Monday, July 28, 2014

PR စနစ်သည် ပြည်သူမှ ကန့်ကွက်သော်လည်း မျက်နှာပြောင် တိုက်ကာ ခေါင်းဆောင်နေရာ ဝင်ထိုင်သည်ဟု ဝေဖန်ခံရမည့်စနစ်ဟုဆို

- အချိုးကျကိုယ်စား ပြု(PR)စနစ်သည် ဒေသခံပြည်သူလူထု၏ ယုံကြည်မှု၊ ထောက်ခံမှုမရှိ၍ရှုံးသွားသည့် ကိုယ်စားလှယ်များ၏ ရှုံးမဲများကိုတစ်နိုင်ငံ လုံးမှပြန်စုစည်းပြီး လွှတ်တော်တွင်းဝင်ရောက် ခွင့်ပေးခြင်းသည် ပြည်သူမှ ကန့်ကွက်နေသော် လည်း မျက်နှာပြောင်တိုက်ပြီးခေါင်းဆောင် နေရာတွင် ဝင်ထိုင်နေသည့် လွှတ်တော်ကိုယ် စားလှယ်ဟု ပြည်သူဝေဖန်ပြောဆိုမှုကို ခံရ မည့် စနစ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်သန္တာကပြောသည်။

ဇူလိုင် ၂၅ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အချိုး ကျကိုယ်စားပြု(PR)စနစ် ကျင့်သုံးရေးနှင့်ပတ်သက်၍ဆွေးနွေးမှုတွင် ဒေါ်ခင်သန္တာက ကန့် ကွက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

''ဒေသခံပြည်သူအများစုက လက် မခံတဲ့ ကိုယ်စားလှယ်ရဲ့ ရှုံးမဲတွေကိုတစ်နိုင်ငံ လုံးမှာ ကောက်သင်းကောက်သလိုလိုက် ကောက်ပြီး နိုင်ငံကိုဦးဆောင်တဲ့အပိုင်းမှာ ဝင်ထိုင်ခွင့်ပေးတဲ့ စနစ်ဟာဆိုရင် ပြည်သူ ကန့်ကွက်နေပါလျက် မျက်နှာပြောင်တိုက်ပြီး ခေါင်းဆောင်နေရာ ဝင်ထိုင်သူ အဖြစ်နဲ့ ပြည် သူများက ကျွန်မတို့လွှတ်တော်ကိုယ်စား လှယ်တွေကိုဝေဖန်ကြမှာဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ ကပြောသည်။

လက်ရှိအခြေအနေတွင်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကို ပြည် သူလူထုမှရွေးချယ်ခွင့်မရှိကြောင်း၊ တရားစီ ရင်ရေးမဏ္ဍိုင်တွင်လည်း ပြည်သူ၏ ဆန္ဒမပါ ဝင်ကြောင်းနှင့် ယခုတစ်ခါဥပဒေပြုရေးတွင် ပါအချိုးကျကိုယ်စားပြု (PR) စနစ်ကြောင့် ပြည်သူ့ကိုယ်စားလှယ်များကို တိုက်ရိုက်မဲ ပေးခွင့်၊ ရွေးချယ်ခွင့်မရှိပါက မြန်မာနိုင်ငံ သည် ဒီမိုကရေစီနိုင်ငံဟုကြွေးကြော်ရုံသာ ဖြစ်နေပြီး မည်သည့် နိုင်ငံဖြစ်သည်ကိုကမ္ဘာ တွင်ချပြရန်ခက်ခဲမည်ဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။

ယင်းကြောင့်ဒီမိုကရေစီစနစ် တွင်အမြဲတမ်းအနိုင် အမြဲတမ်းအရှုံးဆိုတာ မရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် များသည်အနိုင်အရှုံးကို ရင်ဆိုင်ရဲရမည်ဖြစ်ပီး ပြည်သူလူထု၏ရွေးချယ်မှုကို သတ္တိရှိရှိ သိက္ခာရှိရှိ လက်ခံရမည်ဟုဆိုသည်။

ထို့ကြောင့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု (PR)စနစ်ကို ကျင့်သုံး လိုခြင်းသည် နိုင်ငံ၏ဒီမိုကရေစီအရေးအ တွက်လား၊ ပါတီများ အတွက်လားဆိုသည့်အချက်ကို ပြန်လည်ဆန်းစစ်စေလိုကြောင်း ဒေါ်ခင်သန္တာကဆက်ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲစနစ်ပြောင်း လဲကျင့်သုံးရေးနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး ၏ ၂ဝ၁၂ ခုနှစ်တွင်တင်ပြခဲ့မှုကို ပြည်ထောင် စုလွှတ်တော်နာယကမှ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချိန်တွင်ပြင်ဆင်ရ မည်ဟုပြောဆိုခဲ့ကြောင်း ၄င်းကဆိုသည်။

ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြု(PR)စနစ်ကျင့်သုံးရန် ပြည်သူ့ လွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဇူလိုင် ၂၅ရက်တွင် ကန့်ကွက်ဆွေးနွေးသူ ငါးဦး နှင့် ထောက်ခံဆွေးနွေးသူ ငါးဦးရှိခဲ့သည်။

PR စနစ်ကို ကျင့်သုံးရေးအတွက် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ဇူလိုင် ၂၄ရက်တွင် ပြည်သူ့ လွှတ်တော်၌ဆွေးနွေးရန် အဆိုတင်သွင်းခဲ့ ခြင်းဖြစ်သည်။

သို့သော် PR စနစ်ကျင့်သုံးရေး ကိုကန့်ကွက်သည့်အနေဖြင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄ဝ ကျော် ဇူလိုင် ၂၄ ရက်တွင် လွှတ်တော်မတက်ဘဲ ကန့်ကွက် ခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို ဒေါ်အောင်ဆန်း စုကြည်အပါအဝင် လွှတ်တော်ကိုယ်စား လှယ် ၄၂ ဦးကန့်ကွက်ခဲ့ကြသော်လည်း ထောက်ခံသူများသဖြင့် လွှတ်တော်တွင်ဆွေး နွေးရန် အတည်ပြု ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားကိုယ်စားလှယ် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်များအားလုံး ထောက်ခံ မဲပေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအင်အား စု(NDF)ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ယခုလက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရ သူအနိုင်ရသည့်စနစ်သည် လူမျိုးစုများနှင့်ပါတီငယ်များကိုလွှတ်တော်တွင်းရောက်ရှိ အောင်ပြုလုပ်နိုင်ခြင်း မရှိသည့်အပြင် ယခုကဲ့ သို့ တစ်ပါတီနှစ်ပါတီသာ တိုင်းပြည်ကိုကြီး စိုးနေပါက နိုင်ငံပြုပြင်ပြောင်းလဲမှုလုပ်ငန်း များမှာ အရှိန်အဟုန်မရှိဘဲ အိပဲ့အိပဲ့သာဖြစ် နေမည်ဖြစ်ကြောင်း ဝေဖန်ထားသည်။

Yangon Media Group

No comments:

Post a Comment