Friday, June 6, 2014

ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်း၌ ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံး

အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိနေစဉ်မှာပင် ချောင်းမြောင်း ပစ်ခတ်ခံရမှုကြောင့် တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ ယာယီတပ်ရင်းမှူး တစ်ဦး ဇွန် ၄ ရက် ညနေပိုင်းက ကျ ဆုံးခဲ့ကြောင်း သိရသည်။
 
ကျဆုံးခဲ့သည့် တပ်မတော်မှ အရာရှိမှာ ဗိုလ်မှူးကျော်ထင်အောင် ဖြစ်ပြီး ကွတ်ခိုင်မြို့အခြေစိုက် အမှတ် ၂၄၁ ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူးတစ်ဦးဖြစ်ကာ ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးခဲ့ရမှုနှင့် ပတ်သက်၍ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) မှ ချောင်းမြောင်းပစ် ခတ်ခြင်းဖြစ် သည်ဟု ပြောဆိုလျက်ရှိသည်။
 
“အခုကျသွားတဲ့ ဗိုလ်မှူးကျော်ထင်အောင်က အပတ်စဉ် ၄၁ ဆင်း တစ်ယောက်ပါ။ ခလရ ၂၄၁ ရဲ့ ယာယီတပ်ရင်းမှူးပေါ့။ အခု သူ့တပ်က တာမိုးညဲမှာ အပြင်စည်းနယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်ပြီး အပြန် ညနေ ၅ နာရီ ၆ နာရီလောက်မှာ ကေအိုင်အေက ၁ဝ ယောက်လောက်ပါတဲ့ တပ်ကနေ စနိုက်ပါနဲ့ ချောင်းပစ်တာ။ ဗိုလ်မှူးကျော်ထင်အောင် လည်ပင်းကိုမှန်ပြီး ကျဆုံးတယ်။ ရဲဘော်တစ်ယောက်က လက်ကိုမှန်သွားတယ်” ဟု ဗိုလ်မှူးကျော်ထင်အောင်နှင့် နီးစပ်သူ အမည်မဖော်လိုသည့် တပ်မတော်မှ ဗိုလ်မှူးတစ်ဦးက ဆိုသည်။
 
မည်သည့်အဖွဲ့က ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည် ဆိုသည့်အချက်နှင့် ပတ်သက်၍ အသေအချာစိစစ်မှုများ မပြုလုပ်ရသေးသော်လည်း ယခုချောင်းမြောင်းပစ်ခတ်မှုမှာ ကေအိုင်အေ၏ လက်ချက်ဖြစ်ကြောင်း အဆိုပါအရာရှိက ထပ်မံပြောဆိုခဲ့သည်။
 
“အဲဒီဒေသတစ်လျှောက် အကုန်လုံးက ကေအိုင်အေနယ်မြေတွေချည်းပဲ။ အခု ချောင်းပစ်တာလည်း သူတို့ပါပဲ။ သူတို့လုပ်တာ ဒီတစ်ခေါက်တည်းတင် မဟုတ်ပါဘူး။ အရင်တုန်းကလည်း ဒီလို ခဏခဏလုပ်ဖူးတယ်။ သူကလည်း ပေါ့လိုက်တာပါ။ သွားနေကြလမ်းကြောင်းဆိုပြီး စစ်ကြောင်းနဲ့ မပြန်ဘဲ အရပ်ကားနဲ့ပဲ ကြိုပြန်လိုက်တာ”ဟု ၎င်းက ပြောကြားခဲ့သည်။
 
ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးသောလမ်းပိုင်းမှာ ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်းဖြစ်သည်ဟု သိရသည်။ ဗိုလ်မှူးကျော်ထင်အောင်၏ အမှတ် ၂၄၁ ခြေလျင်တပ်ရင်းသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကွတ်ခိုင် တပ်နယ် အခြေစိုက်တပ်ရင်းဖြစ်ပြီး တာမိုးညဲမြို့မှ တာဝန်လဲလှယ်ပြီး အပြန်တွင် ယခုလိုပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
“ကွတ်ခိုင်က တပ်နယ်ပါ။ အမြောက်တပ်တွေ ဘာတွေလိုမျိုးကအစ ကွတ်ခိုင်မှာရှိပါတယ်။ ကွတ်ခိုင်က တပ်တွေက အလှည့်နဲ့ တာမိုးညဲမြို့အပြင်စည်း လုံခြုံရေးယူပေးရပါတယ်။ တာမိုးညဲမှာလည်း တပ်ရင်းတစ်တပ် ရှိတယ်။ ကွတ်ခိုင်-တာမိုးညဲ-မုံစီး-တာပါး-လောက်ကိုင်-ကုန်းကြမ်း အဲဒီလမ်း တစ်လျှောက်ကို တပ်ကလုံခြုံရေးယူထားတာ။ အခုချောင်းပစ်ခံရတယ်ဆိုတာက ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်းမှာပါ” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
 
