Wednesday, July 16, 2014

အသက်အန္တရာယ်ရှိသည့် ထိခိုက်ဒဏ်ရာရ လူနာများ မည်သည့် ဆေးရုံ၊ ဆေးခန်းတွင်မဆို ကုသနိုင်

Photo: အသက်အန္တရာယ်ရှိသည့် ထိခိုက်ဒဏ်ရာရ လူနာများ မည်သည့် ဆေးရုံ၊ ဆေးခန်းတွင်မဆို ကုသနိုင်
Wednesday, July 16, 2014

အသက်အန္တရာယ်စိုးရိမ် ရသော ထိခိုက်ဒဏ်ရာရလူနာ များကို ရဲစခန်း ဆေးစာမပါဘဲ မည် သည့်ဆေးရုံ၊ ဆေးခန်းများတွင် မဆိုကုသနိုင်ကြောင်း နေပြည် တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။

အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများအား လက် ရှိတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များက ရဲမှုခင်းဖြစ်စဉ်ဟုဆိုကာ လက်မခံဘဲ အစိုးရဆေးရုံကြီး များသို့ သွားရောက်ရန်သာညွှန် ကြားလျက်ရှိသည့် ကိစ္စနှင့် ပတ် သက်၍ နေပြည်တော်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင်ပြုလုပ်သော တရားခံ၊ တရားခံပြေးများ နှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး အုန်းခိုင်က မီဒီယာများအားပြောကြားသည်။

‘‘အမှန်ကတော့ ရဲဆေးစာ မပါလည်း လက်ခံကုသပေးနိုင်ပါ တယ်။ ဘယ်ဆေးရုံ၊ ဆေးခန်း တွေမှာမဆို ကုသပေးနိုင်ပါ တယ်။ဒီအတွက် တာဝန်ရှိသူတွေ ဆေးရုံဆေးခန်းတွေကို အရေးယူတာမရှိပါဘူး။ ဆေးရုံ၊ ဆေးခန်းက အချိန်နှင့် တစ်ပြေးညီရဲစခန်းကို သတင်းပေးရင် ရဲကလည်း ချက်ချင်းဆေးစာလုပ်ပေးရမှာ ဖြစ်ပါတယ်’’ဟု ရဲမှူးကြီး အုန်းခိုင်ကပြောသည်။

အရေးပေါ်ထိခိုက်ဒဏ်ရာရ ရှိ၍ ရောက်ရှိလာသည့် လူနာနှင့် ပတ်သက်၍ သက်ဆိုင်ရာဆရာ ၀န်က ဒဏ်ရာနှင့် ပတ်သက်သည့် ထင်မြင်ယူဆချက်ကို ဆေးစာနှင့် အတူဖြစ်စေ၊ သီးခြားစာရွက်နှင့် ဖြစ်စေ ရေးသား၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ပြန်လည်ပေးပို့ပေးရ မည်ဟု ၎င်းကဆိုသည်။

ထို့အပြင်အသက်ဘေးအန္တ ရာယ်စိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား အချိန်မီ ဆေးကုသနိုင်ရေးနှင့် ပတ်သက်၍ ရဲအမှုအခင်းစစ်ဆေးဆောင်ရွက် ခြင်း၊ မှတ်တမ်းဓာတ်ပုံများ မတင် ရသေးသဖြင့် ထိတွေ့ကိုင်တွယ် ခြင်းမပြုလုပ်ရဆိုသည့်အယူအ ဆမှာလည်း မှားယွင်းသည့် အယူ အဆသာဖြစ်ပြီး ဥပဒေအရ တား မြစ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း နှင့် ကူညီကယ်ဆယ်ဆောင်ရွက် ပေးခြင်းဖြစ်၍ အရေးယူခြင်းမရှိ ကြောင်း သိရသည်။

အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိသူများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်လည်း ကုသနိုင် ပြီး ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီး ဖြစ်ကြောင်း လက်ရှိတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အသက်ဘေးအန္တရာယ်စိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား အချိန်မီဆေးကုသနိုင်ရေးအတွက် ကူညီစောင့် ရှောက်ပေးရေးဥပဒေကြမ်းကို ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

7 Day daily

ယာဉ်တိမ်းမှောက်မှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
အသက်အန္တရာယ်စိုးရိမ် ရသော ထိခိုက်ဒဏ်ရာ ရလူနာ များကို ရဲစခန်း ဆေးစာ မပါဘဲ မည် သည့်ဆေးရုံ ၊ ဆေးခန်းများတွင် မဆို ကုသနိုင်ကြောင်း နေပြည် တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။

အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများအား လက် ရှိတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များက ရဲမှုခင်းဖြစ်စဉ်ဟုဆိုကာ လက်မခံဘဲ
အစိုးရဆေးရုံကြီး များသို့ သွားရောက်ရန်သာညွှန် ကြားလျက် ရှိသည့် ကိစ္စနှင့် ပတ် သက်၍ နေပြည်တော်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင်ပြုလုပ်သော တရားခံ၊ တရားခံပြေးများ နှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး အုန်းခိုင်က မီဒီယာများအားပြောကြားသည်။

‘‘အမှန်ကတော့ ရဲဆေးစာ မပါလည်း လက်ခံကုသပေးနိုင်ပါ တယ်။ ဘယ်ဆေးရုံ၊ ဆေးခန်း တွေမှာမဆို ကုသပေးနိုင်ပါ တယ်။ဒီအတွက် တာဝန်ရှိသူတွေ ဆေးရုံဆေးခန်းတွေကို အရေးယူတာမရှိပါဘူး။ ဆေးရုံ၊ ဆေးခန်းက အချိန်နှင့် တစ်ပြေးညီရဲစခန်းကို သတင်းပေးရင် ရဲကလည်း ချက်ချင်းဆေးစာလုပ်ပေးရမှာ ဖြစ်ပါတယ်’’ဟု ရဲမှူးကြီး အုန်းခိုင်ကပြောသည်။

အရေးပေါ်ထိခိုက်ဒဏ်ရာရ ရှိ၍ ရောက်ရှိလာသည့် လူနာနှင့် ပတ်သက်၍ သက်ဆိုင်ရာဆရာ ၀န်က ဒဏ်ရာနှင့် ပတ်သက်သည့် ထင်မြင်ယူဆချက်ကို ဆေးစာနှင့် အတူဖြစ်စေ၊ သီးခြားစာရွက်နှင့် ဖြစ်စေ ရေးသား၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ပြန်လည်ပေးပို့ပေးရ မည်ဟု ၎င်းကဆိုသည်။

ထို့အပြင်အသက်ဘေးအန္တ ရာယ်စိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား အချိန်မီ ဆေးကုသနိုင်ရေးနှင့် ပတ်သက်၍ ရဲအမှုအခင်းစစ်ဆေးဆောင်ရွက် ခြင်း၊ မှတ်တမ်းဓာတ်ပုံများ မတင် ရသေးသဖြင့် ထိတွေ့ကိုင်တွယ် ခြင်းမပြုလုပ်ရဆိုသည့်အယူအ ဆမှာလည်း မှားယွင်းသည့် အယူ အဆသာဖြစ်ပြီး ဥပဒေအရ တား မြစ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း နှင့် ကူညီကယ်ဆယ်ဆောင်ရွက် ပေးခြင်းဖြစ်၍ အရေးယူခြင်းမရှိ ကြောင်း သိရသည်။

အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိသူများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်လည်း ကုသနိုင် ပြီး ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီး ဖြစ်ကြောင်း လက်ရှိတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အသက်ဘေးအန္တရာယ်စိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား အချိန်မီဆေးကုသနိုင်ရေးအတွက် ကူညီစောင့် ရှောက်ပေးရေးဥပဒေကြမ်းကို ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

7 Day daily

ယာဉ်တိမ်းမှောက်မှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

No comments:

Post a Comment