Saturday, June 7, 2014

ပြင်ပဆေးရုံမှ သူနာပြုကို ပါးရိုက်သည့်ဆရာဝန် ကန်တော့ပွဲဖြင့် တောင်းပန်ရ

ဆွေမျိုးသားချင်းကျန်း မာရေးကိစ္စအတွက် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ရောက်ရှိလာ သည့် ဌာန ဆိုင်ရာဝန်ထမ်း လက် ထောက်ဆရာဝန်အမျိုးသမီးက ယင်းဆေးရုံရှိ သူနာပြုဆရာမတစ် ဦးကို ပါးရိုက်ခဲ့သဖြင့် ကန်တော့ ပွဲဖြင့် တောင်းပန်ခဲ့ရကြောင်း သ တင်းရရှိသည်။
မေလ ၂၉ ရက်က နန်း တော်ဆေးရုံ ပြင်ပလူနာစမ်း သပ်ခန်းတွင် မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန် အမျိုးသ မီးတစ်ဦးသည် ၎င်း၏ ဦးလေးဖြစ် သူ ကျန်းမာရေးစစ်ဆေးရန် အ တွက် ရောက်ရှိနေသည်။ ထိုဆ ရာဝန်အမျိုးသမီးသည် တံခါးဝ တွင် ရပ်နေပြီး ဆေးရုံမှ သူနာပြု ဆရာမတစ်ဦးက အခန်းအတွင်းသို့ဝင်ရန် တံခါးကို တွန်းဖွင့် လိုက်ရာ အခန်းအတွင်းရှိ ဆရာ
ဝန်အမျိုးသမီးကို ထိမိခဲ့သဖြင့် သူနာပြုဆရာမက တောင်းပန် သော်လည်း ကျေနပ်ခြင်းမရှိဘဲ ဖြစ်ပွားပြီး မိနစ်အနည်းငယ် အကြာတွင် သူနာပြုဆရာမရှိရာသို့ သွားကာ ပါးရိုက်ခဲ့ ခြင်းဖြစ်သည်။ ပါးရိုက်ပြီးနောက် မိမိမှာ မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန် တစ်ဦးဖြစ် သည်ဟု ပြောဆို ခဲ့သည်ဟု နန်းတော်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းဝင်းကပြောသည်။
ထိုဖြစ်စဉ်ကြောင့် နှစ်ဦးနှစ် ဖက် အပြန်အလှန်တရားစွဲဆိုရန် စီစဉ်ခဲ့ကြသော်လည်း နှစ်ဖက် မိခင်များ ညှိနှိုင်းမှုကြောင့် ပါးရိုက် သော လက်ထောက်ဆရာဝန်က ဇွန်လ ၅ ရက်တွင် ရိုးရာအုန်းပွဲ ငှက်ပျောပွဲများဖြင့် တောင်းပန်ခဲ့ ပြီး လူသိများသည့် သတင်းစာများ တွင်လည်း ကြော်ငြာ ထည့်သွင်းတောင်းပန်မည်ဟု သိရကြောင်း ဒေါက်တာသန်းဝင်း က ပြောကြားသည်။ အဆိုပါ ပြဿနာမှာ လုပ် ငန်းခွင်ပြဿနာမဟုတ်ဘဲ ဧည့် သည်နှင့် တာဝန်ကျဝန်ထမ်းဖြစ် ပွားသည့် ပြဿနာတစ်ခု သာဖြစ် ကြောင်း ဒေါက်တာသန်းဝင်းက ပြောသည်။
‘‘သူ့ရဲ့ အပြုအမူဟာ ဆရာ ၀န်အားလုံးရဲ့ အပြုအမူကို ကိုယ် စားပြုတာလည်း မဟုတ်ဘူး။ ဒါ ပေမဲ့ ဆရာဝန်နာမည်ပျက်ကိန်း တော့ လုပ်သွားတာ’’ ဟု ဒေါက် တာသန်းဝင်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မန္တလေးပြည်သူ့ဆေးရုံ ကြီးသို့ ဆက်သွယ်မေးမြန်းရာ ဆေးနှင့် လူမှုဆက်ဆံရေး အရာ ရှိ ဦးမင်းလွင်က ‘‘ကြားတော့ ကြားပါတယ်။ ဂဃနဏတော့ မသိပါဘူး။ ဆရာဝန်မှာလည်း ဆ ရာဝန်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်ရှိ တာပဲ။ အပြန်အလှန်လေးစားမှု နဲ့ လုပ်မယ်ဆိုရင် အကောင်းဆုံး ပါပဲ’’ ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ ကာယကံ ရှင် ဆရာဝန်နှင့် သူနာပြုဆရာမ အား ဆက်သွယ်မေးမြန်းရန် ကြိုး စားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

7 Day Daily

No comments:

Post a Comment