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ တပ်မတော်မှ လိုက်လံရှင်းလင်းမှုများ ပြုလုပ်နိုင်ကြောင်းနှင့် စစ်ဆင်ရေးအသေးစိတ်ကိုမူ ပြောကြား၍မရနိုင်သေးကြောင်း ကျဆုံးသွားသည့် ဗိုလ်မှူးကျော်ထင်အောင်နှင့် နီးစပ်သည့် ကွတ်ခိုင်ဒေသမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။
 
“အခုဘာလုပ်မလဲဆိုတော့ ပတ်ဝန်းကျင် နယ်မြေရှင်းလင်းတာတွေ လိုက်လုပ်မှာပေါ့။ ဒါကတော့ ထုံးစံအတိုင်းပါပဲ။ ဘယ်လောက်အတိုင်းအတာထိ လုပ်မလဲဆိုတော့ ကျွန်တော်တို့လည်း ပြောလို့ မရသေးဘူး။ သတင်းထုတ်ပြန်တာမျိုးတွေ ရှိမရှိတော့မပြောတတ်ဘူး” ဟု ပြောကြားခဲ့သည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်၍   ကေအိုင်အိုအလုပ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးအား ဆက် သွယ်မေးမြန်း ရာတွင် အဆိုပါအဖြစ်အပျက်ကို မသိရှိရသေးကြောင်း၊ မကြားမိသေးကြောင်း ပြန် လည်ဖြေကြား ခဲ့သည်။
 
အဆိုပါဖြစ်စဉ်ကို အတည်ပြုနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဖြစ်စဉ်အသေးစိတ်တော့ မသိသေးဘူးဗျ၊ အဲဒီဘက်မှာ ကေအိုင်အေက ထောက်ပံ့ပေးထားတဲ့ တအောင်းပလောင်အဖွဲ့လည်း ရှိနေတယ်။ ကေအိုင်အေနဲ့ ဒီလိုကိစ္စတွေဖြစ်ရင် ညှိဖို့အဖွဲ့တော့ဖွဲ့ထားပြီး အဲဒီလမ်းကြောင်းက လုပ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုဖြစ်စဉ်မျိုးဖြစ်တာဟာ သံသယတွေ ပိုများစေပါတယ်။ တပ်မတော်ဘက်ကတော့ တတ်နိုင်မျှ ထိန်းသိမ်းဆောင်ရွက်မှာပါ။ ဒါပေမဲ့ တစ်ဖက်ကလည်း တပ်မတော်သားများအနေနဲ့ မိမိကိုယ်မိမိ ခုခံပိုင်ခွင့်ရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
 
ဧပြီလအတွင်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲကာလတွင်လည်း အစိုးရတပ်မတော်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ အရာရှိတစ်ဦး ကျဆုံးခဲ့ရသည်။
Eleven Media Group

ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်း၌ ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံး

အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိနေစဉ်မှာပင် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ ယာယီတပ်ရင်းမှူး တစ်ဦး ဇွန် ၄ ရက် ညနေပိုင်းက ကျ ဆုံးခဲ့ကြောင်း သိရသည်။
 
ကျဆုံးခဲ့သည့် တပ်မတော်မှ အရာရှိမှာ ဗိုလ်မှူးကျော်ထင်အောင် ဖြစ်ပြီး ကွတ်ခိုင်မြို့အခြေစိုက် အမှတ် ၂၄၁ ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူးတစ်ဦးဖြစ်ကာ ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) မှ ချောင်းမြောင်းပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။
 
“အခုကျသွားတဲ့ ဗိုလ်မှူးကျော်ထင်အောင်က အပတ်စဉ် ၄၁ ဆင်း တစ်ယောက်ပါ။ ခလရ ၂၄၁ ရဲ့ ယာယီတပ်ရင်းမှူးပေါ့။ အခု သူ့တပ်က တာမိုးညဲမှာ အပြင်စည်းနယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်ပြီး အပြန် ညနေ ၅ နာရီ ၆ နာရီလောက်မှာ ကေအိုင်အေက ၁ဝ ယောက်လောက်ပါတဲ့ တပ်ကနေ စနိုက်ပါနဲ့ ချောင်းပစ်တာ။ ဗိုလ်မှူးကျော်ထင်အောင် လည်ပင်းကိုမှန်ပြီး ကျဆုံးတယ်။ ရဲဘော်တစ်ယောက်က လက်ကိုမှန်သွားတယ်” ဟု ဗိုလ်မှူးကျော်ထင်အောင်နှင့် နီးစပ်သူ အမည်မဖော်လိုသည့် တပ်မတော်မှ ဗိုလ်မှူးတစ်ဦးက ဆိုသည်။
 
မည်သည့်အဖွဲ့က ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည် ဆိုသည့်အချက်နှင့် ပတ်သက်၍ အသေအချာစိစစ်မှုများ မပြုလုပ်ရသေးသော်လည်း ယခုချောင်းမြောင်းပစ်ခတ်မှုမှာ ကေအိုင်အေ၏ လက်ချက်ဖြစ်ကြောင်း အဆိုပါအရာရှိက ထပ်မံပြောဆိုခဲ့သည်။
 
