Saturday, June 28, 2014

ထိုင်းတွင် ၂၀၁၅ အောက်တိုဘာ ဝန်းကျင်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်း စစ်အာဏာ သိမ်း ခေါင်းဆောင်ပြော

Photo: ထိုင်းတွင် ၂၀၁၅ အောက်တိုဘာ ဝန်းကျင်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်ပြော
Saturday, June 28, 2014 

ထိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်သို့ ပြန်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာ ဝန်းကျင်ရောက်မှသာ ပြုလုပ်ပေးမည်ဟု ဆိုခဲ့သည်။

ကြားဖြတ်ကာလ အခြေခံဥပဒေ တစ်ရပ်ကို နောက်လထဲတွင် ပြဋ္ဌာန်းမည် ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက်တွင် နောက်နှစ်ရွေးကောက်ပွဲကာလအထိ တိုင်အောင် ယာယီကက်ဘိနက် ဝန်ကြီးအဖွဲ့က ထိုင်းနိုင်ငံကို အုပ်ချုပ် သွားလိမ့်မည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် စစ်တပ်က မေလ ၂၂ ရက်က အာဏာ သိမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဆူပူအုံကြွမှုများ လပေါင်းများစွာ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံအား ပြန်လည် တည်ငြိမ်လာစေလိုသောကြောင့် အာဏာသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က အကြောင်းပြခဲ့သည်။

ထိုအချိန်မှစ၍ ထိုင်းနိုင်ငံအား ‘ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီ (NCPO)’ ဟု ခေါ်သော ထိုင်းစစ်အစိုးရက အုပ်ချုပ်နေခြင်း ဖြစ်သည်။

ခန့်အပ် တာဝန်ပေးထားသော အဖွဲ့တစ်ဖွဲ့က ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲမည် ဖြစ်ပြီး၊ လာမည့် ထိုင်းရွေးကောက်ပွဲကို ထိုအခြေခံဥပဒေသစ် အောက်တွင် ကျင်းပမည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့သည်။

Mizzima - News in Burmese
ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha)က ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်သို့ ပြန်သွား မည် ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာ ဝန်းကျင်ရောက်မှသာ ပြုလုပ်ပေးမည်ဟု ဆိုခဲ့သည်။
ကြားဖြတ်ကာလ အခြေခံဥပဒေ တစ်ရပ်ကို နောက်လထဲတွင် ပြဋ္ဌာန်းမည် ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြော ကြားခဲ့သည်။

ထို့နောက်တွင် နောက်နှစ်ရွေးကောက်ပွဲကာလအထိ တိုင်အောင် ယာယီကက်ဘိနက် ဝန်ကြီးအဖွဲ့က ထိုင်းနိုင်ငံကို အုပ်ချုပ် သွားလိမ့်မည် ဖြစ် သည်။

ထိုင်းနိုင်ငံတွင် စစ်တပ်က မေလ ၂၂ ရက်က အာဏာ သိမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဆူပူအုံကြွမှုများ လပေါင်းများစွာ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံ အား ပြန်လည် တည်ငြိမ်လာစေလိုသောကြောင့် အာဏာသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က အကြောင်းပြခဲ့သည်။

ထိုအချိန်မှစ၍ ထိုင်းနိုင်ငံအား ‘ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီ (NCPO)’ ဟု ခေါ်သော ထိုင်းစစ်အစိုးရက အုပ်ချုပ်ေ နခြင်း ဖြစ်သည်။

ခန့်အပ် တာဝန်ပေးထားသော အဖွဲ့တစ်ဖွဲ့က ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲမည် ဖြစ်ပြီး၊ လာမည့် ထိုင်းရွေးကောက်ပွဲကို ထိုအခြေခံဥပဒေသစ် အောက်တွင် ကျင်းပမည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment