Wednesday, July 23, 2014

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ အရပ်ဘက်အဖွဲ့အစည်းများအား တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂၂ - မြန်မာနိုင်ငံ သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စား လှယ် မစ္စရန်ဟီးလီသည် ဇူလိုင်လ ၂ဝရက်နေ့တွင် အရပ်ဘက်အဖွဲ့ အစည်းများနှင့် ရန်ကုန်မြို့  UNDP ရုံး၌တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စရန်ဟီးလီနှင့် တွေ့ဆုံရာ တွင် ပါဝင်ခဲ့သူ Equality Myanmar မှ ဦးအောင်မျိုးမင်းက ''မစ္စရန်ဟီး လီက ကဏ္ဍအလိုက်လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာ ပါ။ သူကမြန်မာနိုင်ငံရဲ့ လက်ရှိဖြစ် ပေါ်နေတဲ့ အကြောင်းအရာတွေ ပေါ်ကို စိတ်ဝင် တစားရှိတာ တွေ့ရ တယ်။ အမျိုးသမီးအခွင့်အရေး၊ တရားစီရင်ရေးမဏ္ဍိုင်အားနည်းချက် တွေကိုအဓိကထားပြီး တင်ပြခဲ့တယ်'' ဟုပြောသည်။

မစ္စရန်ဟီးလီသည် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များ၊ ရှေ့နေများ ကွန်ရက်၊ မီဒီယာများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရင်းနှီးမြှုပ် နှံမှုနှင့် ပတ်သက် သည့် အရပ်ဘက် အဖွဲ့အစည်းများအားတွေ့ဆုံခဲ့သည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက် သည့်အခြေအနေ၊ လူမျိုးမတူသူ၊ ဘာသာမတူသူ များကြား မုန်းတီးမှု များဖြစ်ပေါ်လာစေရန် လှုံ့ဆော်မှု များအား မည်သို့ လုပ်ဆောင်နေ သည် စသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး မစ္စရန်ဟီးလီက ပြန် လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

HM
Yangon Media Group

No comments:

Post a Comment