AGD ဘဏ် ရှယ်ယာရောင်းဝယ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ဝယ်ယူငွေများ ငွေဖြူ
ဟုတ် မဟုတ်စသည်တို့နှင့်ပတ်သက်၍ လည်းကောင်း ငွေကြေးဆိုင်ရာ
စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ြေ ကာင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြောကြားသည်။
အဆိုပါ AGD ဘဏ် ရှယ်ယာလွှဲပြောင်းရေးနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့အ
စစ်ဆေးမှုတွေအားလုံးပြီးသွားရင်ေ
လက်ရှိတွင် AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ဝယ်ယူထားပြီး ရာခိုင်နှုန်း ၆ဝ အထိ ဝယ်ယူရန် သဘောတူညီထားပြီးဖြစ်ကြောင်းနှင်
ခြောက်လအတွင်းဟုဆိုရာတွင် ဘဏ်ရှယ်ယာများဝယ်ယူနိုင်ရန်အတွက
ဝယ်ယူသည့် ဈေးနှုန်းများမှာမူ လက်ရှိတွင် ထုတ်ဖော်ပြောကြားခြင်းမပြုနိုင်
AGD ဘဏ်တွင် စုစုပေါင်း အစုရှယ်ယာ ၆၁ဝဝဝဝ ကျော်ရှိကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် အစုရှယ်ယာ ၉ဝဝဝဝ ကို ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိရောင်းချပြီး အစုရှယ်ယာ ၉ဝဝဝဝ ကို Mikko အုပ်စုမှ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့က အများဆုံးဝယ်ယူခြင်းဖြစ်ပြီး ဦးကျော်နေဝင်းက ၁ဝ ပုံ တစ်ပုံဖြစ်သောပမာဏ (၉ဝဝဝ ဟု စုံစမ်းသိရှိရ)ကို ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
AGD ဘဏ်၏ အစုရှယ်ယာများထဲမှ ရာခိုင်နှုန်း ၆ဝ အထိရောင်းချရန်အတွက် ရှယ်ယာရှင်များနှင့် ဝယ်ယူသူများကြား သဘောတူညီထားပြီးဖြစ်ကြောင်း၊ သို့သော် ဗဟိုဘဏ်သို့တင်ပြ၍ ဗဟိုဘဏ်ခွင့်ပြုမှသာ ရာခိုင်နှုန်း ၆ဝ အထိ ရောင်းချမည်ဖြစ်ကြောင်းကိုလည်း AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
AGD ဘဏ်တာဝန်ရှိသူတစ်ဦးက“အခု ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ ဘဏ်ရဲ့ အစုရှယ်ယာထဲက ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ရှယ်ယာ ၉ဝဝဝဝ ကိုရောင်းချခဲ့ပါတယ်။ ဘဏ်မှာ ရှယ်ယာပေါင်း ခြောက်သိန်းကျော် ရှိပါတယ်။ ရာခိုင်နှုန်း ၆ဝ အထိ ရောင်းဖို့ကိုတော့ ရှယ်ယာရှင်တွေနဲ့ ဝယ်ယူသူတွေ သဘောတူထားပါတယ်။ ရက်ပိုင်းအတွင်း အစုရှယ်ယာ ၂ဝဝဝဝဝ ကျော်ကို ထပ်မံရောင်းချဖို့အတွက် ဗဟိုဘဏ်ကို တင်ပြသွားပါမယ်။ ထပ်မံဝယ်ယူတဲ့အခါမှာလည်း လက်ရှိ ၁၅ ရာခိုင်နှုန်းကို ဝယ်ထားတဲ့သူတွေကပဲ အများဆုံးထပ်ဝယ်မှာပါ” ပြောကြားသည်။
ကျပ်ဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် ဘဏ်ရှယ်ယာများကို ဝယ်ယူရန်အတွက်ဆိုပါက အခွန်ငွေကျပ်ဘီလျံ ဆယ်ဖြင့်ချီကာ ပေးဆောင်ထားသည့် ဝင်ငွေရလမ်းပြနိုင်သော ငွေများရှိမှသာ ဝယ်ယူနိုင်မည်ဖြစ်သည်။
ကျပ်ဘီလျံများစွာ အသုံးပြု၍ AGD ဘဏ် ရှယ်ယာများကို အများဆုံးဝယ်ယူသူ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့သည် Mikko Snack Industry လီမိတက်၊ Golden Key ကုမ္ပဏီလီမိတက်၊ MMC ကုမ္ပဏီလီမိတက်နှင့် Gold Roast Group ကုမ္ပဏီများ ဖြင့် ဆက်စပ်ပတ်သက် လုပ်ကိုင်ခဲ့သူများဖြစ်သည်။
ယခင်နှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅ဝဝ ဦးစာရင်းတွင်မူ အဆိုပါကုမ္ပဏီများထဲမှ Golden Key ကုမ္ပဏီနှင့် Gold Roast ကုမ္ပဏီအမည်များသာ ပါဝင်ကြောင်း၊ Golden Key ကုမ္ပဏီသည် ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၅ဝဝ ဦးစာရင်းတွင် အဆင့် ၂၂၄ ရှိကြောင်း၊ Gold Roast ကုမ္ပဏီသည် ဝင်ငွေခွန် ၅ဝဝ ဦးစာရင်းတွင် အဆင့် ၄၉၆ ဖြင့် အောက်ဆုံးနားတွင် ပေးဆောင်ထားပြီး ကုန်သွယ်လုပ်ငန်းခွန်ထိပ်တန်း ၅ဝဝ စာရင်းတွင် အဆင့် ၁၆၆ တွင်ပေးဆောင်ထားသည်ကို ထုတ်ပြန်ချက်များအရ သိရသည်။
ထိုသို့ပေးဆောင်ထားမှုများအရဆိုပ
ဘဏ်လုပ်ငန်းမှာ အများပြည်သူယုံကြည်မှုဖြင့် လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သည့်အတွက် ငွေဖြူ ဟုတ် မဟုတ်၊ ဝင်ငွေရလမ်းပြနိုင်မှု ရှိ မရှိစသည်ဖြင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်၏ စစ်ဆေးချက်ရလဒ်ကို ပွင့်လင်းမြင်သာစွာချပြရန်လိုအပ
“ငွေဖြူငွေမည်း စစ်ဆေးတယ်ဆိုတာက ဗဟိုဘဏ်ထက်စာရင် ပြည်ထဲရေးဝန်ကြီးဌာနကပဲ တာဝန်ရှိတာမျိုးပါ။ ဗဟိုဘဏ်နဲ့ က ဆိုင်တော့ဆိုင်တယ်။ ဒါပေမဲ့ တိုက်ရိုက်ဆိုင်တာမျိုးတော့ မဟုတ်ဘူး။ နောက်တစ်ခုက လူတစ်ယောက်က money laundering လုပ်နေလား မနေဘူးလားဆိုတာ ဗဟိုဘဏ်နဲ့ မဆိုင်ဘူး။ အဲဒါ ပြည်ထဲရေးနဲ့ပဲ ဆိုင်ပါတယ်။ ဒါပေမဲ့ ငွေချေးမယ်ဆိုတဲ့ကိစ္စ (offshore loans) ကတော့ ဗဟိုဘဏ်ကနေ လက်ခံမှချေးလို့ရတာပါ”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Eleven
No comments:
Post a Comment