Wednesday, June 11, 2014

နယ်သာလန်နိုင်ငံက မြစ်ကြောင်းမှတစ်ဆင့် ရေအားလျှပ်စစ် ထုတ်နည်းပညာကူညီမည်

နယ်သာလန်က မြန်မာနိုင်ငံကို မြစ်ကြောင်းမှတစ်ဆင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်အထိ ကူညီပေးသွားရန် စီစဉ်ထားကြောင်း နယ်သာလန်နိုင်ငံ၊ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ရေးရာ ၀န်ကြီးဌာန၊ ၀န်ကြီး H.E.Ms.M.H.Sthul tz van Haeden-Maas Geesteramus မန္တလေး လာရောက် လေ့လာစဉ် ပြောကြားခဲ့သည်။

နယ်သာလန်သည်မြစ်ကြောင်း ထိန်းသိမ်းခြင်း၊ မြစ်ကြောင်းနှင့် ပတ်သက်သော ဗဟုသုတ များစွာရှိခြင်း ကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးရန် စီစဉ်ခြင်းဖြစ်သည်။
 

“ပင်လယ်ရေမျက်နှာပြင်အောက်မှာ ရှိတဲ့နိုင်ငံဖြစ်သလို မြစ်လေးသွယ် ကလည်း နိုင်ငံအတွင်းမှာ ဖြတ်သန်း စီးဆင်းနေပါတယ်။ ဒါကြောင့် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ ဗဟုသုတ၊ နည်းပညာတွေရှိပါတယ်။ အဲဒါ တွေကိုဝေမျှဖို့လည်း ဒီကိုလာတာဖြစ်ပါတယ်။ မြစ်ကြောင်းကနေ Hydro Power ထုတ်လုပ်ဖို့ အထိကူညီ ပေးမှာ ဖြစ်သလို၊ အဓိကနှစ်နိုင်ငံချစ်ကြည်ရေးအတွက်ပါ” ဟု နယ်သာလန်ဝန်ကြီးကဆိုသည် ၀န်ကြီးခရီး စဉ်အတွင်း လာရောက် လေ့လာရာတွင် ပုဂံ-လောကနန္ဒဘုရား အနီးတွင်ရေကြောင်းနှစ်ကြောင်း ဖြစ်ပေါ်နေသည်ကို ပင်မရေကြောင်းကောင်းမွန်စေရန် ဒုတိယရေကြောင်း ပိတ်ထားပါက ပင်မရေကြောင်းလိုင်း ရေစီးရေလာကောင်းမွန်သွားနိုင်ကြောင်း၊ ဒုတိယရေကြောင်းလိုင်း ပိတ်ခြင်းဖြင့် ရေသိုလှောင်နိုင်ပြီး မြစ်ရေ တင်လုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအတွက် ရှေ့ပြေးစီမံကိန်းအဖြစ် လုပ်ဆောင်သွားရန် သက်ဆိုင်ရာကိုတင်ပြဆောင်ရွက် ထားပြီးဖြစ်ကြောင်း ဆက်လက်ပြောသည်။ 

နယ်သာလန်နိုင်ငံက ဧရာဝတီမြစ်ကြောင်းနှင့် ပတ်သက်၍ ၁၉၈၅ ခုနှစ်မှ စတင်ကာ Royal Haskoning Co.,Ltd မှ လေ့လာမှုများကို ပြုလုပ်ကာ စာတမ်းများကို တင်ပြခဲ့ပြီး ရေကြောင်းရေးဆွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“စီမံချက်ရေးဆွဲလုပ်ဆောင်ရာမှာ အမှားတွေ မရှိအောင်လုပ်ရတာပါ။ အမှားတွေရှိရင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားကို ထိခိုက်နစ်နာစေပါတယ်။ Master Plan ရေးဆွဲလုပ်တာဖြစ်တဲ့အတွက် အကျိုးကျေးဇူးကို နှစ်ရှည်ခံစားရမှာဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။ ဧရာ ၀တီမြစ်ကြောင်းထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံနှင့်နယ်သာလန်တို့အကြား နားလည်မှုစာချွန်လွှာ ထိုးထားပြီး ဖြစ်သည်။

Mizzima

No comments:

Post a Comment