“အဲဒီဒေသတစ်လျှောက် အကုန်လုံးက ကေအိုင်အေနယ်မြေတွေချည်းပဲ။ အခု ချောင်းပစ်တာလည်း သူတို့ပါပဲ။ သူတို့လုပ်တာ ဒီတစ်ခေါက်တည်းတင် မဟုတ်ပါဘူး။ အရင်တုန်းကလည်း ဒီလို ခဏခဏလုပ်ဖူးတယ်။ သူကလည်း ပေါ့လိုက်တာပါ။ သွားနေကြလမ်းကြောင်းဆိုပြီး စစ်ကြောင်းနဲ့ မပြန်ဘဲ အရပ်ကားနဲ့ပဲ ကြိုပြန်လိုက်တာ”ဟု ၎င်းက ပြောကြားခဲ့သည်။
 
ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးသောလမ်းပိုင်းမှာ ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်းဖြစ်သည်ဟု သိရသည်။ ဗိုလ်မှူးကျော်ထင်အောင်၏ အမှတ် ၂၄၁ ခြေလျင်တပ်ရင်းသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကွတ်ခိုင်တပ်နယ် အခြေစိုက်တပ်ရင်းဖြစ်ပြီး တာမိုးညဲမြို့မှ တာဝန်လဲလှယ်ပြီး အပြန်တွင် ယခုလိုပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
“ကွတ်ခိုင်က တပ်နယ်ပါ။ အမြောက်တပ်တွေ ဘာတွေလိုမျိုးကအစ ကွတ်ခိုင်မှာရှိပါတယ်။ ကွတ်ခိုင်က တပ်တွေက အလှည့်နဲ့ တာမိုးညဲမြို့အပြင်စည်း လုံခြုံရေးယူပေးရပါတယ်။ တာမိုးညဲမှာလည်း တပ်ရင်းတစ်တပ် ရှိတယ်။ ကွတ်ခိုင်-တာမိုးညဲ-မုံစီး-တာပါး-လောက်ကိုင်-ကုန်းကြမ်း အဲဒီလမ်းတစ်လျှောက်ကို တပ်ကလုံခြုံရေးယူထားတာ။ အခုချောင်းပစ်ခံရတယ်ဆိုတာက ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်းမှာပါ” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
 
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ တပ်မတော်မှ လိုက်လံရှင်းလင်းမှုများ ပြုလုပ်နိုင်ကြောင်းနှင့် စစ်ဆင်ရေးအသေးစိတ်ကိုမူ ပြောကြား၍မရနိုင်သေးကြောင်း ကျဆုံးသွားသည့် ဗိုလ်မှူးကျော်ထင်အောင်နှင့် နီးစပ်သည့် ကွတ်ခိုင်ဒေသမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။
 
“အခုဘာလုပ်မလဲဆိုတော့ ပတ်ဝန်းကျင် နယ်မြေရှင်းလင်းတာတွေ လိုက်လုပ်မှာပေါ့။ ဒါကတော့ ထုံးစံအတိုင်းပါပဲ။ ဘယ်လောက်အတိုင်းအတာထိ လုပ်မလဲဆိုတော့ ကျွန်တော်တို့လည်း ပြောလို့မရသေးဘူး။ သတင်းထုတ်ပြန်တာမျိုးတွေ ရှိမရှိတော့မပြောတတ်ဘူး” ဟု ပြောကြားခဲ့သည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်၍   ကေအိုင်အိုအလုပ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးအား ဆက်သွယ်မေးမြန်းရာတွင် အဆိုပါအဖြစ်အပျက်ကို မသိရှိရသေးကြောင်း၊ မကြားမိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
 
အဆိုပါဖြစ်စဉ်ကို အတည်ပြုနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဖြစ်စဉ်အသေးစိတ်တော့ မသိသေးဘူးဗျ၊ အဲဒီဘက်မှာ ကေအိုင်အေက ထောက်ပံ့ပေးထားတဲ့ တအောင်းပလောင်အဖွဲ့လည်း ရှိနေတယ်။ ကေအိုင်အေနဲ့ ဒီလိုကိစ္စတွေဖြစ်ရင် ညှိဖို့အဖွဲ့တော့ဖွဲ့ထားပြီး အဲဒီလမ်းကြောင်းက လုပ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုဖြစ်စဉ်မျိုးဖြစ်တာဟာ သံသယတွေ ပိုများစေပါတယ်။ တပ်မတော်ဘက်ကတော့ တတ်နိုင်မျှ ထိန်းသိမ်းဆောင်ရွက်မှာပါ။ ဒါပေမဲ့ တစ်ဖက်ကလည်း တပ်မတော်သားများအနေနဲ့ မိမိကိုယ်မိမိ ခုခံပိုင်ခွင့်ရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
 
ဧပြီလအတွင်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲကာလတွင်လည်း အစိုးရတပ်မတော်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ အရာရှိတစ်ဦး ကျဆုံးခဲ့ရသည်။
- See more at: http://www.news-eleven.com/politic/%E1%80%80%E1%80%BC%E1%80%90%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%90%E1%80%AC%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%8A%E1%80%B2-%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%81%8C-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%95%E1%80%85%E1%80%B9%E1%80%81%E1%80%90%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%99%E1%82%88%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BD#sthash.tk1E6EpF.dpuf

No comments:

Post a Comment