Thursday, July 10, 2014

ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်

Photo: ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်
Thursday, July 10, 2014 

ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုပွဲပြီးသည်အထိ
တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ဖြင့် နောက်ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။ 

အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာကွယ်မှုများကြောင့်
အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံးဗိုလ်လုပွဲဆီကိုတက်ရောက်သွားနိုင်ခဲ့သည်။ ရိုမီရိုသည် နယ်သာလန်အသင်းမှ ဗီလာ နှင့် ရှနိုက်ဒါတို့ကန်သွင်းသည့် ပင်နယ်တီနှစ်လုံးကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကတော့ ပင်နယ်တီကန်သွင်းမှုတိုင်းမှာ အမှားအယွင်းမရှိခဲ့သည့်အတွက် လေးဂိုးမြောက်ကန်သွင်းအပြီးမှာ ဖိုင်နယ်လှေကားတက်ရောက်ခွင့် အဖြေထုတ်သွားနိုင်ခဲ့သည်။ 

အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကိုရခဲ့တာကြောင့်ရိုမီရိုအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလား၏ ရွှေလက်အိတ်ဆုအတွက် မျှော်လင့်ချက်အားကောင်းနေသည်။ အာဂျင်တီးနားအနိုင်ကြောင့် ဖိုင်နယ်ပွဲစဉ် နှင့် တတိယလုပွဲ ပွဲစဉ်သည်
ဥရောပ နှင့် တောင်အမေရိကအသင်းများ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်ရတော့မည်ဖြစ်၏။ အာဂျင်တီးနားအသင်းသည်
ကမ္ဘာ့ဖလား ပင်နယ်တီ အဆုံးအဖြတ် (၅)ကြိမ်တွင် (၄)ကြိမ်အနိုင်ရခဲ့သလို ကမ္ဘာ့ဖလား၏ ဆီးမီးပွဲစဉ်တိုင်းကို ဖြတ်ကျော်နိုင်သည့် 
အသင်းလည်းဖြစ်ခဲ့သည်။ နယ်သာလန်အသင်းသည် ပြီးခဲ့သည့် ၉၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးကို ပင်နယ်တီမှာရှုံးနိမ့်ခဲ့ဖူးသည့် အတွက် တောင်အမေရိကအသင်းများကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆီးမီးဖိုင်နယ်မှာ ရှုံးခဲ့သည့် အစဉ်အလာဖြစ်သွားသည်။ အာဂျင်တီးနားအသင်းသည် 
ဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်အသင်းအား ဂိုးပြတ်နဲ့ချေမှုန်းလာသည့် ဂျာမနီအသင်းနဲ့ ရီရိုမြေမှာ ဂျူလိုင်လ ၁၄ ရက်နေ့မနက်မှာ 
ချန်ပီယံမှတ်တမ်းရေးထိုးနိုင်ရေး ထပ်မံအဖြေထုတ်ရတော့မည်ဖြစ်၏။။။။ 

မိုးတိမ်

Football Café
ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ပွဲပြီးသည်အထိတစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီ အဆုံး အဖြတ်ဖြင့် နောက် ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။
အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာ ကွယ်မှု များကြောင့်အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုး ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံး
ဗိုလ်လုပွဲ ဆီကိုတက်ရောက်သွားနိုင်ခဲ့သည်။ ရိုမီရိုသည် နယ်သာလန်အသင်းမှ ဗီလာ နှင့် ရှနိုက်ဒါတို့ကန်သွင်းသည့် ပင်နယ်တီနှစ်လုံးကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကတော့ ပင်နယ်တီ ကန်သွင်းမှုတိုင်းမှာ အမှားအယွင်းမရှိခဲ့သည့်အတွက် လေးဂိုးမြောက်ကန်သွင်းအပြီးမှာ ဖိုင်နယ်လှေကား တက်ရောက်ခွင့် အဖြေထုတ်သွားနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကိုရခဲ့တာကြောင့်ရိုမီရိုအနေဖြင့် ယခုနှစ်ကမ္ဘာ့ ဖလား၏ ရွှေလက်အိတ်ဆုအတွက် မျှော်လင့်ချက်အားကောင်းနေသည်။ အာဂျင်တီးနားအနိုင်ကြောင့် ဖိုင်နယ်ပွဲစဉ် နှင့် တတိယလုပွဲ ပွဲစဉ်သည်ဥရောပ နှင့် တောင်အမေရိကအသင်းများ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်ရတော့မည်ဖြစ်၏။ အာဂျင်တီးနားအသင်းသည်ကမ္ဘာ့ဖလား ပင်နယ်တီ အဆုံးအဖြတ် (၅)ကြိမ်တွင် (၄)ကြိမ်အနိုင်ရခဲ့သလို ကမ္ဘာ့ဖလား၏ ဆီးမီးပွဲစဉ်တိုင်းကို ဖြတ်ကျော်နိုင်သည့် အသင်းလည်းဖြစ်ခဲ့သည်။ နယ်သာလန်အသင်းသည် ပြီးခဲ့သည့် ၉၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးကို ပင်နယ်တီမှာရှုံးနိမ့်ခဲ့ဖူးသည့် အတွက် တောင်အမေရိကအသင်းများကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆီးမီးဖိုင်နယ်မှာ ရှုံးခဲ့သည့် အစဉ်အလာဖြစ်သွားသည်။ အာဂျင်တီးနားအသင်းသည် ဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်အသင်းအား ဂိုးပြတ်နဲ့ချေမှုန်းလာသည့် ဂျာမနီအသင်းနဲ့ ရီရိုမြေမှာ ဂျူလိုင်လ ၁၄ ရက်နေ့မနက်မှာ ချန်ပီယံမှတ်တမ်းရေး ထိုးနိုင်ရေး ထပ်မံအဖြေထုတ်ရတော့မည်ဖြစ်၏။။။။

မိုးတိမ်

Football Café

No comments:

Post a Comment