Wednesday, July 23, 2014

ဝန်ထမ်း၊ ပင်စင်စားနှင့် ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ ကျပ်သိန်း ၁ဝဝ အောက်ရောက်ရှိရေးပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီးပြော။

ရန်ကုန်၊ ဇူလိုင် ၂၂ - ဝန်ထမ်းများ၊ ပင်စင်စားများနှင့် ပြည်သူများအ တွက် တန်ဖိုးနည်းအိမ်ရာများ ကျပ် သိန်း ၁ဝဝအောက်ရောက်ရှိရေး ပြည်ထောင်စု အစိုးရထံ တင်ပြသွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် က ပြောကြားခဲ့သည်။

ဇူလိုင် ၂၂ရက်နေ့တွင်ပြုလုပ် သည့် ပြည်သူ့လွှတ်တော်ဒသမပုံမှန် အစည်းအဝေး ၃၂ရက်မြောက်နေ့တွင် အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးခိုင်မောင်ရည်၏ အိမ်ရာ မရှိသေးသည့် ပြည်သူများ အတွက် တန်ဖိုးနည်း၊ တန်ဖိုးသက်သာ အိမ်ရာများနှင့် အိမ်ငှားရမ်းခသက်သာသော အိမ်ငှားတိုက်ခန်းများကို နိုင်ငံတော် မှတည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေ ဆိုရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က ''တန်ဖိုး နည်းအိမ်ရာများ ကျပ်သိန်း ၁ဝဝ အောက်ရောက်ရှိစေရေး အတွက် ကိုလည်း နိုင်ငံတော်မှ Infrastructure လုပ်ငန်းများအား စိုက်ထုတ်ကျ ခံရေးဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြသွားမှာဖြစ်ပါ တယ်''ဟု လွှတ်တော်၌ ဖြေကြားခဲ့ သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က ''တန် ဖိုးနည်းအိမ်ရာများ ကျပ်သိန်းတစ်ရာအောက် ရောက်ရှိစေရေးအတွက် ကိုလည်း နိုင်ငံတော်မှ Infrastructure လုပ်ငန်းများအား စိုက်ထုတ် ကျခံရေး ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြသွား မှာဖြစ်ပါတယ်''ဟု လွှတ်တော်၌ ဖြေကြားခဲ့သည်။

လက်ရှိ၌ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းတွင် တိုက်ခန်းတစ်ခန်းကို ကျပ် သိန်း ၁၂ဝဖြင့် ရောင်းချရန် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာ ပြီးဖြစ်ကြောင်း၊ တန်ဖိုးနည်းအိမ် ရာများ၏ တိုက်ခန်းတစ်ခန်းတန်ဖိုးမှာ မြေတန်ဖိုးများ ထည့်သွင်း မတွက်ချက်ထားဘဲ ထရန်စဖော်မာ အပါအဝင် အခြားရေနှင့်ပတ်သက် သည့်လုပ်ငန်းများအပြင် အခြားလုပ် ငန်းများကိုပါ ပြည့်စုံစွာ စီမံဆောင် ရွက်ပေးရတဲ့အတွက် အခန်းတစ်ခန်း ၏ တန်ဖိုးကုန်ကျစရိတ်မှာ ကျပ် သိန်း၁၂ဝ ကျသင့်ခြင်းဖြစ်ကြောင်း၊ မြို့ပြလုပ်ငန်းများအနေဖြင့် ကျပ် သိန်း ၁ဝဝ အောက်ဖြစ်အောင် ဆောက်လုပ်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ညှိနှိုင်းကာ ပြည်ထောင်စုအစိုးရ ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်မှ ဖြည့် စွက်ပြောကြားသည်။

