်စဉ် မြင့်တက်လျက်ရှိပြီး မဖော်ထုတ်နိုင်သေးသည့် မှုခင်းများစွာ ရှိနေဆဲဖြစ် ရာ မှုခင်းဖြစ်ပွားမှု လျော့ကျလာစေရန်အတွက် အခင်းဖြစ်ပွားသည့် ပတ်ဝန်းကျင်ရှိ ကျူးလွန်သူ၏ သဲလွန်စများကို စစ်ဆေးနိုင်ရန်အတွက် DNA စက်များ ဝယ်ယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လူသတ်မှုဖြစ်ပွားရာ အခင်းပတ်ဝန်းကျင်တွင် ကျူးလွန်သူ ကျန်ရှိခဲ့သည့် ခန္ဓာကိုယ် အစိတ်အပိုင်းမှ သဲလွန်စ များကို စစ်ဆေး၍ ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆေး သွား မည်ဖြစ်ပြီး စစ်ဆေးမည့် စက်များကို ဥရောပနိုင်ငံများမှ ဝယ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြော ကြားသည်။

“အဲဒီစက်ကို ဝယ်ဖို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးက အရာရှိတွေကို ရွေးချယ်ပြီး သွားရောက် လေ့လာ မှာပါ။ စတင်လုပ်ဆောင်ဖို့ အချိန်က လိုသေးတယ်။ စက်တွေ ရောက်လာပြီဆိုရင် သင်တန်းပေးရမယ်။ အဓိကကတော့ မှုခင်းတပ်ဖွဲ့ (CID) နဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု ၎င်းက ထပ်မံရှင်းပြ သည်။

DNA စစ်ဆေးသည့် စက်ရောက်ရှိလာပါက ပြစ်မှုကျူးလွန်သူများ၏ Data Base များကို စတင် စုဆောင်း ထားမည် ဖြစ်ကာ ပြစ်မှုကျူးလွန်သူများသည် ပြစ်ချက်ဟောင်း ရှိသူများက ကျူးလွန်တတ်ကြကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့တော် မှုခင်းဖြစ်ပွားမှု များပြားသည့် နေရာများတွင် တရုတ်နိုင်ငံ အကူအညီဖြင့် မှုခင်းဖြစ် ပွားမှု စောင့်ကြည့် ကင်မရာများကို သြဂုတ်လတွင် အပြီးသတ် တပ်ဆင်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“အခုလိုမျိုး လုပ်ဆောင်သွားမယ် ဆိုတော့ ကောင်းတာပေါ့။ DNA စစ်ဆေးချက်က တိကျတယ်။ သေဆုံးတဲ့ သူက ခုခံလိုက်လိုက်လို့ ကျန်နေခဲ့တဲ့ သွေးစ အသားစလေးတွေကနေ စစ်ဆေးပြီး ခြေရာခံ ဖော်ထုတ်နိုင် တယ်။ DNA စစ်ဆေးချက် တစ်ခုတည်းနဲ့ တရားခံလို့ ပြောလို့ မရပေမယ့် တရားခံ ပေါ်ပေါက်ဖို့အတွက် အများဆုံး အထောက်ကူ ဖြစ်ပါတယ်။ တရားခံကို ညှဉ်းပန်းနှိပ်စက်ပြီးမှ ဖော်ထုတ်နိုင်တာထက် သက်သေခံ အထောက်အထားကို သေချာဆက်စပ်ပြီးမှ ဖော်ထုတ်တာမျိုး၊ ဒီအမှုက အရေးကြီးလို့ အမြန်ဆုံး တွေ့ရာလူကို အတင်းဝန်ခံခိုင်းတာတို့ လုပ်ဆောင်မှုတွေ ပပျောက်သင့်နေပါပြီ။ ငါးလောင်းပြိုင် လူသတ်မှုကိုလည်း ဖော်ထုတ်နိုင်တဲ့ ရဲအရာရှိတွေ မြန်မာပြည်မှာ မရှိတော့ဘူးလား” ဟု မန္တလေးမြို့ တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

ယင်းသို့ DNA စစ်ဆေးသည့် စက်များ ရောက်ရှိလာပါက မှုခင်းဖြစ်ပွားသည့် အခါ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း မန္တလေး မှုခင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။

The Voice Weekly

No comments:

Post a Comment