Wednesday, July 16, 2014

ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရမည်စိုး၍ မြို့တွင်းခရီးသည်တင်ယာဉ်မောင်းအချို့ ယာဉ်မထွက်ရဲကြ

Photo: ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရမည်စိုး၍ မြို့တွင်းခရီးသည်တင်ယာဉ်မောင်းအချို့ ယာဉ်မထွက်ရဲကြ
Wednesday, July 16, 2014

ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ်များ ယာဉ်စည်း ကမ်းဖောက်ဖျက်ပါက ခြောက်လမှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်း အရေးယူသဖြင့် မြို့တွင်းပြေးဆွဲ နေသော ခရီးသည်တင်ယာဉ်အချို့ မပြေးဆွဲကြ၍ ခရီးသည်များ အ ဆင်မပြေဖြစ်နေကြောင်း သတင်းရရှိသည်။

‘‘လှိုင်သာယာကနေ ဆူးလေရောက်ဖို့အတွက် နှစ်နာရီခွဲ လောက်ကားစီးရတယ်။ ကား တစ်စီးလာဖို့အတွက် တော်တော် စောင့်ရတယ်။ လာပြန်ရင်လည်း ကျပ်ညပ်နေတာပဲ။ အလုပ်ချိန်မမီမှာစိုးလို့သာစီးရတာ။ လူက အသက်တောင်မနည်းရှူနေရတယ်’’ ဟု လှိုင်သာယာမှ ဆူးလေသို့ အလုပ်သွားသူကိုစိုးနိုင်ကပြော သည်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ရန်ကုန်မြို့ တွင်းပြေးဆွဲလျက်ရှိသည့် ခရီး သည်တင်ယာဉ်လိုင်းများ လမ်း စည်းကမ်းဖောက်ဖျက်ပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လိုင်စင်ကို ခြောက်လမှ လေးနှစ် အထိ ပိတ်သိမ်းအရေးယူသွား မည်ဟု ဇူလိုင် ၁၁ ရက်က ကြေ ညာခဲ့သည်။ ဇူလိုင် ၁၄ ရက် အထိ ယာဉ်မောင်းများကို အရေးယူမှု တစ်ရာကျော်ရှိပြီး ၎င်းတို့အားလုံး ကို လိုင်စင်ခြောက်လပိတ်ပင် မည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်ကပြောသည်။

ခရီးသည်တင်ယာဉ်လိုင်း များမှ ယာဉ်မောင်းများမှာ လိုင် စင်ပိတ်သိမ်းခံရမည့် အရေးကို စိုးရိမ်သည့်အတွက် ယာဉ်ပိုင်ရှင် များက ပြေးဆွဲခိုင်းသော်လည်း မပြေးဆွဲကြဟု ယာဉ်ပိုင်ရှင်က ပြောသည်။

‘‘အခုထုတ်ထားတဲ့ ဥပဒေ က အရမ်းပြင်းထန်လွန်းတယ်။ ယာဉ်မောင်းတွေက လိုင်စင် အ သိမ်းခံရမှာစိုးတဲ့အတွက် မမောင်းကြဘူး။ အခုဆိုရင် လိုင်းတစ်လိုင်းမှာ ယာဉ်တစ်ဝက်လောက်ပဲ ထွက်တယ်။ ထွက်တဲ့ယာဉ်တွေ ကလည်း အရာရှိပိုင်ယာဉ်တွေပဲ ထွက်ကြတယ်’’ဟု(၁၂၄) ယာဉ် လိုင်းမှ ယာဉ်ပိုင်ရှင် ဦးခင်မောင် ၀င်းကပြောသည်။

ခရီးသည်တင်ယာဉ်လိုင်း များမှ ယာဉ်မောင်းများသည် မြို့ တွင်းခရီးသည်တင်ယာဉ်များတွင် မောင်းနှင်ခြင်းမရှိတော့ဘဲ အဝေး ပြေးယာဉ်လိုင်းများသို့ ပြောင်းရွှေ့မှုများရှိနေပြီး အချို့ယာဉ်မောင်း များမှာလည်း ကုန်တင်ယာဉ် ပြောင်းလဲမောင်းနှင်နေသည့်အ တွက် နောက်ပိုင်းတွင် မြို့တွင်း မောင်းနှင်မည့် ယာဉ်မောင်းများ ရှားပါးလာနိုင်သည်ဟု အဆိုပါ ယာဉ်ပိုင်ရှင်ကပြောသည်။

‘‘နေ့တိုင်းသွားလာနေရ တာ။ ဒီကားတွေကမထွက်တော့ ဘာနဲ့ သွားရမှာလဲ။ လာတဲ့ ကား ကျပြန်တော့လည်း လူကို ငါးပိသိပ်သလိုတင်တယ်။ ရုံးတက်ရုံးဆင်း အချိန်တွေဆို ပိုဆိုးတယ်။ တက္က စီလည်း မစီးနိုင်တော့ လိုင်းကား မလာမချင်း စောင့်စီးနေရတယ်’’ ဟု ရွှေပြည်သာမြို့နေ မသီတာက ပြောသည်။

