Friday, June 6, 2014

ကျေးရွာဒီချုပ်ဒုဥက္ကဋ္ဌတစ်ဦး အသတ်ခံရ

ရှမ်းပြည်နယ်တောင် ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ သိမ်း ဆည်းခံလယ်ယာမြေများ အရေး ဆောင် ရွက်ပေးနေသော မိုင်းပျဉ်း လက်တက်ကျေးရွာမှ အင်န်အယ်လ်ဒီ ပါတီဝင် တစ်ဦးအား ဇွန်လ ၄ ရက်ညတွင် လူနှစ်ဦးကလာရောက် ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။
ဇွန်လ ၄ ရက် ည ၁၂ နာရီတွင် ရှမ်းစကားပြောသော လူနှစ်ဦးသည် ဟိုပုံးမြို့နယ်ရှိ သိမ်းဆည်းခံ လယ်ယာမြေများ အရေးဆောင်ရွက်ပေးနေသော မိုင်းပျဉ်းလက်တက်ကျေးရွာမှ အင်န် အယ်လ်ဒီပါတီဒုက္ကဋ္ဌ ဦးစိုင်းစံ ထွန်းအား လက်ထိတ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုသို့ခေါ်ဆောင်သွားပြီး မိုင်းပျဉ်းလက်တက်ရွာနှင့် သုံးမိုင်ခန့်ဝေး သော နေရာတွင် ဦးစိုင်းစံထွန်း၏ ဦးခေါင်းကို သေနတ်ဖြင့် သုံးချက်ပစ်သတ်သွားခြင်း ဖြစ်သည်။
မိုင်းပျဉ်းလက်တက် ကျေး ရွာသည် ဟိုပုံးမြို့နှင့် ၂၈ မိုင်ကွာ ဝေးသည်။
‘‘သူ့အိမ်သားတွေမေးကြည့် တော့ လာခေါ်တဲ့သူတွေက ရှမ်း စကားပြောတယ်တဲ့။ ဘယ်သူ တွေမှန်း မသိဘူး။ လက်ထိတ် လည်း ခတ်သွားတယ်လို့ ပြော တယ်။ ဒီနေ့မနက် သူ့အလောင်း ကို တွေ့တော့ လက်ထိတ်ကဖြုတ် ထားတယ်။ ဦးခေါင်းကို သေနတ် နဲ့ သုံးချက်ပစ်သတ်သွားတာ’’ ဟု မိုင်းပျဉ်းလက်တက် ကျေးရွာဒေသခံ အင်န်အယ်လ်ဒီပါတီဝင် ကိုဆန်းနိုင်ဦးက ပြောသည်။
မိုင်းပျဉ်းလက်တက် ကျေး ရွာသားများသည် လူသတ်ခံရမှု နှင့်ပတ်သက်ပြီး ထိတ်လန့် ကြောက် ရွံ့နေသောကြောင့် ဖြေ ဆိုကြခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
မိုင်းပျဉ်းလက်တက်ကျေး ရွာအနီးတွင် လက်နက်ကိုင် ပအိုဝ်းပြည်သူ့စစ်နှင့် ခလရ(၂၄၉) စစ် တပ်တို့ အခြေချရှိနေကြောင်း သတင်းရရှိသည်။ ထိုလူသတ်ခံ ရမှုနှင့်ပတ်သက်ပြီး ပအိုဝ်းပြည် သူ့စစ်သို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့တပ်သားများ လုပ်ဆောင် ခြင်း မဟုတ်ကြောင်း ပြောဆို သည်။
အဆိုပါ လူသတ်ခံရမှုနှင့် ပတ်သက်ပြီး တောင်ကြီးမြို့အ ခြေစိုက် စရဖတပ်ရင်းနှင့် ဟိုပုံး မြို့ရဲတပ်ဖွဲ့တို့က သွားရောက်စစ် ဆေးနေကြောင်း သတင်းရရှိ သည်။
‘‘ဘယ်အဖွဲ့အစည်းက ဆို တာ မသိသေးပါဘူး။ ကျွန်တော် တို့တပ်ကလည်း သွားရောက်စစ် ဆေးနေ ပါတယ်။ လက်နက်ကိုင် လူနှစ်ဦးက လာခေါ်ပြီး ပစ်သတ် သွားတယ်။ ၉ မမကျည်ဆန်ခွံသုံးခု တွေ့တယ်လို့ပဲ သိရပါသေး တယ်’’ ဟု တောင်ကြီးမြို့အခြေ စိုက် စရဖတပ်ရင်းမှ အရာခံဗိုလ် တစ်ဦးက ပြောသည်။
ဟိုပုံးမြို့နယ်သည် ဒေသခံ လယ်သမားများနှင့် လက်နက် ကိုင်ပအိုဝ်းပြည်သူ့စစ်တို့ မကြာ ခဏ လယ်ယာမြေပြဿနာ အငြင်းပွားနေသော မြို့နယ်ဖြစ် သည်။ အဆိုပါ လယ်ယာမြေ ပြဿနာများကြောင့် ပအိုဝ်းပြည် သူ့စစ်က ဒေသခံများအား မကြာ ခဏဖမ်းဆီးခြင်းများ ပြုလုပ် လျက်ရှိသည်။
ရှမ်းပြည်နယ်အတွင်း အင်န်အယ်လ်ဒီပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုမှာ ယခု အကြိမ်သည် ဒုတိယအကြိမ် မြောက် အင်န်အယ်လ်ဒီပါတီဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ခြင်းဖြစ်သည်။ ဧပြီလအတွင်း နန့်စန်မြို့တွင် မြေယာအငြင်းပွား မှုဖြစ်နေသော အင်န်အယ်လ်ဒီ ပါတီဝင် ပအိုဝ်းအမျိုးသားတစ်ဦး ကို လက်နက်ကိုင် လူတစ်စုက နေအိမ်အတွင်း လာရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားသည်။ ထိုပစ်သတ်ခံရမှုကို သက်ဆိုင် ရာက စုံစမ်းဖော်ထုတ်အရေးယူ နိုင်ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

7 Day Daily

No comments:

Post a Comment