Wednesday, June 18, 2014

လကမ္ဘာပျားရည်ဆမ်းခရီးမှာရှက်စရာဟု လျော်ကြေးငွေကိစ္စနှင့် ပတ်သက်၍ရွှေလုပ်သားတို့ဆို


Photo: လကမ္ဘာပျားရည်ဆမ်းခရီးမှာရှက်စရာဟု လျော်ကြေးငွေကိစ္စနှင့်
ပတ်သက်၍ရွှေလုပ်သားတို့ဆို
Wednesday, June 18, 2014

ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ချမ်းမီမီကိုနှင့်အမျိုးသားကြီးပွား တိုးတက်ရေးကုမ္မဏီဥက္ကဋ္ဌ ဦးစိုး ထွန်းရှိန်တို့မှလကမ္ဘာသို့ ဒေါ်လာ
 သန်း(၃၀) အကုန်ကျခံကာ ပျား ရည်ဆမ်းခရီးသွားရောက်မည့် ကုန်ကျစားရိတ်မှာ

မိုးထိမိုးမိရွှေ လုပ်သားတို့ကို ပေးရမည့်လျော် ကြေးအဆ ၁၀၀ မကရှိကြောင်း ရွှေလုပ်သားတို့က ဆိုသည်။

အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီက ရွှေလုပ်သားများ အား လျော်ကြေးငွေမပေးဘဲ  အာဏာပိုင် အဖွဲ့အစည်းများမှ တစ်ဆင့် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခဲ့ပြီး ယခုလို အကုန်ကျခံကာ ခရီးထွက်ရန် ပြင်ဆင်ခြင်းမှာ ရှက်စရာအလွန် ကောင်းသည်ဟု ရွှေလုပ်သား မိသားစုတို့ကဆိုသည်။

““ဒီကိစ္စဟာ လူ့ကျင့်ဝတ်၊ လူ့သိက်္ခာအရ အင်မတန်ရှက်ဖွယ် ကောင်းတဲ့ကိစ္စပါ လကမ္ဘာပေါ် မှာအမေရိကန်ဒေါ်လာသန်း(၃၀) အကုန်ခံပြီး သွားနိုင်တဲ့လူက ရွှေ လုပ်သားတွေရဲ့ အနယ်နယ် အရပ်ရပ်က လယ်တွေ၊ မြေတွေ ပေါင်ပြီးတော့ ဆောက်ထားတဲ့ အင်းတွေကို လျော်ကြေးမပေး နိုင်ရတာ ဘာကြောင့်လဲ””ဟု အချုပ်ကျနေသည့် ရွှေလုပ်သား တစ်ဦး၏ဇနီးက အမျိုးသားကြီး ပွားတိုးတက်ရေးကုမ်္ပဏီဥက္ကဋ္ဌသို့ မေးခွန်းထုတ်လိုက်သည်။

လျော်ကြေးမပေးသော ကြောင့် ဆန္ဒပြတောင်းဆိုသော ရွှေလုပ်သားတို့အား ကုမ်္မဏီက ဖမ်းဆီးထောင်ချခဲ့ခြင်းသည် မိုးထိမိုးရွှေလုပ်သားတို့အတွက် ဘယ်သောအခါမှ ဖျောက်ဖျက် မရမည့် စိတ်ဒဏ်ရာတစ်ခုပင်ဖြစ် သည်ဟု ကျန်ရစ်သည့်မိသားစု များမှ ပြောဆိုကြသည်။

““ဒါဟာ တစ်ကိုယ်ကောင်း ဆန်လွန်းပါတယ်။ ကိုယ်တစ်ဦး တစ်ယောက်ကောင်းစားဖို့ ကျန် တဲ့သူတွေရဲ့ဘ၀တွေကို နင်းခြေ သွားတာပါ””ဟု မိုးထိမိုးမိ အရေး တွင် ပါဝင်လှုပ်ရှားခဲ့သည့် ဆရာ တော်ဦးဓမ္မသာရကမိန့်ကြားသည်။

လက်ရှိအဖြစ်အပျက်နှင့် မြန်မာနိုင်ငံက လူသန်း(၆၀) ကျော်ကို တဲပေါ်မှ တိုက်ပေါ်သို့ တင်ပေးမည်ဟု ပြောဆိုခဲ့သော ဦးစိုးထွန်းရှိန် စကားများမှာ ကွာဟနေကြောင်း၊ ယင်းကိစ်္စ များကို ကမ်္ဘာသိအောင် ချပြရ မည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မိုးထိမိုးမိရွှေ လုပ်သားများ၏ ရွှေမြင်တင် သပိတ်စခန်းအား ရမည်းသင်း မြို့နယ်စခန်းမှူးဦးကျော်ကိုကိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်အပါအ၀င် ရဲအင်အား (၂၀၀)ကျော်ဖြင့် ရွှေလုပ်သား (၄၅)ဦးအား ဖမ်းဆီးခဲ့ပြီး အမျိုး သားကြီးပွားတိုးတက်ရေးကုမ်္မဏီ အား နောက်ထပ်နစ်နာကြေး မတောင်းရန်နှင့် ထိုသို့နစ်နာ ကြေး မတောင်းဆိုတော့ပါက ၄င်းတို့အား စွဲဆိုထားသည့် (၅၀၅)။ ခ၊ ၁၄၃၊ ၁၄၇၊ ၁၈၈ စသည့်ပုဒ်မများအား ရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း၊ ရွေလုပ် သား(၃၅)ဦးက နစ်နာကြေး ၅ သိန်းစီယူခဲ့ပြီး အမျိုးသားကြီးပွား တိုးတက်ရေးကုမ်္မဏီအား နစ်နာ ကြေးမတောင်းရန်နှင့် တောင်းဆို ခဲ့ပါက (၅၀၅)။ခ ပုဒ်မ ၁၄၃၊ ၁၄၇၊ ၁၈၈ တို့ဖြင့် တရားစွဲဆို ခံပါမည်ဆိုသည့် ခံဝန်ကတိထိုး ကာ ပြန်လည်လွတ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ဆူးလေလမ်းမ ပေါ်ရSule Shangri- La Hotel တွင် ဇွန်လ(၉)ရက်နေ့က ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင် ချမ်းမီ ကိုကိုနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ်္ပဏီဥက်္ကဌ ဦးစိုးထွန်းရှိန်တို့က မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် တစ်ဦးလျှင် ကန်ဒေါ်လာ ၁၅သန်း ကုန်ကျခံကာ လကမ်္ဘာသို့ ပျားရည်ဆမ်း သွားရောက် လည်ပတ်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည့်အပေါ်တွင် ရွှေလုပ်သားများဘက်မှ တုံ့ပြန်ပြောဆိုကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားကြီးပွားတိုးတက်ရေးကုမ်္ပဏီထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရပေ။

Hot News Journal 
ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ချမ်းမီမီကိုနှင့်အမျိုးသားကြီးပွား တိုးတက်ရေးကုမ္မဏီဥက္ကဋ္ဌ ဦးစိုး ထွန်းရှိန်တို့မှလကမ္ဘာသို့ ဒေါ်လာသန်း(၃၀) အကုန်ကျခံကာ ပျား ရည်ဆမ်းခရီးသွားရောက်မည့် ကုန်ကျ စားရိတ်မှာ မိုးထိမိုးမိရွှေ လုပ်သားတို့ကို ပေးရမည့်လျော် ကြေးအဆ ၁၀၀ မက ရှိကြောင်း ရွှေလုပ်သား တို့က ဆိုသည်။

အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီက ရွှေလုပ်သားများ အား လျော်ကြေးငွေမပေးဘဲ အာဏာပိုင် အဖွဲ့အစည်းများမှ တစ်ဆင့် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခဲ့ပြီး ယခုလို အကုန်ကျခံကာ ခရီးထွက်ရန် ပြင်ဆင်ခြင်းမှာ ရှက်စရာအလွန် ကောင်းသည်ဟု ရွှေလုပ်သား မိသားစုတို့ကဆိုသည်။

““ဒီကိစ္စဟာ လူ့ကျင့်ဝတ်၊ လူ့သိက်္ခာအရ အင်မတန်ရှက်ဖွယ် ကောင်းတဲ့ကိစ္စပါ လကမ္ဘာပေါ် မှာအမေရိကန်ဒေါ်လာသန်း(၃၀) အကုန်ခံပြီး သွားနိုင်တဲ့လူက ရွှေ လုပ်သားတွေရဲ့ အနယ်နယ် အရပ်ရပ်က လယ်တွေ၊ မြေတွေ ပေါင်ပြီးတော့ ဆောက်ထားတဲ့ အင်းတွေကို လျော်ကြေးမပေး နိုင်ရတာ ဘာကြောင့်လဲ””ဟု အချုပ်ကျနေသည့် ရွှေလုပ်သား တစ်ဦး၏ဇနီးက အမျိုးသားကြီး ပွားတိုးတက်ရေးကုမ်္ပဏီဥက္ကဋ္ဌသို့ မေးခွန်းထုတ်လိုက်သည်။

