Tuesday, June 24, 2014

မြဝတီတွင် လက်နက်ကိုင်ဆောင်သူများ တွေ့ပါက သတင်းပေးတိုင်ကြား နိုင်ကြောင်း မြို့လူထုကို အသိပေးထား

မြဝတီ၊ ဇွန် ၂၃- ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရပ်ကွက်များအတွင်း လက်နက် ကိုင်ဆောင်သွားလာနေသူများအား တွေ့ရှိပါက အမှတ် (၂၄) ခြေလျင် တပ်ရင်း မြဝတီမြို့ ရှေ့တန်းစခန်းသို့ သတင်းပေးတိုင်ကြား နိုင်ရန် သက်ဆိုင်ရာ က မြို့ခံလူထုအား အသိပေး ထားကြောင်း သိရ သည်၊၊''တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးနဲ့ မြဝတီမြို့နေလူထု များ အထိတ် တလန့်ဖြစ်စေခြင်းများမှ ကာကွယ်ပေးခြင်း လုပ်ငန်းများရဲ့ တစ်စိတ် တစ်ပိုင်းဖြစ် တဲ့ လက်နက်များကိုင်နေတာတွေ၊ လောင်းကစား လုပ်ငန်းများ လုပ်ဆောင်နေ တာတွေ၊ မူးယစ်ဆေးဝါးများ ရောင်း ချနေ တာ တွေ မြေယာတွေ သိမ်း ဆည်း ပြီးတော့ မြို့ခံလူထုကို အနိုင်ကျင့်တာတွေ ကို တစ်စိုက် မတ်မတ် ဆောင် ရွက်နေ တဲ့ အမည်ခံအဖွဲ့အစည်းတွေရှိ တယ်။ အဲဒါတွေကို စဉ်ဆက်မပြတ် လိုက်လံနှိမ်း နင်းနေတယ်။
မြဝတီမြို့ နေပြည်သူများအနေနဲ့လဲ တပ်မတော်၊ နယ်ခြားစောင့်တပ် မြို့ဒေသ အာဏာ ပိုင်များနှင့်အတူ လက်တွဲဆောင် ရွက်ပေးကြပါလို့ တိုက်တွန်းချင်တယ်'' ဟု မြဝတီမြို့ နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊
ယခုရက်ပိုင်းအတွင်း မြဝတီမြို့နယ် ကျေးရွာတချို့တွင် လက်နက် ခဲယမ်းများ တရား မဝင် ကိုင်ဆောင်နေသူများကို ဖမ်းဆီးရမိမှု များရှိနေ ပြီး မြဝတီမြို့ပေါ် တွင် တရားမဝင်လက်နက်ကိုင်ဆောင်မှုများလည်း ရှိနေ ကြောင်း သိရသည်၊၊
''မြို့ပေါ်မှာ လက် နက် ကိုင်ပြီး ဟန်ရေးပြသွားနေတဲ့သူတွေရှိတယ်။ ဒါကို သက်ဆိုင် ရာ အာဏာပိုင်တွေက ထိထိရောက်ရောက် ဖမ်းဆီး အရေးယူဆောင် ရွက်ပေးဖို့လိုတယ်။ တရားဥပဒေစိုးမိုးမှ ပြည်သူတွေ အေးအေး ချမ်းချမ်းနေနိုင် မှာ ပါ''ဟု ဒေသခံတစ်ဦးက ပြောသည်၊၊
Yangon Media Group

No comments:

Post a Comment