Tuesday, June 3, 2014

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်ကို ၉၀ အမတ်များ ဝေဖန်

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်သည့် လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားပြုမှု၊ ရပ်တည်ချက်နှင့် ဆောင်ရွက်ချက်တို့ကို ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရွေးကောက်ခံ အမတ်ဟောင်းများက ဝေဖန်ပြောဆိုလိုက်သည်။
“၉၀ တုန်းက ကော်မရှင်က တချို့အပိုင်းတွေမှာ အပေါ်က ချုပ်ကိုင်မှုတွေ ရှိတယ်ဆိုပေမယ့် မှန်မှန်ကန် ကန်ရပ်တည်တယ်။ သူတို့သိက္ခာမကျအောင်အတွက် တင်းလည်းမတင်းသလို လျော့လည်းမလျော့ပါဘူး”ဟု ယင်းကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အဖြစ်ရပ်တည်ခဲ့သူ ဦးခင်မောင်ဆွေ (ယခု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ)က ပြောသည်။
လွတ်လပ်မှုနှင့် တရားမျှတမှုကို နိုင်ငံတကာကပါ အသိအမှတ်ပြုခဲ့ရသည့် ၁၉၉၀ ရွေးကောက်ပွဲအား ကြီး ကြပ်ခဲ့သည့် ကော်မရှင်ကို၎င်းတို့က အသိအမှတ်ပြုပြောကြသည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း၊ တပ်မ တော်ပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဥက္ကဋ္ဌ၊ အာဏာရ ပြည် ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်နှင့် တံတားဦးမြို့နယ်အမတ် အဖြစ် တာဝန်ယူဖူးသူ ဦးတင်အေး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဝေဖန်ခြင်းဖြစ်သည်။
“ကော်မရှင်ဆိုတာက ဒိုင်လေ။ အဲဒီ တော့မျှတရမယ်။ ပြတ်သားရမယ်။ အခုလို လုပ်နေတဲ့ပုံစံဆိုရင်တော့ ဘယ်တော့မှ တရားမျှတမှုတွေက ရှိလာမှာမဟုတ်ဘူး။ နောက်တစ်ခုက စစ်တပ်နောက်ခံရယ် ပါတီ နောက်ခံရယ်ကလာတဲ့သူတစ်ယောက်က ဘယ်တော့မှ အရောင်ကင်းမှာ မဟုတ်ဘူး” ဟု သာပေါင်းမဲ ဆန္ဒနယ် အမှတ်(၂) ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ် ဦးသန်းဝင်းက ဆိုသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကော်မရှင်ကို ပြန်တမ်းဝင် အရာရှိကြီးများ၊ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်း ခြင်းဖြစ်ပြီး ဦးကျော်ညွန့်၊ ဦးမောင်၊ ဆရာချယ်၊ ဗိုလ်မှူးကြီးဟောင်း စောကြာဒိုး (ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ စစ်မှုထမ်းဖူးသူ)၊ ဦးဘဌေး စသည့် အများကြည်ညိုလေးစားသည့် ပုဂ်္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့သည်ဟု ၎င်းတို့ကဆိုသည်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဦးတင်အေးကဲ့သို့သော စစ်တပ်၊ အာဏာရပါတီနှင့် နီး စပ်သည့် ပုဂိ္ဂုလ်များဖြင့်ဖွဲ့စည်းထားခြင်းသည် အနာဂတ်ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတ မှုကို ခြိမ်းခြောက်နေသည်ဟု ၎င်းတို့က သုံးသပ်သည်။
“သက်ကြီးဝါရင့် နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ပြန်ပြင်ဖွဲ့သင့်တယ်” ဟု ၁၉၉၀ တွင် ပြင်ဦးလွင်မှဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ဦးပီတာလင်းပင်က ဆိုသည်။
ထို့ပြင် ယခုနှစ်ဆန်းအချိန်၌ပြည်နယ်၊ တိုင်းအသီးသီးရှိ ကော်မရှင်အဖွဲ့ခွဲများကို ဦးဆောင်မည့်သူ ၆၃ဦး၏ နေရာတွင် တပ်မတော်အရာရှိဟောင်းများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစားထိုးခဲ့aသး သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ အရပ်ဘက်ဝန်ကြီးဌာနများမှ ဌာနပြောင်း ရွှေ့တာဝန် ထမ်းဆောင်လိုသူ တစ်ဦးမျှမရရှိခဲ့၍ ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ အဆိုပြုသူများ ကိုသာ ရွေးချယ်ခဲ့ရ သည်ဟု မဇ္ဈိမကို ပြောဖူးသည်။
“ကော်မရှင်က ငါခိုင်းတာလုပ်မယ့် ငါ့တပည့်ဆိုတာတွေကို ရွေးပြီးခန့်လို့မရပါဘူး။ ကော်မရှင် ဆိုတာ ရွေး ကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေအရ ဘတ်လိုက်မှုမရှိ၊ တရားမျှတမှုရှိရှိနဲ့ဆောင်ရွက်ရမယ့် အဖွဲ့ပါပဲ”” ဟု ၁၉၉၀ရွေးကောက်ပွဲတွင် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် အတွက်ရွေးချယ်ခံရဖူး သူဦးနိုင်းနိုင်း က ဆိုသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏ ကော်မရှင်၏ ရပ် တည် မှုနှင့် ဆောင်ရွက်ချက်များကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်တို့က သံသယရှိသည်ဟု ဆိုကြသည်။

ဦးတင်အေးသည် လွှတ်တော်ကိုယ်စား အဖြစ်နုတ်ထွက်ပြီး တစ်ရက်အကြာ၌ပင် သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံရသူဖြစ်သည်။





Mizzima

No comments:

Post a Comment