ဇူလိုင် ၁၄ ရက်တွင်ခရီးသည်တင်ယာဉ်လိုင်းများ မပြေးဆွဲခဲ့ သဖြင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအ ခက်အခဲဖြစ်ခဲ့ပြီး ရန်ကုန်အ နောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ စီစဉ်မှုဖြင့် ကျောင်းရှေ့မှ သမကုန်းအထိ အခမဲ့လိုက်လံပို့ဆောင်ပေးကာ အကူအညီပေးခဲ့ရသည်ဟု သိရ သည်။

‘‘ယာဉ်မောင်းတစ်ယောက် ကို လိုင်စင်ခြောက်လပိတ်မယ်ဆို တော့ ယာဉ်မောင်းတွေက မမောင်းရဲကြဘူး။ အဲဒီတော့ ယာဉ်တွေ မထွက်နိုင်ဘူး။ အဖမ်း ခံရတဲ့ ယာဉ်မောင်းက ခြောက်လ လောက်ဘာအလုပ်သွားလုပ်ရ မှာလဲ။ ယာဉ်မောင်းတွေရဲ့ ထမင်းစားလက်မှတ်ကို သိမ်းမှာတော့ ဘယ်သူမှ မောင်းကြမှာ မဟုတ် ဘူး’’ဟု(၃၃၃)ယာဉ်လိုင်းမှ ယာဉ် မောင်းတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲ သည့် ၃၉၊ ၄၈၊ ၃၃၃၊ ၃၉(အထူး) ၈၈(သန်မြန်သူ)၊ ၅၁၊ ၃၄၊ မေတ္တာလှိုင်း၊ ၁၂၄ အစရှိသည့် ယာဉ်လိုင်းများမှ ယာဉ်များသည် ဇူလိုင် ၁၁ ရက်မှစကာ အနည်း ငယ်သာ ပြေးဆွဲလျက်ရှိပြီး နောက်ရက်များတွင်လည်း ယာဉ် လိုင်းများမှ ယာဉ်မောင်းများ သပိတ်မှောက်သည့်အနေဖြင့် ယာဉ်လိုင်းများမထွက်ရန် စီစဉ် နေကြသည်ဟု ၃၆ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်ကိုကျော်နိုင်က ပြောသည်။

7 Day Daily

ယာဉ်ကြောရှုပ်ထွေးသည့် ရန်ကုန်မြို့ ဗဟိုလမ်းဝန်းကျင်တွင် လိုင်းကားများ မောင်းနှင်နေစဉ်(ဓာတ်ပုံ−နစ်ကီ)
ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ်များ ယာဉ်စည်း ကမ်းဖောက်ဖျက် ပါက ခြောက်လမှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်း အရေးယူသဖြင့် မြို့တွင်းပြေးဆွဲ နေသော ခရီးသည်တင်ယာဉ်အချို့ မပြေးဆွဲကြ၍ ခရီးသည်များ အ ဆင်မပြေဖြစ်နေကြောင်း သတင်းရရှိသည်။

‘‘လှိုင်သာယာကနေ ဆူးလေရောက်ဖို့အတွက် နှစ်နာရီခွဲ လောက်ကားစီးရတယ်။ ကား
တစ်စီးလာဖို့အတွက် တော်တော် စောင့်ရတယ်။ လာပြန်ရင်လည်း ကျပ်ညပ်နေတာပဲ။ အလုပ်ချိန်မမီမှာစိုးလို့သာစီးရတာ။ လူက အသက်တောင်မနည်းရှူနေရတယ်’’ ဟု လှိုင်သာယာမှ ဆူးလေသို့ အလုပ်သွားသူကိုစိုးနိုင်ကပြော သည်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ရန်ကုန်မြို့ တွင်းပြေးဆွဲလျက်ရှိသည့် ခရီး သည်တင်ယာဉ်လိုင်းများ လမ်း စည်းကမ်းဖောက်ဖျက်ပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လိုင်စင်ကို ခြောက်လမှ လေးနှစ် အထိ ပိတ်သိမ်းအရေးယူသွား မည်ဟု ဇူလိုင် ၁၁ ရက်က ကြေ ညာခဲ့သည်။ ဇူလိုင် ၁၄ ရက် အထိ ယာဉ်မောင်းများကို အရေးယူမှု တစ်ရာကျော်ရှိပြီး ၎င်းတို့အားလုံး ကို လိုင်စင်ခြောက်လပိတ်ပင် မည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်ကပြောသည်။

ခရီးသည်တင်ယာဉ်လိုင်း များမှ ယာဉ်မောင်းများမှာ လိုင် စင်ပိတ်သိမ်းခံရမည့် အရေးကို စိုးရိမ်သည့်အတွက် ယာဉ်ပိုင်ရှင် များက ပြေးဆွဲခိုင်းသော်လည်း မပြေးဆွဲကြဟု ယာဉ်ပိုင်ရှင်က ပြောသည်။

