Tuesday, June 10, 2014

PR စနစ် ကျင့်သုံးမှု မပြုရန် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်အချို့ ကန့်ကွက်

နောင်လာမည့် ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် အဆိုကို အမျိုးသားလွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် သုံးဦးနှင့် ရွေးကောက်ခံ ကိုယ်စားလှယ် အများစုက ကန့်ကွက်သည့် သဘောဖြင့် ဆွေးနွေးခဲ့သည်။
အဆိုပါစနစ်ကို ကျင့်သုံးနိုင်ရေး လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက်နေ့က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဇွန် ၉ ရက်နေ့တွင် လွှတ်တော်တွင် စတင် ဆွေးနွေးခြင်း ဖြစ်သည်။
ဆွေးနွေးတင်ပြမှုကို ကရင်ပြည်နယ်မှ ဦးစောထွန်းမြအောင်နှင့် ဒေါ်နန်းနီနီအေးက ထောက်ခံ ဆွေးနွေး ခဲ့သော်လည်း ဒုတိယဗိုလ်မှုးကြီး ရဲနိုင်ဦး၊ ဗိုလ်မှူး တိုးမင်းထွန်းနှင့် ဗိုလ်မှူး ကျော်နိုင်ဌေးတို့က နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီရန် လုပ်ဆောင်သင့်ပြီး လက်ရှိအချိန်တွင် ကျင့်သုံးရန် ဆိုင်းငံ့ သင့်ကြောင်း ပြော ဆိုကြသည်။
“ဒီစနစ် ကျင့်သုံးရင် လူနည်းစု ပါတီထောင်တဲ့သူတွေ၊ တိုင်းရင်းသားတွေ နစ်နာမယ်” ဟု ယင်းအဆိုကို ဝင်ရောက်ဆွေးနွေးသူ ဦးဇုန်လှယ်ထန်း (ချင်းပြည်နယ် မဲဆန္ဒနယ်) က ထုတ်ဖော် ပြောဆိုသည်။

ယင်းအဆိုကို တပ်မတော်သား ကိုယ်စားလှယ် သုံးဦး အပါအဝင် ရွေးကောက်ခံ ကိုယ်စားလှယ် ရှစ်ဦး ဆွေးနွေးခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ကိုယ်စားလှယ် ၁၈ ဦး ဆက်လက်ဆွေးနွေးရန် အမည်စာရင်း ရောက်ရှိနေကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။





The Voice Weekly

No comments:

Post a Comment