Wednesday, June 11, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်သူများ လေးနက်စွာပါဝင်မှ ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာမည်ဟု ဦးကိုကိုကြီးပြော


ရန်ကုန်၊ ဇွန် ၉ - နောင်ဆွေးနွေးမည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ ဆွေးနွေးပွဲ များတွင် ပြည်သူများ၏ အခန်းကဏ္ဍ လေးလေး နက်နက် ပါဝင်မှသာ ပြည် တွင်းငြိမ်းချမ်းရေးသည် အဓွန့်ရှည် ခိုင်မာမည်ဟု ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးကိုကိုကြီးက ပြောသည်။

ဇွန်၉ရက်က စမ်းချောင်းမြို့နယ် ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်တွင်ကျင်းပသော ကချင်ဒေသ တစ်ကျော့ပြန်စစ် သုံးနှစ်ပြည့်ငြိမ်းချမ်း ရေးခေါ်သံအခမ်းအနားတွင် ကချင် စစ်ပွဲ သုံးနှစ်ပြည့်အမှတ်တရ စကား ပြောကြားစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

''စစ်ပွဲတွေကို ပြည်သူတွေကမစ ခဲ့ပါဘူး။ စစ်ပွဲတွေကို ပြည်သူတွေက မဆုံးဖြတ်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်ရဲ့အနိ ဋ္ဌာရုံကိုခံရ တာတော့ ပြည် သူတွေပါ ပဲ။ အဲဒီပြည်သူတွေရဲ့သဘောဆန္ဒ မပါဘဲနဲ့ စစ်ပွဲတွေဖြစ်လာတယ်။ ဘာ တွေသဘောတူမှန်းမသိဘဲနဲ့ လက် မှတ်တွေရေးထိုးလိုက်တယ်။ ဘာကြောင့် မှန်းမသိဘဲ ပျက်သွားလိုက်ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ဒီတစ်ခေါက် ငြိမ်းချမ်းရေးဖော် ထုတ်ရင် ဖော်ဆောင် တော့မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ အခန်းကဏ္ဍ လေးလေး နက်နက်ပါဝင် နိုင်မှသာ ငြိမ်းချမ်းရေးဟာ ခိုင်မာမယ်။ အဓွန့်ရှည်မယ်လို့ ယုံကြည်တယ်။ မဟုတ်ရင် အပစ်အခတ်ရပ်စဲရေးဟာ ပစ်လိုက်ရပ်လိုက် နဲ့ပဲ နှစ်ပေါင်းများ စွာကြာခဲ့ပြီ''ဟု ဦးကိုကိုကြီးက ဝေ ဖန်ပြောကြားခဲ့သည်။

ထို့ကြောင့် ယခုတစ်ခေါက်ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည် ဆိုပါက ပြည်သူများအနေဖြင့်စောင့် ကြည့်လေ့လာပြီး ပြည်သူ့ အသံဖော် ထုတ်ကာ လေးနက်စွာပါဝင်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းပြောသည်။

ထို့ပြင် ဆက်လက်၍ ပြည်သူများ အခန်းကဏ္ဍပါဝင်ရန် လုပ်ဆောင်ခြင်း နှင့်တစ်ပြိုင်နက် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ဆွေးနွေးမှုများ အား လုံးအား ဥပဒေအရ အခိုင်အမာဖြစ်စေရန်လုပ် ဆောင်ရမည်ဖြစ်ကြောင်း ဥပဒေအရ အခိုင်အမာဖြစ်စေရန်အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခိုင် အခံ့ဖြစ်ရန်လိုအပ်သည့်အတွက် ၎င်း တို့အနေဖြင့် ပုဒ်မ၄၃၆အားပြင်ဆင် ရန် ကြိုးစားဆောင် ရွက်နေခြင်းဖြစ် ကြောင်း ပြောကြား ခဲ့သည်။

ဦးကိုကိုကြီး က ''ပုဒ်မ၄၃၆ပြင်ဖို့ အလေးအနက်ထားပြီး လုပ်နေတာ ဟာ နိုင်ငံသားမဲဆန္ဒရှင် အားလုံးက ပြင်ချင်တယ် ဆိုရင်တောင် ပြင် လို့မရ အောင် ပိတ်ပင်တားဆီးထားတဲ့ဟာ ကိုပြင်ဆင်ပြီးမှသာလျှင် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဒီမို ကရေစီစံချိန်စံနှုန်းနဲ့မညီတဲ့ ပုဒ်မ များကိုဖယ်ရှားနိုင် ဖို့ ပြင်ဆင်နိုင်ဖို့အ တွက်ဖြစ်တယ်။ 

၄၃၆ပြင်ဆင်ရေးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးပွဲတွေ မှာရလာမယ့် ရလဒ်တွေကို ဖွဲ့စည်းပုံ အတိုင်းအခိုင်အမာဖြစ်ဖို့ အတွက် ပထမ ဦးဆုံးခြေ လှမ်းဖြစ် တယ်''ဟု ပြောသည်။

တစ်ကျော့ပြန်ကချင်စစ်ပွဲများ သုံးနှစ်ပြည့်အခမ်းအနားတွင် အဖွဲ့ အစည်းပေါင်း ၁၁ဝကျော်မှလည်း အ စိုးရအနေဖြင့် ယုံကြည်မှု ပျက်ပြားစေ သော မည်သည့် လုပ်ရပ်မျိုးမဆို ရပ် တန့်ပြီး အများပြည်သူလိုလားတောင့် တသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် စစ်မှန်သောဖက်ဒရယ် စနစ်ဆီသို့ ဦးတည်သော အဓိပ္ပာယ် ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးမှုများ ကို အမြန်ဆုံးပြု လုပ်ပေးရန် တောင်း ဆိုခဲ့သည်။ 

SYMZ
[--Democracy today Daily Newspaper--]


Yangon Media Group

No comments:

Post a Comment