‘‘အခုထုတ်ထားတဲ့ ဥပဒေ က အရမ်းပြင်းထန်လွန်းတယ်။ ယာဉ်မောင်းတွေက လိုင်စင် အ သိမ်းခံရမှာစိုးတဲ့အတွက် မမောင်းကြဘူး။ အခုဆိုရင် လိုင်းတစ်လိုင်းမှာ ယာဉ်တစ်ဝက်လောက်ပဲ ထွက်တယ်။ ထွက်တဲ့ယာဉ်တွေ ကလည်း အရာရှိပိုင်ယာဉ်တွေပဲ ထွက်ကြတယ်’’ဟု(၁၂၄) ယာဉ် လိုင်းမှ ယာဉ်ပိုင်ရှင် ဦးခင်မောင် ၀င်းကပြောသည်။

ခရီးသည်တင်ယာဉ်လိုင်း များမှ ယာဉ်မောင်းများသည် မြို့ တွင်းခရီးသည်တင်ယာဉ်များတွင် မောင်းနှင်ခြင်းမရှိတော့ဘဲ အဝေး ပြေးယာဉ်လိုင်းများသို့ ပြောင်းရွှေ့မှုများရှိနေပြီး အချို့ယာဉ်မောင်း များမှာလည်း ကုန်တင်ယာဉ် ပြောင်းလဲမောင်းနှင်နေသည့်အ တွက် နောက်ပိုင်းတွင် မြို့တွင်း မောင်းနှင်မည့် ယာဉ်မောင်းများ ရှားပါးလာနိုင်သည်ဟု အဆိုပါ ယာဉ်ပိုင်ရှင်ကပြောသည်။

‘‘နေ့တိုင်းသွားလာနေရ တာ။ ဒီကားတွေကမထွက်တော့ ဘာနဲ့ သွားရမှာလဲ။ လာတဲ့ ကား ကျပြန်တော့လည်း လူကို ငါးပိသိပ်သလိုတင်တယ်။ ရုံးတက်ရုံးဆင်း အချိန်တွေဆို ပိုဆိုးတယ်။ တက္က စီလည်း မစီးနိုင်တော့ လိုင်းကား မလာမချင်း စောင့်စီးနေရတယ်’’ ဟု ရွှေပြည်သာမြို့နေ မသီတာက ပြောသည်။

ဇူလိုင် ၁၄ ရက်တွင်ခရီးသည်တင်ယာဉ်လိုင်းများ မပြေးဆွဲခဲ့ သဖြင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအ ခက်အခဲဖြစ်ခဲ့ပြီး ရန်ကုန်အ နောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ စီစဉ်မှုဖြင့် ကျောင်းရှေ့မှ သမကုန်းအထိ အခမဲ့လိုက်လံပို့ဆောင်ပေးကာ အကူအညီပေးခဲ့ရသည်ဟု သိရ သည်။

‘‘ယာဉ်မောင်းတစ်ယောက် ကို လိုင်စင်ခြောက်လပိတ်မယ်ဆို တော့ ယာဉ်မောင်းတွေက မမောင်းရဲကြဘူး။ အဲဒီတော့ ယာဉ်တွေ မထွက်နိုင်ဘူး။ အဖမ်း ခံရတဲ့ ယာဉ်မောင်းက ခြောက်လ လောက်ဘာအလုပ်သွားလုပ်ရ မှာလဲ။ ယာဉ်မောင်းတွေရဲ့ ထမင်းစားလက်မှတ်ကို သိမ်းမှာတော့ ဘယ်သူမှ မောင်းကြမှာ မဟုတ် ဘူး’’ဟု(၃၃၃)ယာဉ်လိုင်းမှ ယာဉ် မောင်းတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲ သည့် ၃၉၊ ၄၈၊ ၃၃၃၊ ၃၉(အထူး) ၈၈(သန်မြန်သူ)၊ ၅၁၊ ၃၄၊ မေတ္တာလှိုင်း၊ ၁၂၄ အစရှိသည့် ယာဉ်လိုင်းများမှ ယာဉ်များသည် ဇူလိုင် ၁၁ ရက်မှစကာ အနည်း ငယ်သာ ပြေးဆွဲလျက်ရှိပြီး နောက်ရက်များတွင်လည်း ယာဉ် လိုင်းများမှ ယာဉ်မောင်းများ သပိတ်မှောက်သည့်အနေဖြင့် ယာဉ်လိုင်းများမထွက်ရန် စီစဉ် နေကြသည်ဟု ၃၆ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်ကိုကျော်နိုင်က ပြောသည်။

7 Day Daily

ယာဉ်ကြောရှုပ်ထွေးသည့် ရန်ကုန်မြို့ ဗဟိုလမ်းဝန်းကျင်တွင် လိုင်းကားများ မောင်းနှင်နေစဉ်(ဓာတ်ပုံ−နစ်ကီ)

No comments:

Post a Comment