ပြောင်းရွှေ့တာဝန်ခိုင်းခံနေ ရတဲ့ ဝန်ထမ်းများ၏ နေထိုင်မှု အခက်ခဲများ၊ ဝင်ငွေနည်းလူတန်းစား မျိုးစုံ၏ အိမ်ရာမဲ့မှုများအတွက် တန်ဖိုးနည်းအိမ်ငှားတိုက်ခန်းများ ဆောင်ရွက်ပေးသင့်ကြောင်း၊ ထို့အပြင် အထူးသဖြင့် ရန်ကုန်မြို့တွင်ကျူး ကျော်နေထိုင်သူပေါင်း ၂ သောင်း ၆ ထောင်ခန့်ရှိကြောင်း၊ လှိုင်သာ ယာမြို့နယ်တစ်ခုထဲ၌ပင် ကျူးကျော် နေထိုင်သူပေါင်း ၆ဝဝဝကျော်ခန့် ရှိပြီး တရားဥပဒေစိုးမိုးမှုမရှိသည့်ရပ်ကွက်များရှိသည်ကိုလည်း တွေ့ မြင်ရကြောင်း၊ အုပ်ချုပ်ရေးအပိုင်း များလည်း အခက်ခဲများဖြစ်နေသည့် အတွက် လှိုင်သာယာမြို့နယ်ကို အထူးကိစ္စရပ်တစ်ခုအနေဖြင့် အမြန် ဆုံးဆောင်ရွက်ပေးရန်ကိုလည်း အဆိုရှင် ဦးခိုင်မောင်ရည်မှ လွှတ်တော်၌ မေးမြန်းခဲ့ချက်ကိုလည်း လှိုင်သာယာမြို့နယ်ကဲ့သို့ ကျူး ကျော်မြောက်မြားစွာရှိနေသည့် ကိစ္စများကိုလည်း အထူးကိစ္စများအဖြစ်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများနှင့်ပတ်သက်၍ မြို့ပြအင်ဂျင်နီယာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာဥာဏ်မြင့်ကျော် က ''အပြင်မှာဆောက်လုပ်နေတဲ့ ဈေးတောင် အနည်းဆုံး တစ်ပေပတ် လည် ကျပ်တစ်သောင်းခွဲလောက် ပေးနေရတယ်။ အဲဒါတောင် အထပ် သိပ်မမြင့်တဲ့တိုက်ခန်းနှုန်းထားပါ။ မိသားစုနေလို့ရမယ့် အနေအထား ဆို စတုရန်းပေ ၆ဝဝ လောက် ကျယ် မှဖြစ်မယ်။ ဒါဆိုရင် တွက်ကြည့် မယ်ဆို အနည်းဆုံး သိန်းတစ်ရာနဲ့ အထက်မှာ ရှိနေတယ်။ ဒါတောင် မြေတန်ဖိုးမပါဘူး။ အဲဒီထက် သက်သာအောင် လုပ်မယ်ဆိုရင် တစ်ထပ် လောက်ပဲ အဆင်ပြေနိုင်လိမ့်မယ်။ နို့မို့ဆို ခိုင်ခံ့မှုလုံခြုံရေးအပိုင်းတွေကို အာမခံလို့ မရနိုင်ဘူး ဖြစ်သွား လိမ့်မယ်။ ဒါကြောင့် ခုလက်ရှိမှာ တန်ဖိုးနည်းဆိုပေမယ့် သိန်းရာ နဲ့ချီနေတာဖြစ်တဲ့အတွက်ရော ကြိုတင်ငွေဆိုပြီး သွင်းရမှာတွေကြောင့် ရော ဘယ်ဆင်းရဲသား ပြည်သူမှ ဝယ်ပြီးနေနိုင်ဖို့မရှိသလောက်ပဲ။ ဒါကြောင့် ကျွန်တော်အမြင်ကတော့ ခုလက်ရှိအခြေအနေမှာ အစိုးရ အိမ်ငှားစနစ်သာ အဆင်ပြေနိုင်ဆုံး ဖြစ်လိမ့်မယ်''ဟု ယင်း၏အမြင်ကို ပြောသည်။

တန်ဖိုးနည်း တန်ဖိုးမျှ အိမ်ရာ များတွင် ဆင်းရဲသားပြည်သူများ အမှန်တကယ် ဝယ်ယူနေထိုင်နိုင်ရန် အတွက် နှစ်ရှည်ချေးငွေများ အတိုး နှုန်းသက်သာစွာဖြင့် ထုတ်ချေးနိုင် ရန်လိုအပ်ကြောင်း ယင်းသို့နှစ်ရှည် ချေးငွေစနစ်ဖြင့် လည်ပတ်နိုင်မှသာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနေထိုင် နိုင်မည်ဖြစ်ကြောင်း ယင်း၏အမြင် ကို ဖြည့်စွက်ပြောကြားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာ နနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး များ၊ ပြည်နယ်နှင့် အစိုးရအဖွဲ့များ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် တန်ဖိုးနည်း၊ တန် ဖိုးမျှအိမ်ရာစီမံကိန်းများကို ပြည် သူများနှင့်ပင်စင်စား ဝန်ထမ်းများ အနေဖြင့် အမှန်တကယ်ဝယ်ယူနိုင် မှုနည်းပါးသည့်အပြင် အမှန်တကယ် နေထိုင်နိုင်ရန် အလှမ်းကွာဝေးသေး ကြောင်း လှိုင်သာယာမြို့နယ် ရွှေ လင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အနီးတွင် ကျူးကျော်နေထိုင်သူအ ချို့နှင့် ပြည်သူအချို့မှ ပြောသည်။

