Thursday, June 5, 2014

တစ်နိုင်ငံလုံး ဇွန်လ ၈ ရက်နောက်ပိုင်း အချိန်ပိုင်းသာ လျှပ်စစ်မီး ပေးနိုင်မည်

Photo: တစ်နိုင်ငံလုံး ဇွန်လ ၈ ရက်နောက်ပိုင်း အချိန်ပိုင်းသာ လျှပ်စစ်မီး ပေးနိုင်မည်
Thursday, June 5, 2014

မန္တလေးတိုင်းဒေသကြီး ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတွင် သတ်မှတ်သည့် ရေပမာဏ မရရှိသဖြင့် တစ်နိုင်ငံလုံးအတွက် ငါးရက်သာ လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသောကြောင့် ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း၌ တစ်နိုင်ငံလုံးသို့ အချိန်ပိုင်းသာ လျှပ်စစ်မီး ပေးနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ရဲရွာ လျှပ်စစ်စက်ရုံသည် ကမ္ဘာ့အကြီးဆုံး ရေလှောင်တမံ အမျိုးအစားတွင် ပါဝင်ပြီး မြန်မာတစ်နိုင်ငံလုံးသို့ မဟာဓာတ်အားလိုင်းများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည်။

မြစ်ရေဖြင့် လည်ပတ်နေသော ရွှေလီရေအားလျှပ်စစ် လုပ်ငန်းသည် ထုတ်လုပ်မှု ကျဆင်းနေသဖြင့် ရဲရွာရေအား လျှပ်စစ်လုပ်ငန်းမှ ပေးပို့နေရကာ မိုးရာသီ မိုးရွာသွန်းမှု နောက်ကျပြီး အပူချိန် မြင့်မားလာခြင်းကြောင့် ဒုဋ္ဌဝတီ မြစ်အတွင်းသို့ ရေဝင်ရောက်မှု နည်းပါးလာပြီး ယင်းမြစ်ကို ဆည်လုပ်ပြီး ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ် စက်ရုံသို့ သတ်မှတ်သည့် ရေပမာဏ မရရှိသဖြင့် ယင်းအခြေအနေ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။
“စက်ရုံတွေနဲ့ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်မယ်” ဟု ဝန်ကြီးကဆိုသည်။

ယင်းသို့ ရဲရွာမှ လျှပ်စစ်ဓာတ်အား အပြည့်အဝ မရရှိနိုင်ပါက ပြည်သူသို့ လျှပ်စစ်မီး အပြည့်အဝ ပေးနိုင်ရေး အခြေအနေနှင့် စက်မှုဇုန်များသို့ အလှည့်ကျပေးမည့် အစီအစဉ်များကို ပြည်သူနှင့် မီဒီယာများသို့ ကြိုတင် တင်ပြမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒီနှစ်က မုတ်သုံ အဝင် နောက်ကျတဲ့အတွက် ရဲရွာစက်ရုံမှာ ရေနည်းသွားတာပါ။ ပြီးတော့ ဒီနှစ်အတွင်း တစ်နိုင်ငံလုံး မီးအားသုံးစွဲမှုကလည်း အရင်နှစ်ကထက် ပိုမြင့်လာတယ်” ဟု ၎င်းကဆိုသည်။

ရဲရွာစက်ရုံ၏ အမြင့်ဆုံး ရှိရမည့် ရေအမှတ်မှာ ၁၅၅ မီတာရှိပြီး မီးအားသုံးစွဲမှု မြင့်တက်သဖြင့် ၁၄၈ မီတာထိ နိမ့်ဆင်းသွားကာ လက်ရှိတွင် ရေမီတာ ၇ မီတာသာ ရှိတော့သဖြင့် ငါးရက်သာ မီးပေးနိုင်မည့် အခြေအနေ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့ပေါ်ရှိ စက်မှုလက်မှုလုပ်ငန်း အများစု လည်ပတ်နေသည့် မန္တလေးစက်မှုဇုန်သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီး အလှည့်ကျ မီးပေးမည့် အစီအစဉ်များကို ဇွန်လ ၄ ရက်နေ့အထိ သက်ဆိုင်ရာ အစိုးရဌာနများက အကြောင်းကြားလာခြင်း မရှိသေးကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

“လျှပ်စစ်မီးတွေကတော့ အခုတလော ခဏခဏ ပျက်နေတာပဲ။ ဒါပေမဲ့ သိပ်မကြာပါဘူး” ဟု မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဒေသခံ ပညာရေးဝန်ထမ်း အငြိမ်းစားဆရာမ ဒေါ်ခင်အေးက ဆိုသည်။

လျှပ်စစ်မီး ပေးနိုင်မည့် အခြေအနေနှင့် စက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု အခြေအနေများကို ပြည်သူများသို့ ပွင့်ပွင့်လင်းလင်း ချပြသင့်ကာ ရေအားလျှပ်စစ်ဖြင့် မီးပေးနိုင်မည့် အခြေအနေ မရှိလျှင် အခြားသော နည်းလမ်းများကို ရှာထားရန် လိုကြောင်း မန္တလေးမြို့ပေါ်ရှိ နိုင်ငံရေးပါတီ တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာနိုင်ငံတောင်ပိုင်း ဒေသသို့ မုတ်သုံဝင်ရောက်ချိန် နောက်ကျသဖြင့် မန္တလေးတိုင်းဒေသကြီးတွင် မိုးဦးကာလ၌ ရွာသွန်းမြဲ အခြေအနေအောက် လျော့ကာ မိုးရွာသွန်းရက် လျော့နည်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဓာတ်အား လိုအပ်ချက်မှာ ၁၃၅၀ မဂ္ဂါဝပ်ရှိပြီး ၂၀၃၀ ခုနှစ်တွင် မဂ္ဂါဝပ် ၁၀၀၀ ကျော် ရရှိရန် စီမံကိန်းများ ဆောင်ရွက်နေကာ မန္တလေးတိုင်းဒေသကြီး အတွင်း ရဲရွာရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၀ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။

မန္တလေးခရိုင် အတွင်း၌ လက်ရှိနှစ် မတ်လတွင် မီးသုံးစွဲမှုမှာ ၁၉၀ မဂ္ဂါဝပ်မှ ဇွန် ၃ ရက်ထိ မီးသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၀ ရှိကြောင်း၊ ရဲရွာ လျှပ်စစ်စက်ရုံမှ ရေအား အပြည့်ဖြင့် လည်ပတ်နေချိန်တွင် မဟာဓာတ်အားလိုင်းသို့ ၃၄၀ မဂ္ဂါဝပ် ပေးပို့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတွင် သတ်မှတ်သည့် ရေပမာဏ မရရှိသဖြင့် တစ်နိုင်ငံလုံးအတွက် ငါးရက်သာ လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသောကြောင့် ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း၌ တစ်နိုင်ငံလုံးသို့ အချိန်ပိုင်းသာ လျှပ်စစ်မီး ပေးနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ရဲရွာ လျှပ်စစ်စက်ရုံသည် ကမ္ဘာ့အကြီးဆုံး ရေလှောင်တမံ အမျိုးအစားတွင် ပါဝင်ပြီး မြန်မာတစ်နိုင်ငံလုံးသို့ မဟာဓာတ်အားလိုင်းများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည်။

မြစ်ရေဖြင့် လည်ပတ်နေသော ရွှေလီရေအားလျှပ်စစ် လုပ်ငန်းသည် ထုတ်လုပ်မှု ကျဆင်းနေသဖြင့် ရဲရွာရေအား လျှပ်စစ်လုပ်ငန်းမှ ပေးပို့နေရကာ မိုးရာသီ မိုးရွာသွန်းမှု နောက်ကျပြီး အပူချိန် မြင့်မားလာခြင်းကြောင့် ဒုဋ္ဌဝတီ မြစ်အတွင်းသို့ ရေဝင်ရောက်မှု နည်းပါးလာပြီး ယင်းမြစ်ကို ဆည်လုပ်ပြီး ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ် စက်ရုံသို့ သတ်မှတ်သည့် ရေပမာဏ မရရှိသဖြင့် ယင်းအခြေအနေ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။
“စက်ရုံတွေနဲ့ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်မယ်” ဟု ဝန်ကြီးကဆိုသည်။

ယင်းသို့ ရဲရွာမှ လျှပ်စစ်ဓာတ်အား အပြည့်အဝ မရရှိနိုင်ပါက ပြည်သူသို့ လျှပ်စစ်မီး အပြည့်အဝ ပေးနိုင်ရေး အခြေအနေနှင့် စက်မှုဇုန်များသို့ အလှည့်ကျပေးမည့် အစီအစဉ်များကို ပြည်သူနှင့် မီဒီယာများသို့ ကြိုတင် တင်ပြမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒီနှစ်က မုတ်သုံ အဝင် နောက်ကျတဲ့အတွက် ရဲရွာစက်ရုံမှာ ရေနည်းသွားတာပါ။ ပြီးတော့ ဒီနှစ်အတွင်း တစ်နိုင်ငံလုံး မီးအားသုံးစွဲမှုကလည်း အရင်နှစ်ကထက် ပိုမြင့်လာတယ်” ဟု ၎င်းကဆိုသည်။

ရဲရွာစက်ရုံ၏ အမြင့်ဆုံး ရှိရမည့် ရေအမှတ်မှာ ၁၅၅ မီတာရှိပြီး မီးအားသုံးစွဲမှု မြင့်တက်သဖြင့် ၁၄၈ မီတာထိ နိမ့်ဆင်းသွားကာ လက်ရှိတွင် ရေမီတာ ၇ မီတာသာ ရှိတော့သဖြင့် ငါးရက်သာ မီးပေးနိုင်မည့် အခြေအနေ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့ပေါ်ရှိ စက်မှုလက်မှုလုပ်ငန်း အများစု လည်ပတ်နေသည့် မန္တလေးစက်မှုဇုန်သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီး အလှည့်ကျ မီးပေးမည့် အစီအစဉ်များကို ဇွန်လ ၄ ရက်နေ့အထိ သက်ဆိုင်ရာ အစိုးရဌာနများက အကြောင်းကြားလာခြင်း မရှိသေးကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

“လျှပ်စစ်မီးတွေကတော့ အခုတလော ခဏခဏ ပျက်နေတာပဲ။ ဒါပေမဲ့ သိပ်မကြာပါဘူး” ဟု မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဒေသခံ ပညာရေးဝန်ထမ်း အငြိမ်းစားဆရာမ ဒေါ်ခင်အေး က ဆိုသည်။

လျှပ်စစ်မီး ပေးနိုင်မည့် အခြေအနေနှင့် စက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု အခြေအနေများကို ပြည်သူ များသို့ ပွင့်ပွင့်လင်းလင်း ချပြသင့်ကာ ရေအားလျှပ်စစ်ဖြင့် မီးပေးနိုင်မည့် အခြေအနေ မရှိလျှင် အခြားသော နည်းလမ်းများကို ရှာထားရန် လိုကြောင်း မန္တလေးမြို့ပေါ်ရှိ နိုင်ငံရေးပါတီ တာဝန်ရှိသူများက ပြော ကြားသည်။

မြန်မာနိုင်ငံတောင်ပိုင်း ဒေသသို့ မုတ်သုံဝင်ရောက်ချိန် နောက်ကျသဖြင့် မန္တလေးတိုင်းဒေသကြီးတွင် မိုးဦးကာလ၌ ရွာသွန်းမြဲ အခြေအနေအောက် လျော့ကာ မိုးရွာသွန်းရက် လျော့နည်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဓာတ်အား လိုအပ်ချက်မှာ ၁၃၅၀ မဂ္ဂါဝပ်ရှိပြီး ၂၀၃၀ ခုနှစ်တွင် မဂ္ဂါဝပ် ၁၀၀၀ ကျော် ရရှိရန် စီမံကိန်းများ ဆောင်ရွက်နေကာ မန္တလေးတိုင်းဒေသကြီး အတွင်း ရဲရွာရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၀ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။

မန္တလေးခရိုင် အတွင်း၌ လက်ရှိနှစ် မတ်လတွင် မီးသုံးစွဲမှုမှာ ၁၉၀ မဂ္ဂါဝပ်မှ ဇွန် ၃ ရက်ထိ မီးသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၀ ရှိကြောင်း၊ ရဲရွာ လျှပ်စစ်စက်ရုံမှ ရေအား အပြည့်ဖြင့် လည်ပတ်နေချိန်တွင် မဟာဓာတ်အားလိုင်းသို့ ၃၄၀ မဂ္ဂါဝပ် ပေးပို့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment