Friday, July 25, 2014

လားရှိုး-ကွမ်းလုံ ကားလမ်းပေါ်တွင် မြေပြိုမှုကြောင့် မြေတူးစက် ကျသွားသောဖြစ်စဉ်မှ ယာဉ်အကူအား တစ်ရက်ကျော်အကြာ၌ အသက်ရှင်လျက် ပြန်တွေ့

ဇူလိုင် ၂၂ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-ကွမ်းလုံ ကားလမ်းပေါ်တွင် ဇူလိုင် ၂၂ ရက်က ဖြစ်ပွားခဲ့သော လူနှစ်ဦးပါဝင်သော မြေတူးစက်တစ်စီး မြေပြို မှုကြောင့် ပေ ၁ဝဝ ခန့်အနက်သို့ ပြုတ်ကျ သွားခဲ့ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ ဇူလိုင် ၂၃ ရက် ည ၇ နာရီခန့်တွင် မြေတူးစက်မှ ယာဉ်အကူ ကျော်ဇင်အား မြေကြီးအောက်တွင် အသက်ရှင်လျက် တွေ့ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၂၂ ရက် နံနက် ၁၁ နာရီခွဲတွင် လားရှိုး-ကွမ်းလုံ ကားလမ်းမပေါ်တွင် အမြင့်ကိုက် ၂၅ဝ မှ မြေကမ်းပါးပြိုမှုကြောင့် လမ်းပေါ်တွင် ပိတ်နေသည့် ရွှံစေးများအား အေးရှားဝေါလ် ကုမ္ပဏီပိုင် မြေတူးစက်နှစ်စီးဖြင့် ရှင်းလင်းနေပြီး အဆိုပါမြေတူးစက် နှစ်စီးအနက် ယာဉ်မောင်း အေးချမ်းအောင်နှင့် ယာဉ်အကူ ကျော်ဇင်တို့ မောင်းနှင်သော မြေတူး စက်သည် မြေပြိုမှုကြောင့် ကားလမ်းဘေးရှိ ပေ ၁ဝဝ ခန့်အနက်ရှိသည့် ချောက်ထဲသို့ ကျသွားကြောင်း သိရသည်၊။

အဆိုပါမြေပြိုမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အေးရှားဝေါလ်ကုမ္ပဏီမှ ဝန်ထမ်းများ၊ ဒေသခံများက ဇူလိုင် ၂၂ ရက် နံနက် ဝဝ နာရီ ၃ဝ မိနစ်မှစ၍ ရှာဖွေ ကယ်ဆယ်ရေးများ ပြုလုပ်နေပြီး၊ ဇူလိုင် ၂၃ ရက် ည ၇ နာရီကျော်တွင် မြေတူးစက်မှ ယာဉ်အကူဖြစ်သူ ကျော်ဇင်အား မြေကြီးအောက်တွင် အသက်ရှင်လျက် ပေါင်ကျိုး ဒဏ်ရာ များနှင့် တွေ့ရှိခဲ့ပြီး မြေတူးစက် နှင့် ယာဉ်မောင်းဖြစ်သူ မောင်အေးချမ်းအောင် တို့ကိုမူ ယခုအချိန်အထိ မတွေ့ရှိသေးကြောင်း သိရသည်။

“ပြုတ်ကျသွားတဲ့သူတွေကို သက်ဆိုင်ရာတွေက ရှာဖွေနေပါတယ်။ ဇူလိုင် ၂၃ ရက် ည ၇ နာရီမှာ ယာဉ်အကူဖြစ်သူအား တွေ့ပါတယ်။ အသက်တော့ မသေပါဘူး။ ကျန်တဲ့မြေတူးစက်တွေနဲ့ ယာဉ်မောင်းဖြစ်သူကို မတွေ့ရှိရသေးပါဘူး”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်နိုင်က ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ပြောကြားသည်။

Eleven

No comments:

Post a Comment