Thursday, July 10, 2014

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသော မွန်းတည့်နေဂျာနယ်နှစ်စောင်စလုံး ထုတ်ဝေမှု တစ်ပတ်ရပ်နားမည်

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှုအက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသော မွန်းတည့်နေဂျာနယ်နှင့် Bi မွန်းတည့်နေဂျာနယ် နှစ်စောင်စလုံး ထုတ်ဝေမှုတစ်ပတ် ရပ်နားသွားမည်ဖြစ်ကြောင်း မွန်းတည့်နေဂျာနယ်မှ
သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က The Daily Eleven သို့ ပြောကြားသည်။

“အဓိက ကတော့ အယ်ဒီတာတွေမှ မရှိတာ။ ဘယ်လိုလုပ် ဂျာနယ်ထုတ်လို့အဆင်ပြေမှာလဲ။ ဖမ်းဆီး စစ်ဆေး ခံနေရတဲ့ထဲက အယ်ဒီတာတစ်ဦးဖြစ်တဲ့ ကိုဝင်းတင်ကိုတော့ ၂၄ နာရီ မပြည့်ခင် ပြန် လွှတ်ပေးမယ်ဆိုပြီး သူ့မိသားစုဆီကို ဖုန်းဆက်ထားတယ်။ တာဝန်ခံအယ်ဒီတာဖြစ်တဲ့ ကိုနိုင်စိုင်းအောင်ကတော့ ကျိုက်ဝိုင်းစစ်ကြောရေးစခန်း အမှတ်(၁၆) မှာ ရောက်နေတယ်လို့ သတင်းကြားထားတယ်”ဟု ၎င်းင်းကပြောကြားသည်။

ဇူလိုင် ၇ ရက်က ဖြန့်ချိခဲ့သော Bi မွန်းတည့်နေဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် “ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူ များက တင်မြှောက်ကြောင်း MDCF ကထုတ်ပြန်”သတင်းတွင် ပါဝင်သော အကြောင်းအရာများနှင့် ပတ်သက်၍ မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင်နှင့် အယ်ဒီတာ အဖွဲ့ဝင်များဖြစ်သော ကိုဝင်းတင်၊ ကိုရဲမင်းအောင် တို့ကို သတင်းတပ်ဖွဲ့က ဇူလိုင် ၈ ရက် နံနက် အစောပိုင်းက ၎င်းတို့သုံးဦး၏ နေအိမ်များမှ လာရောက်ခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ရဲသတင်းတပ်ဖွဲ့မှ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဇူလိုင် ၈ ရက် ည ၉ နာရီခန့်က ယင်းသတင်းကို ရေးသားခဲ့သော Bi မွန်းတည့်နေဂျာနယ်မှ သတင်းထောက်ကိုမင်းဝဿန်ကို မြောက်ဒဂုံ မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် အုပ်ချုပ်ရေးမှူး နှင့်အတူ ရဲသတင်းတပ်ဖွဲ့ဝင်များက စစ်ဆေးရန် ထပ်မံခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိတွင် ပန်းဘဲတန်းမြို့မရဲစခန်း က ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ဃ)/(ည)ဖြင့် တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင်၊ အယ်ဒီတာအဖွဲ့ဝင်များဖြစ်သော ကိုဝင်းတင်၊ ကိုရဲမင်းအောင်တို့ကို ရဲမှူးသိန်းထွန်း (အမှတ် (၂)သတင်းတပ်ဖွဲ့ခွဲရုံး)က တရားလိုပြုလုပ်ကာ အမှုဖွင့်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment