Tuesday, June 3, 2014

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင် သတိပေးမှု NLD တန်ပြန် ကြေညာချက်ထုတ်

Photo: ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင် သတိပေးမှု NLD တန်ပြန် ကြေညာချက်ထုတ်
Tuesday, June 3, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက် သတိပေးခြင်းမှာ လုံးဝ သင့်လျော်မှု မရှိဟု NLD ပါတီက ဇွန်လ ၂ ရက်နေ့တွင် တန်ပြန် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီက ပြုလုပ်လျက်ရှိသော အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်လွန်သော ဟောပြောမှုများ မပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ထံ သတိပေးစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဖြစ်ပေါ်လာရေးအတွက် ဦးတည်ပြီး ဟောပြောတာကို ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက်ပြောခွင့် မရှိပါဘူး” ဟု NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများကို ကြီးကြပ်ရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်တွင် မပါရှိသော တာဝန်များကို ဆောင်ရွက်ခွင့် မရှိကြောင်း NLD ပါတီ၏ အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ကြေညာချက်သည် ရွေးကောက်ပွဲကော်မရှင်သို့ ဦးတည် ပေးပို့ခြင်း မရှိသောကြောင့် အစည်းအဝေး ပြုလုပ်ပြီးမှသာ မှတ်ချက်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

“ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို အကြောင်းကြားစာ မပို့ဘဲနဲ့ သူတို့ဘာသာ ကြေညာချက် ထုတ်တာပါ။ အဲဒီအပေါ်မှာ မှတ်ချက် မပေးနိုင်ပါဘူး။ ကော်မရှင်က ယခင် သဘောထား အတိုင်းပါပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခြေခံဥပဒေကို လေးစားရန် ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်သည်ဟု တွေ့ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများကို ညွှန်ကြားချက် ထုတ်ပြန် အသိပေးနိုင်သည့် အပြင် ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာ ပါတီကို သုံးနှစ် ဆိုင်းငံ့ထားခြင်းနှင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခြင်းတို့ဖြင့် အရေးယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) အရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိကြောင်းနှင့် ပုဒ်မ ၄၀၆ တွင် နိုင်ငံရေးပါတီ တစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားချက်များနှင့်အညီ ဟောပြော ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အခြေခံဥပဒေကို ဘောင်ကျော်ခြင်း မရှိကြောင်း NLD ပါတီ၏ ကြေညာချက်တွင် ပါရှိသည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် အာဏာနှင့် အထူးအခွင့်အရေးကို မက်မောခြင်းကြောင့် နိုင်ငံရေးလုပ်ခြင်း မဟုတ်ကြောင်း သက်သေပြရန် စိန်ခေါ်ကြောင်း မေလ ၁၈ ရက်နေ့ မန္တလေးမြို့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သည် အခြေခံဥပဒေက ခွင့်ပြုထားသော ဘောင်ကို ကျော်လွန်နေသည် ဆိုသော အချက်ပါရှိသည့် မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သတိပေး ညွှန်ကြားချက် တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီသို့ ပေးပို့ခဲ့သည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ ဥပဒေ ပြင် ဆင်ရေး ဟောပြောမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက် သတိပေးခြင်းမှာ လုံးဝ သင့်လျော်မှု မရှိဟု NLD ပါတီက ဇွန်လ ၂ ရက်နေ့တွင် တန်ပြန် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီက ပြုလုပ်လျက်ရှိသော အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော် လွန်သော ဟောပြောမှုများ မပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်း စုကြည်ထံ သတိပေးစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဖြစ်ပေါ်လာရေးအတွက် ဦးတည်ပြီး ဟောပြောတာကို ရွေးကောက်ပွဲ ကော် မရှင်က ဝင်ရောက်ပြောခွင့် မရှိပါဘူး” ဟု NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြော ကြားသည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများကို ကြီးကြပ်ရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်တွင် မပါရှိသော တာဝန်များကို ဆောင်ရွက်ခွင့် မရှိကြောင်း NLD ပါတီ၏ အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ကြေညာချက်သည် ရွေးကောက်ပွဲကော်မရှင်သို့ ဦးတည် ပေးပို့ခြင်း မရှိသောကြောင့် အစည်းအဝေး ပြုလုပ်ပြီးမှသာ မှတ်ချက်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

“ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို အကြောင်းကြားစာ မပို့ဘဲနဲ့ သူတို့ဘာသာ ကြေညာ ချက် ထုတ်တာပါ။ အဲဒီအပေါ်မှာ မှတ်ချက် မပေးနိုင်ပါဘူး။ ကော်မရှင်က ယခင် သဘောထား အတိုင်းပါပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခြေခံဥပဒေကို လေးစားရန် ပြဋ္ဌာန်း ထားပြီး ဖောက်ဖျက် သည်ဟု တွေ့ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများကို ညွှန်ကြားချက် ထုတ်ပြန် အသိပေးနိုင်သည့် အပြင် ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာ ပါတီကို သုံးနှစ် ဆိုင်းငံ့ထားခြင်းနှင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခြင်းတို့ဖြင့် အရေးယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ထံမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) အရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိကြောင်းနှင့် ပုဒ်မ ၄၀၆ တွင် နိုင်ငံရေးပါတီ တစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားချက်များနှင့်အညီ ဟောပြော ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အခြေခံ ဥပဒေကို ဘောင်ကျော်ခြင်း မရှိကြောင်း NLD ပါတီ၏ ကြေညာချက်တွင် ပါရှိသည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် အာဏာနှင့် အထူးအခွင့်အရေးကို မက်မောခြင်းကြောင့် နိုင်ငံရေး လုပ်ခြင်း မဟုတ်ကြောင်း သက်သေပြရန် စိန်ခေါ်ကြောင်း မေလ ၁၈ ရက်နေ့ မန္တလေးမြို့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သည် အခြေခံဥပဒေက ခွင့်ပြုထားသော ဘောင် ကို ကျော်လွန်နေသည် ဆိုသော အချက်ပါရှိသည့် မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သတိပေး ညွှန်ကြားချက် တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီသို့ ပေးပို့ခဲ့သည်။

The Voice Weekly

No comments:

Post a Comment