Monday, July 28, 2014

ရန်ကုန်တွင် တာဝန်ထမ်းဆောင်ရန် အထက်တန်းပြ ၄၀၀ ကျော် ခေါ်ယူ၊ လုပ်သက် ကန့်သတ်ချက် ပယ်ဖျက်

Photo: ရန်ကုန်တွင် တာဝန်ထမ်းဆောင်ရန် အထက်တန်းပြ ၄၀၀ ကျော် ခေါ်ယူ၊ လုပ်သက် ကန့်သတ်ချက် ပယ်ဖျက် 

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်နေသော အထက်တန်းပြနေရာ လေးရာကျော်အတွက် ရာထူးတိုးနှင့် အပြောင်းအရွှေ့ လျှောက်ထားသူ အလယ်တန်းပြ ဆရာ၊ ဆရာမများကို လုပ်သက် ကန့်သတ်ချက် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြာရေးမှူး (စီမံ) ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။

သို့သော် လျှောက်ထားမည့် အလယ်တန်းပြ ဆရာ၊ ဆရာမများမှာ ပညာရေးဘွဲ့ ရပြီးသား ဖြစ်ရမည် ဖြစ်ကြောင်း၊ မူလ ကန့်သတ်ထားသည့် လုပ်သက် ၂ နှစ် ရှိရမည် ဆိုသည့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျောင်းခွဲများတွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်သင် ဆရာ ၄၇၀ ကျော် လစ်လပ်နေသောကြောင့် အဆိုပါ နေရာများအတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနသို့ လာရောက် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ ရန်ကုန်တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များတွင် လစ်လပ်နေရာ ၄၀၀ ကျော် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေးဘွဲ့ ရရှိထားသူ အလယ်တန်းပြဆရာ၊ ဆရာမတိုင်း ယင်းလစ်လပ် နေရာများကို လျှောက်ထားခွင့် ပြုလိုက်ကြောင်း ဦးညွှန့်ရွှေက ပြောဆိုသည်။
“အဓိကတော့ ကျွန်တော်တို့က အထက်တန်း ကျောင်းသားတွေအတွက် ပညာသင်ဖို့ အခွင့်အလမ်း ပိုရစေချင်လို့ပါ။ ဒုတိယကတော့ ဆရာ၊ ဆရာမတွေဘဝ မြင့်မားရေးလည်း ပါတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တွံ့တေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တို့တွင် လစ်လပ်နေရာများ ရှိသေးကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

“အရင်ကဆို ပညာရေးဘွဲ့ ရတာချင်း တူရင်တောင် လုပ်သက်အနုအရင့် ရွေးတာဝန်ပေးတယ်။ အရင်တုန်းက အလယ်တန်း လုပ်သက် ၂ နှစ်ပြည့်မှ ရွေးတာ။ မူလ သက်မှတ်ချက်ထက်တော့ လျော့ထားတယ်” ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ယင်းနှင့်ပတ်သက်၍ ပညာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာခင်ဇော်က “B.Ed နဲ့ ပြီးထားလို့ အရည်အသွေးကတော့ ရှိပြီးသား။ ဒီဆရာမတွေကို ကျောင်းအုပ်ထိတောင် တစ်ခါတည်း ပေးလို့ရတယ်။ အထက်တန်းပြ အတွက်လည်း သင်တန်းပေးပြီးသားမို့ တစ်ခါတည်း သင်လို့ရတယ်။ တော်ရင် တော်သလို မတော်ရင် မတော်သလိုတော့ စီမံသွားလို့ ရတာပေါ့” ဟု The Voice သို့ ပြောကြားသည်။

စိတ်ဝင်စားသော အလယ်တန်းပြ ဆရာ၊ ဆရာမများသည် ဇူလိုင်လကုန်မှ စတင်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်များမှတစ်ဆင့် မြို့နယ်ပညာရေးမှူး ရုံးများထံ လျှောက်ထားနိုင်ကြောင်း၊ တာဝန်ထမ်းဆောင်ရမည့် စာရင်းကို ရက် ၃၀ အတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။                    

(နေဇာကျော်)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်နေသော အထက်တန်းပြနေရာ လေးရာကျော်အတွက် ရာထူးတိုးနှင့် အပြောင်းအရွှေ့ လျှောက်ထားသူ အလယ်တန်းပြ ဆရာ၊ ဆရာမများကို လုပ်သက် ကန့်သတ်ချက် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြာရေးမှူး (စီမံ) ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။

သို့သော် လျှောက်ထားမည့် အလယ်တန်းပြ ဆရာ၊ ဆရာမများမှာ ပညာရေးဘွဲ့ ရပြီးသား ဖြစ်ရမည် ဖြစ်ကြောင်း၊ မူလ ကန့်သတ်ထားသည့် လုပ်သက် ၂ နှစ် ရှိရမည် ဆိုသည့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျောင်းခွဲများတွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်သင် ဆရာ ၄၇၀ ကျော် လစ်လပ်နေသောကြောင့် အဆိုပါ နေရာများအတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနသို့ လာရောက် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ ရန်ကုန်တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များတွင် လစ်လပ်နေရာ ၄၀၀ ကျော် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေးဘွဲ့ ရရှိထားသူ အလယ်တန်းပြဆရာ၊ ဆရာမတိုင်း ယင်းလစ်လပ် နေရာ များကို လျှောက်ထားခွင့် ပြုလိုက်ကြောင်း ဦးညွှန့်ရွှေက ပြောဆိုသည်။
“အဓိကတော့ ကျွန်တော်တို့က အထက်တန်း ကျောင်းသားတွေအတွက် ပညာသင်ဖို့ အခွင့်အလမ်း ပိုရစေချင်လို့ပါ။ ဒုတိယကတော့ ဆရာ၊ ဆရာမတွေဘဝ မြင့်မားရေးလည်း ပါတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တွံ့တေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တို့တွင် လစ်လပ်နေရာများ ရှိသေးကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

“အရင်ကဆို ပညာရေးဘွဲ့ ရတာချင်း တူရင်တောင် လုပ်သက်အနုအရင့် ရွေးတာဝန်ပေးတယ်။ အရင်တုန်းက အလယ်တန်း လုပ်သက် ၂ နှစ်ပြည့်မှ ရွေးတာ။ မူလ သက်မှတ်ချက် ထက်တော့ လျော့ထားတယ်” ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ယင်းနှင့်ပတ်သက်၍ ပညာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာခင်ဇော်က “B.Ed နဲ့ ပြီးထားလို့ အရည်အသွေးကတော့ ရှိပြီးသား။ ဒီဆရာမတွေကို ကျောင်းအုပ်ထိတောင် တစ်ခါတည်း ပေးလို့ရတယ်။ အထက်တန်းပြ အတွက်လည်း သင်တန်းပေးပြီးသားမို့ တစ်ခါတည်း သင်လို့ရတယ်။ တော်ရင် တော်သလို မတော်ရင် မတော်သလိုတော့ စီမံသွားလို့ ရတာပေါ့” ဟု The Voice သို့ ပြောကြားသည်။

စိတ်ဝင်စားသော အလယ်တန်းပြ ဆရာ၊ ဆရာမများသည် ဇူလိုင်လကုန်မှ စတင်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်များမှတစ်ဆင့် မြို့နယ်ပညာရေးမှူး ရုံးများထံ လျှောက်ထားနိုင်ကြောင်း၊ တာဝန်ထမ်းဆောင်ရမည့် စာရင်းကို ရက် ၃၀ အတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

(နေဇာကျော်)

The Voice Weekly

No comments:

Post a Comment