Monday, June 9, 2014

ပီအာစနစ် ကျင့်သုံးမည်ကို တိုင်းရင်းသားပါတီအချို့ ကန့်ကွက်

မြန်မာနိုင်ငံတွင် လက်ရှိပြုပြင်ပြောင်းလဲရေးအခြေအနေအရ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲရန် မလိုအပ်သေးဘဲ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနိုင်ရန်နှင့် မြန်မာနိုင်ငံတွင် အဓိက လိုအပ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး၊ တိုင်းရင်းသားများနှင့် တောင့်တနေသည့် ဖက်ဒရယ်ပြည်ထောင် စုထူထောင်ရန်ကြိုးပမ်းနေသည့် ကာလတွင် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲပစ်ရန် မလိုအပ်သေးကြောင်းကို တိုင်းရင်းသားပါတီများက ဇွန်လ ၈ ရက်က မဇ္ဈိမကို ပြောကြားသည်။

ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က “ဒီပီအာစနစ်ကို ကျင့်သုံးမယ်ဆိုရင် ရခိုင်တိုင်းရင်း သားများအတွက် ပြဿနာများစွာဖြစ်လာနိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ပဲဖြစ်ဖြစ်၊ ပါတီ အနေနဲ့ပဲဖြစ်ဖြစ် ကန့် ကွက်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ပီအာစနစ်ကို ကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းတင်ပြစဉ်ကပင် မလိုလားဟုကန့်ကွက်မှုများ ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ပီအာစနစ်သည် မြန်မာပြည်သူလူထုအကြား သိရှိရန်လိုအပ်နေသဖြင့် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု ၏ သဘောဆန္ဒများကို ခံယူရန်လိုသည်ဟု ပြောသည်။ ပီအာစနစ်ကို ဥရောပနိုင်ငံအချို့တွင် ကျင့် သုံးနေခြင်းဖြစ်ပြီး မဲပေးရာတွင် ရှုပ်ထွေးမှုများဖြစ်လာနိုင်သည်ဟု တိုင်းရင်းသားပါတီအချို့က သုံးသပ် ထားသည်။

Mizzima

No comments:

Post a Comment