Wednesday, June 18, 2014

မျိုးချစ်စိတ်ဆိုင်ရာ အသိပညာပေးပွဲတွင် NLD ကို ပုတ်ခတ်ဟု စီစဉ်သူကို တရားစွဲ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၃၀ရက်က ကျင်းပခဲ့သော မျိုးစောင့်ဥပဒေနှင့် မျိုးချစ်စိတ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး၊ ဘာသာရေး ထိခိုက်စေသည့် အသုံးအနှုန်းများဖြင့် ပုတ်ခတ်ဟောပြောခဲ့သည်ဟုဆို၍ ပွင့်ဖြူမြို့နယ် NLD အဆိုပါပွဲစီစဉ်သူကို တိုင်ကြားထားသည်။
ယခုကဲ့သို့ တရားစွဲဆိုခြင်းမှာ NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံး ဖြတ်ချက်အရ လုပ်ဆောင် ခြင်းဖြစ်ပြီး ပွင့် ဖြူမြို့နယ် NLD ဦးအောင်ဝင်းက တရား စွဲဆိုခြင်းဖြစ်သည်။

မျိုးစောင့်ဥပဒေနှင့် မျိုးချစ်စိတ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ပွဲစီစဉ်သူ ဦးမျိုးသန့်ကို ကျင့်၂၀၂ ဖြင့် ပွင့်ဖြူမြို့၊ မြို့မရဲစခန်းက ဇွန်လ၁၅ရက်တွင် ခေါ်ယူ စစ်ဆေးမှုများပြုလုပ်သည်ဟု ဦးမျိုးသန့်က ပြောသည်။

“ကျွန်တော့်ကို စခန်းကဆင့်ခေါ် စာ ၁၁ရက်မှာ ပို့ပါတယ်။ ၁၅ရက်မှာ သွား ရောက်အစစ်ခံခဲ့ပါတယ်။ NLD ပါတီကို ပုတ်ခတ်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်လို့ အခုလိုလုပ်တယ်လို့ သိရပါ တယ်။
“စခန်းကိုသက်သေတွေ ပို့ထားတာက ကျွန်တော်တို့ပြည်သူကို ဝေထားတဲ့ လက်ကမ်းစာစောင်၊ ထောင် ထားတဲ့ ဗီနိုင်း ဓာတ်ပုံ၊ ဟောပြောပွဲမှာပဲ ဟောတဲ့ အချက် အလက်တွေ ပါတယ်။ အခုမှ စစ်ဆေးတုန်း ဘဲ။ ဘာမှ မသိရသေးဘူး။ ဘာဖြစ်ဖြစ် ရင်ဆိုင်သွားမှာပါ”ဟု ဦးမျိုးသန့်က ပြော သည်။

တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်း သွားမည်ဖြစ်ပြီး မိမိတို့က အဆိုပါမျိုးစောင့် ဥပဒေကို အမျိုး သားရေး တစ်ရပ်ဖြစ် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ၊ နိုင်ငံ ရေး မျက်စိ၊ နိုင်ငံရေးစိတ်၊ နိုင်ငံရေးအတွေး အခေါ်နှင့် မမြင်စေလိုကြောင်း၊ မိမိတို့လုပ် နေခြင်းသည် နိုင်ငံရေး လုပ်နေခြင်းမဟုတ်၊ အမျိုးဘာသာ သာသနာကာကွယ် စောင့် ရှောက်ရေးကို သာလုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ နောက်ထပ်ခေါ်ယူ စစ်ဆေး မည့် ရက်ကို မသိသေးကြောင်း၎င်းက ဆိုသည်။

အဆိုပါဟောပြောပွဲတွင် မဘသဦး ဆောင်ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသ၊ ဘ၀ပန်းတိုင်ဆရာတော် ဦးသုစိတ္တ၊ မတူကွဲ ပြားခြားနားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌဦးနေမျိုးဝေနှင့် မြန်မာအမျိုးသားများ ကွန်ရက်မှ ကိုသီရိမောင်နှင့် ကိုနောင်တို့ ဟောပြောခဲ့ရာ ပြည်သူလူထု ၆,၀၀၀ကျော် တက်ရောက်ခဲ့ကြပြီး ထောက်ခံလက်မှတ် ၅,၂၀၀ခန့် ရရှိခဲ့သည်။
အထက်မြန်မာပြည်(မဘသ)ဦးဆောင် ဆရာတော်ဦးဣန္ဒာစက္ကာဘိဝံသက “ဘုန်းကြီးတို့ကတော့ ဒီကိစ္စက ခွင့်ပြုမိန့်တင်ပြီးမှ တရားဝင်လုပ်တာလေ။ အခုလိုတရားစွဲဖို့ လုပ်နေတာနဲ့ ပတ်သက်လို့ကတော့ ဘုန်း ကြီးတို့က ဒီအတိုင်းကြည့် မနေပါဘူး”ဟု မဇ္ဈိမကို မိန့်သည်။

ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်းသို့ ဆက် သွယ်မေးမြန်းရာ တပ်ကြပ်ကြီးသန်းရွှေက အဆိုပါစစ်ဆေးမှု များနှင့် ပတ်သက်၍ ဖြေ ကြားခွင့်မရှိကြောင်း ဖြေကြားခဲ့သည်။

Mizzima

No comments:

Post a Comment