''တန်းဖိုးနည်း အိမ်ရာပေမယ့် သိန်းတစ်ရာကျော်နေတဲ့အတွက် ကျွန်တော်တို့လို တစ်နေ့လုပ်မှ တစ် နေ့စားရတဲ့လူတွေအဖို့ မလွယ်ကူပါဘူး။ သူက လစဉ်ဝင်ငွေ အဝင်အထွက်ကိုလည်း ပြရတော့ ကျွန်တော် တို့က နေ့စားခနဲ့အလုပ်လုပ်တဲ့သူ တွေပါ။ ကျွန်တော်တို့ အတွက် တော့ တိုက်ခန်းတွေဆောက်ပေးပြီး ဈေးနှုန်းသက်သက်သာသာလေးနဲ့ အိမ်ငှားနေလို့ရမယ်ဆိုရင်ပိုအဆင် ပြေပါတယ်''ဟု ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း ကျူး ကျော်နေထိုင်သူများနှင့် ဆင်းရဲ သားပြည်သူများအနေဖြင့် လှိုင်သာ ယာမြို့နယ်အတွင်း တည်ဆောက် ထားသည့် တန်ဖိုးနည်းအိမ်ရာ စီ မံကိန်းကို ဝယ်ယူနေထိုင်နိုင်သူ မရှိ သေးကြောင်း ယင်းကဆက်လက်ပြော သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဦးစော လှိုင်က ''ကျွန်တော်တို့နားမှာ အခု တန်ဖိုးမျှတတို့၊ တန်ဖိုးနည်းတို့ အိမ် ရာစီမံကိန်းတွေကို ဆောက်လုပ် ရေးတို့၊ အိုးအိမ်တို့နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေပူးပေါင်းပြီး လာဆောက်နေ ကြတာတွေရှိတယ်။ ဒါတွေနဲ့ပတ် သက်ပြီး ၂ဝ၁၃ခုနှစ် သက်ဆိုင်ရာ ခရိုင်အဆင့် အာဏာပိုင်အဖွဲ့အ စည်းတွေ ပါတီတွေနဲ့တွေ့ပြီး ဒါတွေ က နိုင်ငံတော်စီမံကိန်းတွေ ဒီထဲမှာ ရှိနေတဲ့ကျူးကျော်တွေကို ပြန်လည် နေရာချထားပေးဖို့ စာရင်းကောက် မယ်ဆိုပြီးတော့ ဆွေးနွေးတဲ့အခါ တိုက်ခန်းဈေးတွေကို တွက်ချက် ပြတော့ ဈေးတွေက အပေါ်ဆုံးထပ် ကိုတောင် ၁၈၄ သိန်းရှိတယ်။ ဝန် ထမ်းတွေကို အရင်ရောင်းပေးမယ် လို့သိရတယ်။ ဝန်ထမ်းတောင် အရာ ထမ်းအဆင့်တွေကို အရင်ရောင်းမယ်။ အောက်ခြေက ရိုးရိုး ဝန်ထမ်း တွေ မပါသေးဘူး။ ဘယ်လိုပုံစံမျိုး နဲ့ ရောင်းမလဲမသိသေးဘူး။ နှစ် ရှည်ရောင်းမယ်လို့တော့ သိရတယ်။ အဲဒီက ကျူးကျော်အိမ်ထောင်စုတောင် ဒဂုံမြို့နယ်ဖက်ကို ပြောင်းရွေ့ကြေး နှစ်သိန်းပေးပြီး ရွှေ့ပေးလိုက်တယ်''ဟု ထိုစဉ်က ဆွေးနွေးပွဲတွင် ပါဝင် ခဲ့ပုံကို ပြောသည်။

Yangon Media Group

No comments:

Post a Comment