Wednesday, July 23, 2014

၂၀၁၅ ခုနှစ်၌ အမျိုးသမီးသီးသန့်ယာဉ်လိုင်း ပြေးဆွဲခွင့် ရရှိရန် ကြိုးစားမည် ဟု ဒေါက်တာညိုညိုသင်းဆို

ရန်ကုန်၊ ဇူလိုင် ၂၂- ရန်ကုန်တိုင်း ဒေသကြီးအတွင်း အမျိုးသမီးသီးသန့် ယာဉ်လိုင်းများ ပြေးဆွဲနိုင်ရေးအ တွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာညိုညိုသင်းမှ ၂၀၁၅ခုနှစ်အတွင်း ဖြစ်ပေါ် လာ အောင် ကြိုးစားမည်ဟု ဇူလိုင်၂၁ ရက် က ပြောကြား လိုက်သည်။

အမျိုးသမီးယာဉ်လိုင်းများ ရန်ကုန်မြို့တွင်း ပြေးဆွဲနိုင်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ရက်၌ ကျင်းပ သည့်
ပထမအကြိမ် ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော်အထူးအစည်း အဝေး ၁/၂၀၁၃ ဒုတိယနေ့၌ ဒေါက် တာညိုညိုသင်းက တင်သွင်း ခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုသည် နိုင်ငံတော်၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင် သည်ဟု ဝန်ကြီးချုပ်က ကန့်ကွက်ခဲ့ သဖြင့် ရှုံးနိမ့်ခဲ့ရသည်။

''၂၀၁၅မတိုင်ခင် ဖြစ်လာလိမ့် မယ်။ Single Woman အတွက်ပဲ ရည်ရွယ်တာပါ။ မိသားစုပါရင် တခြား ကားစီးပေါ့။ မိန်းကလေးမှာ ဘယ် ကားစီးမလဲဆိုတာ သူ့ဟာသူဆုံးဖြတ် နိုင်တယ်။ ဒါကို အစိုးရက နားမလည် ဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ က သဘောမပေါက်ဘူး။ အရင်က စမ်းသပ်ပြေးဆွဲတယ်။ တွက်ခြေမကိုက် ဘူး။ အမျိုးသားတွေမစီးရ ဘူးဆိုပြီး ကန့်ကွက်ခဲ့ကြတယ်''ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

လက်ရှိတွင် အမျိုးသမီးသီးသန့် ယာဉ်လိုင်းများ ကို ဒေသတွင်းအိမ်နီး ချင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့တွင် ပြေးဆွဲလျက်ရှိပြီး မြန်နိုင်ငံတွင် သီးခြား ကားများဖြင့် ပြေးဆွဲမည် မဟုတ်ဘဲ လက်ရှိယာဉ်လိုင်းများမှ နံနက် ရနာရီ မှ ၉နာရီအထိ၊ ညနေ ၅နာရီမှ ၇ နာရီ အတွင်း မိနစ်၃ဝတစ်စီး ပြေးဆွဲပေး ရန် ရည်ရွယ်ထားကာ ယာဉ်ပိုင်ရှင် များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။

''အများနည်းတူ သတ်မှတ်ပေး ရင်တော့ ပြေးဆွဲနိုင်တယ်။ သူများ ၂၀ဝဆို ၂၀ဝပေါ့။ အခုထိတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က မဖြစ်နိုင် ဘူးပြောနေတယ်။ ယာဉ်ပိုင်ရှင်တွေ ကို ဒေါက်တာညိုညိုသင်း က တောင်း ဆိုထားတယ်''ဟု G(2000) ယာဉ် လိုင်းပိုင်ရှင် ဦးမျိုးဝင်းက ပြောသည်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေ သော လိုင်းကားများ အတွင်း အမျိုး သမီးအား ကာယိနြေ္ဒပျက်ပြားစေ သည့် အကြမ်းဖက်မှု များရှိနေသည့် အတွက် မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ရခြင်းဖြစ်ပြီး ယာဉ်လိုင်း ပိုင်ရှင်များ အနေဖြင့် လည်း တူညီ သောအခွင့်အရေးရရှိပါက ပြေးဆွဲ ရန် အဆင်သင့်ဖြစ်နေကြောင်း သိ ရသည်။

''အမျိုးသမီးသီး သန့်ယာဉ်လိုင်း လုပ်မယ်ဆိုရင် အရမ်းကောင်းတယ်။ ရုံးဆင်း၊ ရုံးတက်အမျိုးသမီးတွေ အတွက် အဆင်ပြေသွား နိုင်တယ်။ မိသားစုတွေဆို ရင်တော့ တခြားကား စီးပေါ့။ မနက်ပိုင်းနဲ့ ညနေဆို ရင် ကောင် မလေးတွေ တော်တော် ဒုက္ခ ရောက်တာ''ဟု အင်းစိန်မြို့နယ် တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းပေါင်း ၃၄၉လိုင်းရှိပြီး အမျိုးသမီးသီးသန့် ယာဉ်လိုင်းအား ပါရမီယာဉ်လိုင်းမှ ပြေးဆွဲခဲ့ပြီး ကုန်ကျစရိတ်ငွေ ကိုက် ညီမှုမရှိသည့်အတွက် ရပ်နားခဲ့ရ ကြောင်း သိရသည်။

KSL (MMK)

Yangon Media Group

No comments:

Post a Comment