Monday, June 30, 2014

ခရီးသည်က အငှားယာဉ်မောင်းထံမှ ငွေလုယက်

ရန်ကုန်၊ ဇွန် ၂၇- တက္ကစီပေါ်တွင် ခရီး သည် အမျိုးသားနှစ်ဦးက အငှားယာဉ် မောင်းထံမှ ငွေများ  လုယက်ခဲ့သည့်အတွက် ထန်းတပင်မြို့နယ် တက်သစ်နယ်မြေ ရဲ စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရ သည်။
ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် နေ အငှားယာဉ်မောင်းတစ်ဦးသည် ဒဂုံ ဧရာအဝေးပြေးဝင်းရှေ့၌ ခရီးသည်စောင့် ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာ ပြီး ထန်းတပင်မြို့နယ်သို့ ငွေကျပ် ၅ဝဝဝ ဖြင့်ငှားရမ်းသဖြင့် လိုက်ပို့ပေးရာ ထန်းတ ပင်မြို့နယ် ရန်ကုန်-ညောင်တုန်းလမ်း အစု ကြီးကျေးရွာထိပ်အနီးအရောက်တွင် လု ယက်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါနေရာအရောက် ယာဉ် နောက်ခန်း၌လိုက်ပါလာသူ အမျိုးသားက အပေါ့သွားလိုကြောင်းပြောသဖြင့် ကား အား ရပ်တန့်ပေးခဲ့ပြီး ဆက်လက်မောင်း ရာ ဓာတ်တိုင်နှစ်တိုင်ခန့်အရောက်တွင် ယာဉ်ရှေ့ခန်းရှိလူကလည်း အပေါ့သွားလို ကြောင်းပြောသဖြင့် ယာဉ်အားရပ်တန့်ပေး ပြီး ပြန်တက်လာစဉ် ယာဉ်နောက်တွင်ထိုင် နေသူလူငယ်က ယာဉ်မောင်း၏ လည်ပင်း အား သိုင်းဖက်ချုပ်နှောင်ကာ ယာဉ်ရှေ့ခန်း ရှိလူငယ်က ယင်း၏လက်အား ဆွဲကိုက်ခဲ့ ကြောင်း၊ ရုန်းထွက်၍မရသည့်အချိန်တွင် အိတ်ကပ်အတွင်းမှ ငွေကျပ်၂၁ဝဝဝ ကို လုယူသဖြင့် သံတုတ်ဖြင့်ရိုက်မည်ပြုရာ လူ ငယ်နှစ်ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့လုယက်ခံရသဖြင့် ယာဉ် မောင်းဖြစ်သူမှာ တက်သစ်နယ်မြေရဲစခန်း နှင့်ပူးပေါင်းကာ လုယက်သူအမျိုးသားနှစ် ဦးအား ရှာဖွေရာ ကားရှေ့ခန်းတွင်လိုက်ပါ လာသူအားတွေ့ရှိသဖြင့် ဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့နယ်နေ အသက် ၁၈နှစ်ရှိ ပိုင်မင်းလွင်ဖြစ်ကြောင်း၊ ထွက်ပြေးနေသူမှာ ယောက်ဖတော်စပ်သူ ကောင်းခန့်ဇော် ၂၅ နှစ်ဖြစ်ကြောင်း သိရသည်။
လုယက်သူနှစ်ဦးအား ထန်းတ ပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းမှ (ပ) ၈၆/၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်အ ရေးယူလျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေ သူ ကောင်းခန့်ဇော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment