Monday, July 28, 2014

မြန်မာနိုင်ငံတွင် မျက်စိကွယ်စေသော အဓိကအကြောင်းအရင်းများ

(၁) အတွင်းတိမ်
(၂) ထိခိုက်ဒဏ်ရာရမှု
(၃) မျက်ခမ်းစပ်ရောဂါ
(၄) ရေတိမ်

အတွင်းတိမ်ဖြစ်ရင်ခွဲစိတ်လို့ရ အဓိက ခရမ်းလွန်ရောင်ခြည်ကြောင့် အတွင်းတိမ် ဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်ဆိုတာ ခရမ်းရောင်အလင်းထက် တိုသောအလင်းကိုပြောတာပါ။
ခရမ်းလွန်ရောက်ခြည် (၃) မျိုးရှိ - UVA, UVB, UBC ဟူ၍သုံးမျိုးရှိ
UVA - က ကျန်းမာရေးကိုအထောက်ကူပြု နံနက်(၉)နာရီရှေ့ပိုင်းမှာ
ပါတတ်တယ်။ဗီတာမင်(D)ထုတ်ပေး၊ အရိုးကိုခိုင်မာစေ၊
သွေးလည်ပတ်မှုမှန်ကန်စေ၍ သွေးခဲမှုကိုကာကွယ်ပေး၊
ရောဂါပိုးကိုသေစေ။
UVB - နံနက်(၉)နာရီနှင့် ညနေ(၄)နာရီအတွင်းမှာပါတတ်၊
နေလောင်တတ်တယ်၊ အရေပြားကင်ဆာဖြစ်နိုင်၊
len ပျက်စီးနိုင်၊ မျက်ကြည်
လွှာပျက်စီးနိုင်တယ်။အတွင်းတိမ်ဖြစ်စေ၊
ကာကွယ်ခြင်းအနေနဲ့
နေ့ခင်းဘက်နေရောင်ခြည်ကို
တိုက်ရိုက်မထိတွေ့သင့်၊ ဦးထုပ်ဆောင်းသင့်၊
ကာကွယ်ခြင်းအနေနဲ့မြန်မာ
သနပ်ခါးက (UVB) ကိုကောင်းစွာ
ကာကွယ်နိုင်တယ်၊ ပင်လယ်မှာရေကူးရင် သဲနှင့်
ရေအလင်းပြန်မှုကြောင့် (UVB) မျက်စိကိုပိုမိုထိခိုက်
စေတယ်နံနက်နဲ့ ညနေမှာ
ကူးသင့်တယ်။
UVC - အဆိုးဆုံး၊ လှိုင်းအလျားအတိုဆုံး၊
များများထိလျှင်ချက်ချင်းသေနိုင်
နည်းနည်းထိလျှင် ကင်ဆာမှအစ ကိုယ်ခံအားစနစ်ပါထိခိုက်ပြီး
သေနိုင်သည်။ သို့သော် (UVC) သည် အိုဇုန်းလွှာကြောင့်
ကမ္ဘာမြေသို့ မရောက်ပါ။

မျက်စိ၏သဘာဝအကာအကွယ်နှစ်မျိုး
(၁) မျက်ခွံ
(၂) မျက်စိသူငယ်အိမ်
နေ့ဘက် - အလင်းများလျှင် သူငယ်အိမ်သည်အလိုအလျောက် ကျဉ်းနိုင်။
ညဘက် - အလင်းနည်းလျှင် သူငယ်အိမ်သည်အလိုအလျောက် ကျယ်နိုင်။

နေကာမျက်မှန်
စနစ်တကျထုတ်ထားတဲ့နေကာမျက်မှန်မှသာ UV ကိုကာကွယ်နိုင် FASHION မျက်မှန်အများစုက UV ကိုမကာကွယ်နိုင် ၎င်းနေကာမျက်မှန်တွေက သူငယ်အိမ်ကို
ကျယ်စေပြီး မျက်စိကိုပိုမိုပျက်စီးနိုင်။

ထိခိုက်ဒဏ်ရာ
မျက်စိနာတဲ့အခါ ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်မှ ၀ယ်ယူရရှိသော မျက်စဉ်းများခတ်သောကြောင့် မျက်စိကွယ်သော ရာခိုင်နှုန်း ပိုများသည်ကိုတွေ့ရ
သည်၊ ထို့ကြောင့် တွေ့ကရာမျက်စဉ်း မခတ်မှသာ ပိုမိုအန္တရာယ်ကင်းနိုင်မည်ဖြစ်သည်။

ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု

No comments:

Post a Comment