Tuesday, July 15, 2014

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်

Photo: ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် 
Tuesday, July 15, 2014

ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ပြီး လတ်တလော ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့တော် အပါအဝင် ရခိုင်နှင့် ကချင်ပြည်နယ်တို့သို့ သွားရောက်မည် ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCR) က ထုတ်ပြန်သည်။

Ms. Yanghee Lee ၏ (၁၀) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ အခြေအနေများကို လေ့လာရန် အဓိက ရည်ရွယ်ထားကြောင်း၊ အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်သည့် ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားရောက်မည် ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“အထူးကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြန်မာအစိုးရ၊ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံသွားမယ်” ဟု Ms. Yanghee Lee က ဆိုသည်။

ပထမဆုံး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ အပါအဝင်၊ နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရသူများ အပြင် ပြည်တွင်းရှိ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းက ထုတ်ပြန် ပြောဆိုသည်။

ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်ခုကို ပြုစု၍ အောက်တိုဘာလ အတွင်း ကျင်းပမည့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းမည် ဖြစ်ကြောင်း UNOHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာထူးသက်တမ်း ခြောက်နှစ် ပြည့်ခဲ့သည့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စတာကင်တားနား၏ နေရာတွင် ဇွန်လမှ စတင် အစားထိုး တာဝန်ယူခဲ့သော ကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် တောင်ကိုရီးယားနိုင်ငံသူ တစ်ဦးဖြစ်ပြီး Sungkyunwan တက္ကသိုလ်၏ ပါမောက္ခ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။

ကိုယ်စားလှယ်ဟောင်း ကင်တားနား၏ ရာထူးသက်တမ်းအတွင်း မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် အဓိကရုဏ်းကြီးများ ဖြစ်ပွားချိန်နှင့် ကြုံတွေ့ခဲ့ပြီး ၎င်း၏ ပြောဆိုချက်များမှာ ဘက်လိုက်မှုများ ရှိကြောင်း ဝေဖန်ခံခဲ့ရသည့်အပြင် တိုင်းရင်းသားများ၏ ဆန္ဒပြ ကန့်ကွက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။

The Voice Weekly
ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ပြီး လတ်တလော ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့တော် အပါအဝင် ရခိုင်နှင့် ကချင်ပြည်နယ်တို့သို့ သွားရောက်မည် ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCR) က ထုတ်ပြန်သည်။

Ms. Yanghee Lee ၏ (၁၀) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးဆိုင်ရာ အခြေအနေများကို လေ့လာရန် အဓိက ရည်ရွယ်ထားကြောင်း၊ အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်သည့် ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားရောက်မည် ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“အထူးကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မြန်မာအစိုးရ၊ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့
ဆက်ဆံသွားမယ်” ဟု Ms. Yanghee Lee က ဆိုသည်။

ပထမဆုံး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ အပါအဝင်၊ နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရသူများ အပြင် ပြည်တွင်းရှိ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းက ထုတ်ပြန် ပြောဆိုသည်။

ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်ခုကို ပြုစု၍ အောက်တိုဘာလ အတွင်း ကျင်းပမည့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းမည် ဖြစ်ကြောင်း UNOHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာထူးသက်တမ်း ခြောက်နှစ် ပြည့်ခဲ့သည့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စတာကင်တားနား၏ နေရာတွင် ဇွန်လမှ စတင် အစားထိုး တာဝန်ယူခဲ့သော ကိုယ်စားလှယ်သစ် Ms. Yanghee Lee သည် တောင်ကိုရီးယားနိုင်ငံသူ တစ်ဦးဖြစ်ပြီး Sungkyunwan တက္ကသိုလ်၏ ပါမောက္ခ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။

ကိုယ်စားလှယ်ဟောင်း ကင်တားနား၏ ရာထူးသက်တမ်းအတွင်း မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် အဓိကရုဏ်းကြီးများ ဖြစ်ပွားချိန်နှင့် ကြုံတွေ့ခဲ့ပြီး ၎င်း၏ ပြောဆိုချက်များမှာ ဘက်လိုက်မှုများ ရှိကြောင်း ဝေဖန်ခံခဲ့ရသည့်အပြင် တိုင်းရင်းသားများ၏ ဆန္ဒပြ ကန့်ကွက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment