Monday, June 23, 2014

ရခိုင်လွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်

လစ်လပ်နေသော ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နေရာ ခန့် အပ်နိုင်ရေး ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတစ် ရပ်ကို ဇွန် ၂၅ ရက်တွင် ကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်များထံ အကြောင်းကြား ထား ကြောင်း ရခိုင်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်မြ ကျော်ကပြောသည်။
ယင်းအရေးပေါ်အစည်းအ ဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် သမ္မတကခန့်အပ်မည် ဟု သတင်းများ ထွက်ပေါ်နေပြီး ရက်ပိုင်းအတွင်းက ပြည်နယ် လွှတ်တော်တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရသည့် ဗိုလ်ချုပ်မောင်မောင်အုန်းအပါအ၀င် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် အသစ် တစ်ဦးတို့သည် တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုရမည်ဟု လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။

‘‘အရေးပေါ်အစည်းအဝေး ခေါ်တယ်ဆိုတော့ ပြည်နယ်ဝန် ကြီးချုပ်ကိစ္စပဲဖြစ်မယ်။ ဗိုလ်ချုပ်  မောင်မောင် အုန်း တို့က တပ်မ တော်သားကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုရမယ်’’ဟု ရခိုင် အမျိုးသားပါတီမှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦး အောင်မြကျော်ကဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ ရန် ဇွန်လ ၂၁ ရက်တွင် လွှတ် တော် ကိုယ်စားလှယ်များထံ အ ကြောင်းကြားထားခြင်းဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ရန် သတင်းများထွက် ပေါ်နေသည့် ဗိုလ်ချုပ်မောင်မောင်အုန်းသည် ယခင်က နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပြီး ဇွန်လ ၁၈ ရက်တွင် စစ်ဘက်မူလတာဝန်များထမ်းဆောင်ရန် နိုင်ငံတော်သမ္မတက အမိန့်အမှတ် ၁၁/ ၂၀၁၄ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၂၀ ရက်တွင် ဗိုလ်ချုပ်မောင် မောင်အုန်းကို ရခိုင်ပြည်နယ် တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်အဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ကြေ ညာချက်ထုတ်ပြန်ခဲ့ သည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကိုမူ ၎င်း၏ မူလ  သဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ထားသည်။

ဗိုလ်ချုပ်မောင်မောင်အုန်း အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်လိုက်ပါက လုပ်ထုံးလုပ်နည်းများ အတိုင်း ဦးစွာ ပြည်နယ်တပ်မတော်သားကိုယ်စား လှယ်အဖြစ် ခန့်အပ်ရမည်လည်း ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်မောင် မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိမ့် မည်ဟု အစိုးရ အဖွဲ့မှ တာဝန်ရှိသူ အချို့နှင့် နီးစပ်သူများက 7 Day Daily သတင်းစာကို ဇွန်လ ၁၉ ရက်က ပြောကြား ထားသည်။

စစ်ဘက်မှ တာဝန်ထမ်း ဆောင်သူတစ်ဦးကို ပြည်နယ်ဝန် ကြီးချုပ်ခန့်အပ်ခြင်းထက် လက် ရှိလွှတ်တော် တွင် ပြည်သူလူထု မှ ရွေးချယ်တင်မြောက်ထားသူ များထဲမှ ရွေးချယ်ကာ ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်သင့် သည်ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ အမျိုး သားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ပြော သည်။ ရခိုင်ပြည်နယ်သည် ၂၀၁၂ခုနှစ်မှစတင်ကာ လူမျိုးရေး၊ ဘာ သာရေးအသွင်ဆောင်သော အ ကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သည်။

နိုင်ငံတော်သမ္မတသည် စစ် ဘက်မှ ပုဂ္ဂိုလ်တစ်ဦးကို ၀န်ကြီး ချုပ်ခန့်အပ်ခြင်း ထက် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ထံမှ ပြည်နယ်အကြောင်းကို သိသူကိုသာခန့်အပ်ရန် သမ္မတအနေဖြင့် စဉ်းစားသင့် သည်ဟု ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြ ကျော်က ဆိုသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသ ကြီး(သို့) ပြည် နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်များထဲမှ သတ်မှတ်ထား သည့် အရည်အချင်းများနှင့် ပြည် စုံသော သင့်လျော် သည့် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်။ ရွေးချယ်ထား သည့် လွှတ်တော်ကိုယ်စား လှယ် ၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့) ပြည်နယ် လွှတ်တော်သို့ပေးပို့လျက် သဘောတူညီချက်ရယူမည်ဟု ပါရှိသည်။

7Day DAILY

No comments:

Post a Comment