Wednesday, July 16, 2014

Adidas အားကစားကုမ္ပဏီနှင့် မန်ယူအသင်းတို့ ကမ္ဘာ့စံချိန်တင်ကြေးဖြစ်သည့် ပေါင် သန်း ၇၅ဝတန် စာချုပ်ချုပ်ဆိုခဲ့

Photo: Adidas အားကစားကုမ္ပဏီနှင့် မန်ယူအသင်းတို့ 
ကမ္ဘာ့စံချိန်တင်ကြေးဖြစ်သည့် ပေါင် သန်း ၇၅ဝတန် စာချုပ်ချုပ်ဆိုခဲ့
Wednesday, July 16, 2014

ပရီးမီးယားလိဂ်ထိပ်သီးကလပ် အသင်းကြီးဖြစ်သည့် မန်ယူအသင်း သည် ၁၃နှစ်ကျော်ကြာ လက်တွဲခဲ့ သည့် အမေရိကန်အားကစား ကုမ္ပ ဏီ Nike နှင့် ရာသီကုန်တွင် လမ်းခွဲ ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ဂျာမနီ အားကစားကုမ္ပဏီ Adidas နှင့် ကမ္ဘာ့စံချိန်တင်ဂျာစီစပွန်ဆာကြေး ဖြစ်သည့် ပေါင်သန်း၇၅ဝဖြင့် စာ ချုပ်သစ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

မန်ယူအသင်းသည် လက်ရှိ ၂ဝ၁၄- ၂ဝ၁၅ ဘောလုံးရာသီတွင် Nike ကုမ္ပဏီထုတ် ဂျာစီအင်္ကျီကို ဝတ်ဆင် သွားမည်ဖြစ်ပြီး ဂျာစီသစ်မိတ်ဆက် မှုကို ပြီးခဲ့သည့် ဇူလိုင်၇ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် ဂျာစီစပွန် ဆာကြေး အများဆုံးရရှိနေသည့် စပိန်လာလီဂါကလပ် ရီးရဲလ်မက် ဒရစ်အသင်းသည် တစ်နှစ်လျှင် ပေါင် ၃၁ သန်းသာရရှိနေခဲ့ခြင်းကြောင့် မန်ယူအသင်းအနေဖြင့် လာမည့်ရာ သီသစ်တွင် ကမ္ဘာပေါ်၌ ဂျာစီစပွန် ဆာကြေး အများဆုံးရရှိသည့်အ သင်းဖြစ်လာမည်ဖြစ်သည်။ 

Adidas အားကစားကုမ္ပဏီ သည် လာမည့် ၂ဝ၁၅-၁၆ ဘော လုံးရာသီသစ်တွင် မန်ယူအသင်း ကို ဂျာစီအင်္ကျီစပွန်ဆာပေးရန် ဆုံး ဖြတ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တွင် ၇ သင်းမြောက်အဖြစ် စပွန် ဆာပေးခြင်းဖြစ်လာမည်ဖြစ်သည်။ 

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ၌ Adidas ကုမ္ပဏီသည် ချဲလ်ဆီး၊ ဆွမ်ဆီး၊ ဆန်းဒါးလန်း၊ ဝက်စ်ဘ ရွန်း၊ ဝက်စ်ဟမ်း၊ ဟားလ်စီးတီးအ သင်းများနှင့် ဂျာစီစပွန်ဆာအဖြစ် စာချုပ်ချုပ်ဆိုထားသည်။

Adidas အားကစားကုမ္ပဏီ သည် မန်ယူအသင်းအား ယင်းကဲ့ သို့ စံချိန်တင်ကြေးဖြင့် ဂျာစီစပွန် ဆာပေးရန်ဆုံးဖြတ်ခဲ့ခြင်းမှာ နည်း ပြသစ်ဖြစ်လာမည့် လူးဝစ်ဗန်ဟားလ် ကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ် သူအချို့မှ သုံးသပ်ခဲ့ကြသည်။

WKM

Yangon Media Group
 ပရီးမီးယားလိဂ်ထိပ်သီးကလပ် အသင်းကြီးဖြစ်သည့် မန်ယူအသင်း သည် ၁၃နှစ်ကျော်ကြာ လက်တွဲခဲ့ သည့် အမေရိကန်အားကစား ကုမ္ပ ဏီ Nike နှင့် ရာသီကုန်တွင် လမ်းခွဲ ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ဂျာမနီ အားကစားကုမ္ပဏီ Adidas နှင့် ကမ္ဘာ့စံချိန်တင် ဂျာစီစပွန်ဆာကြေး ဖြစ်သည့် ပေါင်သန်း ၇၅ဝဖြင့် စာ ချုပ်သစ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် လက်ရှိ ၂ဝ၁၄- ၂ဝ၁၅ ဘောလုံးရာသီတွင် Nike ကုမ္ပဏီထုတ် ဂျာစီအင်္ကျီကို ဝတ်ဆင် သွားမည်ဖြစ်ပြီး
ဂျာစီသစ်မိတ်ဆက် မှုကို ပြီးခဲ့သည့် ဇူလိုင်၇ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် ဂျာစီစပွန် ဆာကြေး အများဆုံးရရှိနေသည့် စပိန်လာလီဂါကလပ် ရီးရဲလ်မက် ဒရစ်အသင်းသည် တစ်နှစ်လျှင် ပေါင် ၃၁ သန်းသာရရှိနေခဲ့ခြင်းကြောင့် မန်ယူအသင်းအနေဖြင့် လာမည့်ရာ သီသစ်တွင် ကမ္ဘာပေါ်၌ ဂျာစီစပွန် ဆာကြေး အများဆုံးရရှိသည့်အ သင်းဖြစ်လာမည်ဖြစ်သည်။

Adidas အားကစားကုမ္ပဏီ သည် လာမည့် ၂ဝ၁၅-၁၆ ဘော လုံးရာသီသစ်တွင် မန်ယူအသင်း ကို ဂျာစီအင်္ကျီစပွန်ဆာပေးရန် ဆုံး ဖြတ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တွင် ၇ သင်းမြောက်အဖြစ် စပွန် ဆာပေးခြင်းဖြစ်လာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ၌ Adidas ကုမ္ပဏီသည် ချဲလ်ဆီး၊ ဆွမ်ဆီး၊ ဆန်းဒါးလန်း၊ ဝက်စ်ဘ ရွန်း၊ ဝက်စ်ဟမ်း၊ ဟားလ်စီးတီးအ သင်းများနှင့် ဂျာစီစပွန်ဆာအဖြစ် စာချုပ်ချုပ်ဆိုထားသည်။

Adidas အားကစားကုမ္ပဏီ သည် မန်ယူအသင်းအား ယင်းကဲ့ သို့ စံချိန်တင်ကြေးဖြင့် ဂျာစီစပွန် ဆာပေးရန်ဆုံးဖြတ်ခဲ့ခြင်းမှာ နည်း ပြသစ်ဖြစ်လာမည့် လူးဝစ်ဗန်ဟားလ် ကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ် သူအချို့မှ သုံးသပ်ခဲ့ကြသည်။

WKM

Yangon Media Group

No comments:

Post a Comment