Monday, June 16, 2014

အကြမ်းဖက်မှုကိုကာကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက်ခြင်း ဟု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်၏ကြေညာချက်ကို ဦးဝီရသူတုံ့ပြန်

Photo: အကြမ်းဖက်မှုကိုကာကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက်ခြင်း ဟု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်၏ကြေညာချက်ကို ဦးဝီရသူတုံ့ပြန်
Monday, June 16, 2014

အကြမ်းဖက်မှုကို ကာ ကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် မညီဟု ဆိုလာပါက ထောက်ပြရန် အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်ဆရာ တော် ဦးဝီရသူက နိုင်ငံ တကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်၏ ကြေ ညာချက်ကို တုံ့ပြန်ပြောဆိုလိုက်သည်။

အမျိုးဘာသာ စောင့်ရှောက်ရေး မှ ဦးဝီရသူက ''ရဟန်းရှင်လူ ပြည်သူလူထု ရဲ့ လိုလားတောင်းဆိုတာကို ခုလိုဖိနှိပ်ချုပ် ချယ်တယ်လို့ ပြောဆိုခွင့်မရှိသလို လူ့အ ခွင့်အရေးနဲ့မညီဘူးဆိုရင် ထုတ်ပြပါ။ လူ့ အခွင့်အရေးနဲ့ညီအောင် လုပ်ပေး ပါလို့ ပြော ချင်တယ်။ ဒီဥပဒေကြောင့် အကြမ်းဖက်မှု ဖြစ်မယ်ဆိုတာကို လက်မခံပါဘူး။ ဘာသာ ရေးအကြမ်းဖက်မှုတွေမဖြစ်အောင် ခုလို လုပ်ဆောင်တာပါ''ဟု ဖလားဝါးနယူးစ်ဂျာ နယ်သို့ မိန့်ကြားသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံ တကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ ကော်မရှင်၏ ဇွန် ၁၂ ရက်က ထုတ်ပြန် သည့်ကြေညာချက်တွင် မြန်မာ အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း သည် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက် ပြီး လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ဖြစ် လာနိုင်ကြောင်း ဖော်ပြ ပါ ရှိသည်။

အဆိုပါကြေညာချက်တွင် မြန် မာနိုင်ငံ၌ ရေးဆွဲနေသည့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း သည် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်အ ပါအဝင်၊ ခရစ်ယာန်နှင့် အခြားလူနည်းစု ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံခံရ မှုနှင့် အကြမ်းဖက်မှုများကို ဦးတည်စေကြောင်း နှင့် အမေရိကန်အစိုးရ အနေဖြင့် မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင်လည်း အဆိုပါအ ချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖော်ပြပါရှိ သည်။
မြန်မာအစိုးရက မေ ၂၇ ရက် တွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေမူကြမ်းကို ထုတ်ပြန်ထားပြီး ဘာသာကူးပြောင်းလိုသူများ အနေဖြင့် အ စိုးရမှဖွဲ့စည်းထားသည့် စိစစ်ရေးအဖွဲ့ကို တင်ပြရမည်ဖြစ်ကာ မိမိတို့၏ကိုးကွယ် ယုံ ကြည်မှုအတွက် အစိုးရက ဝင်ရောက်ဆုံး ဖြတ်သူနေရာတွင် ရောက်ရှိနေကြောင်း အ ဆိုပါကြေညာချက်အရ သိရသည်။

ဇွန် ၁၂ ရက်က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက် မြန်မာပြည်)က အမျိုးစောင့်ဥပဒေကို ကန့် ကွက်နေသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့် တစ်မျိုးသားလုံး ၏ အကျိုးစီးပွားအတွက် လူ့အခွင့်အရေး နှင့်ညီညွတ်စေရန် အပြုသဘောဆောင် ပူး ပေါင်းပါဝင်ကြရန် ကြေညာချက် ထုတ်ပြန် ထားသည်။
မျိုးစောင့်ဥပဒေနှင့် ပတ်သက် ၍ နေပြည်တော်လွှတ်တော်အတွင်းရှိ တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီရုံးတွင် ဇွန် ၁၁ ရက်က ကော် မတီမှ တာဝန်ရှိသူများနှင့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန် ကန့်ကွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး သဘော ထား၊ အကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးမှုများ လည်း ရှိခဲ့ကြောင်း သိရသည်။

Yangon Media Group 
အကြမ်းဖက်မှုကို ကာ ကွယ်ရန် မျိုးစောင့်ဥပဒေကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် မညီဟု ဆိုလာပါက ထောက်ပြရန် အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်ဆရာ တော် ဦးဝီရသူက နိုင်ငံ တကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်၏ ကြေ ညာချက်ကို တုံ့ပြန်ပြောဆိုလိုက်သည်။

အမျိုးဘာသာ စောင့်ရှောက်ရေး မှ ဦးဝီရသူက ''ရဟန်းရှင်လူ ပြည်သူလူထု ရဲ့ လိုလားတောင်းဆိုတာကို ခုလိုဖိနှိပ်ချုပ် ချယ်တယ်လို့ ပြောဆိုခွင့်မရှိသလို လူ့အ ခွင့်အရေးနဲ့မညီဘူးဆိုရင် ထုတ်ပြပါ။ လူ့ အခွင့်အရေးနဲ့ညီအောင် လုပ်ပေး ပါလို့ ပြော ချင်တယ်။ ဒီဥပဒေကြောင့် အကြမ်းဖက်မှု ဖြစ်မယ်ဆိုတာကို လက်မခံပါဘူး။ ဘာသာ ရေးအကြမ်းဖက်မှုတွေမဖြစ်အောင် ခုလို လုပ်ဆောင်တာပါ''ဟု ဖလားဝါးနယူးစ် ဂျာ နယ်သို့ မိန့်ကြားသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံ တကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ ကော်မရှင်၏ ဇွန် ၁၂ ရက်က ထုတ်ပြန် သည့်ကြေညာချက်တွင် မြန်မာ အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း သည် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက် ပြီး လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ဖြစ် လာနိုင်ကြောင်း ဖော်ပြ ပါ ရှိသည်။

အဆိုပါကြေညာချက်တွင် မြန် မာနိုင်ငံ၌ ရေးဆွဲနေသည့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း သည် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်အ ပါအဝင်၊ ခရစ်ယာန်နှင့် အခြားလူနည်းစု ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံခံရ မှုနှင့် အကြမ်းဖက်မှုများကို ဦးတည်စေကြောင်း နှင့် အမေရိကန်အစိုးရ အနေဖြင့် မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင်လည်း အဆိုပါအ ချက်ကို ထည့်သွင်းစဉ်းစား သင့်ကြောင်း ဖော်ပြပါရှိ သည်။
မြန်မာအစိုးရက မေ ၂၇ ရက် တွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေမူကြမ်းကို ထုတ်ပြန်ထားပြီး ဘာသာကူးပြောင်းလိုသူများ အနေဖြင့် အ စိုးရမှဖွဲ့စည်းထားသည့် စိစစ်ရေးအဖွဲ့ကို တင်ပြရမည်ဖြစ်ကာ မိမိတို့၏ကိုးကွယ် ယုံ ကြည်မှုအတွက် အစိုးရက ဝင်ရောက်ဆုံး ဖြတ်သူနေရာ တွင် ရောက်ရှိနေကြောင်း အ ဆိုပါကြေညာချက်အရ သိရသည်။

ဇွန် ၁၂ ရက်က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက် မြန်မာပြည်)က အမျိုးစောင့်ဥပဒေကို ကန့် ကွက်နေသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့် တစ်မျိုးသားလုံး ၏ အကျိုးစီးပွားအတွက် လူ့အခွင့်အရေး နှင့်ညီညွတ်စေရန် အပြုသဘောဆောင် ပူး ပေါင်းပါဝင်ကြရန် ကြေညာချက် ထုတ်ပြန် ထားသည်။
မျိုးစောင့်ဥပဒေနှင့် ပတ်သက် ၍ နေပြည်တော်လွှတ်တော်အတွင်းရှိ တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီရုံးတွင် ဇွန် ၁၁ ရက်က ကော် မတီမှ တာဝန်ရှိသူများနှင့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန် ကန့်ကွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး သဘော ထား၊ အကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးမှုများ လည်း ရှိခဲ့ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment