Monday, June 9, 2014

အုတ်ဖိုမြို့နယ်တွင် မိုးကြိုးပစ်၍ လူတစ်ဦးနှင့် နွားတစ်ကောင်သေဆုံး

ပဲခူးတိုင်းဒေသကြီး အုတ် ဖိုမြို့နယ်၌ ဇွန်လ ၈ ရက်ညနေ က မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ လူတစ်ဦးနှင့် နွား တစ်ကောင် သေဆုံးခဲ့ကြောင်း အုတ်ဖိုမြို့နယ် ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ဇွန်လ ၈ ရက် ညနေ ၃ နာရီ ခန့်က အုတ်ဖိုမြို့နယ် အိုးသည် ကုန်းကျေးရွာတွင် နေထိုင်သူတစ်ဦးသည် ၎င်းစာရင်းငှားအဖြစ် လုပ်ကိုင်နေသော လယ်ကွက် တွင် ပျိုးထောင်နေစဉ် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခဲ့ ရာ ယင်းနေရာ၌ပင် သေဆုံးသွား ခဲ့သည်။

‘‘မိုးကြိုးပစ်ခံရတဲ့လူရဲ့ အင်္ကျီတွေ စုတ်ပြဲကုန်တယ်။ လည်ပင်းမှာတော့ အရေပြားပွန်းပဲ့ဒဏ်ရာတစ်ခု တွေ့ ရတယ်’’ ဟု အုတ်ဖိုမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိုးကြိုးပစ်သည့် ဖြစ်စဉ်ကြောင့် ယင်းနေရာအနီး တွင်ရှိသော နွားတစ်ကောင်လည်း သေဆုံး ခဲ့ကြောင်း သတင်းရရှိ သည်။ ယခုနှစ်အတွင်း ဧပြီ ၉ ရက် မှ မေလ ၂၄ ရက်အထိ နိုင်ငံတစ်ဝန်း မိုးကြိုးကြောင့် သေဆုံးသူမှာ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ ဦးခန့် ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။

7Day Daily

No comments:

Post a Comment