လျော်ကြေးမပေးသော ကြောင့် ဆန္ဒပြတောင်းဆိုသော ရွှေလုပ်သားတို့အား ကုမ်္မဏီက ဖမ်းဆီးထောင်ချခဲ့ခြင်းသည် မိုးထိမိုးရွှေလုပ်သားတို့အတွက် ဘယ်သောအခါမှ ဖျောက်ဖျက် မရမည့် စိတ်ဒဏ်ရာတစ်ခုပင်ဖြစ် သည်ဟု ကျန်ရစ်သည့်မိသားစု များမှ ပြောဆိုကြသည်။

““ဒါဟာ တစ်ကိုယ်ကောင်း ဆန်လွန်းပါတယ်။ ကိုယ်တစ်ဦး တစ်ယောက်ကောင်းစားဖို့ ကျန် တဲ့သူတွေရဲ့ဘ၀တွေကို နင်းခြေ သွားတာပါ””ဟု မိုးထိမိုးမိ အရေး တွင် ပါဝင်လှုပ်ရှားခဲ့သည့် ဆရာ တော်ဦးဓမ္မသာရကမိန့်ကြားသည်။

လက်ရှိအဖြစ်အပျက်နှင့် မြန်မာနိုင်ငံက လူသန်း(၆၀) ကျော်ကို တဲပေါ်မှ တိုက်ပေါ်သို့ တင်ပေးမည်ဟု ပြောဆို ခဲ့သော ဦးစိုးထွန်းရှိန် စကားများမှာ ကွာဟနေကြောင်း၊ ယင်းကိစ်္စ များကို ကမ်္ဘာသိအောင် ချပြရ မည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မိုးထိမိုးမိရွှေ လုပ်သားများ၏ ရွှေမြင်တင် သပိတ်စခန်းအား ရမည်းသင်း မြို့နယ်စခန်းမှူးဦးကျော်ကိုကိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်အပါအ၀င် ရဲအင်အား (၂၀၀)ကျော်ဖြင့် ရွှေလုပ်သား (၄၅)ဦးအား ဖမ်းဆီးခဲ့ပြီး အမျိုး သားကြီးပွားတိုးတက်ရေးကုမ်္မဏီ အား နောက်ထပ်နစ်နာကြေး မတောင်းရန်နှင့် ထိုသို့နစ်နာ ကြေး မတောင်းဆိုတော့ပါက ၄င်းတို့အား စွဲဆိုထားသည့် (၅၀၅)။ ခ၊ ၁၄၃၊ ၁၄၇၊ ၁၈၈ စသည့်ပုဒ်မများအား ရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း၊ ရွေလုပ် သား(၃၅)ဦးက နစ်နာကြေး ၅ သိန်းစီယူခဲ့ပြီး အမျိုးသားကြီးပွား တိုးတက်ရေးကုမ်္မဏီအား နစ်နာ ကြေးမတောင်းရန်နှင့် တောင်းဆို ခဲ့ပါက (၅၀၅)။ခ ပုဒ်မ ၁၄၃၊ ၁၄၇၊ ၁၈၈ တို့ဖြင့် တရားစွဲဆို ခံပါမည်ဆိုသည့် ခံဝန်ကတိထိုး ကာ ပြန်လည်လွတ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ဆူးလေလမ်းမ ပေါ်ရSule Shangri- La Hotel တွင် ဇွန်လ(၉)ရက်နေ့က ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင် ချမ်းမီ ကိုကိုနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ်္ပဏီဥက်္ကဌ ဦးစိုးထွန်းရှိန်တို့က မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် တစ်ဦးလျှင် ကန်ဒေါ်လာ ၁၅သန်း ကုန်ကျခံကာ လကမ်္ဘာသို့ ပျားရည်ဆမ်း သွားရောက် လည်ပတ်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည့် အပေါ်တွင် ရွှေလုပ်သားများဘက်မှ တုံ့ပြန်ပြောဆိုကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားကြီးပွားတိုးတက်ရေးကုမ်္ပဏီထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရပေ။

Hot News Journal

No comments:

Post a Comment