Tuesday, July 22, 2014

အင်တာနက် ဆက်ကြောင်းတစ်နေရာ မြေတူးစက်ဖြင့် ထိုးမိသဖြင့် ပြတ်တောက်

မြန်မာနိုင်ငံ၏ အဓိက အင်တာနက်ဆက်ကြောင်းတစ်ခု ဖြစ်ပြီး ထိုင်းနိုင်ငံ မြ၀တီနယ်စပ်မှ သွယ်တန်းထားသည့် ဘန်ဝှစ် ဆက်ကြောင်းတစ်နေရာတွင် မြေ တူးစက်ဖြင့်တူးမိသဖြင့် လိုင်းပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သ တင်းရရှိသည်။

ပဲခူးဘုရားကြီးနှင့် ဝေါမြို့ ကြားရှိ ဆက်ကြောင်းတစ်နေရာ ကို မြေတူးစက်ဖြင့်တူးမိသဖြင့်
လိုင်းပြတ်သွားခြင်းဖြစ်ပြီး ပြန် လည်ပြင်ဆင်ရန် လုပ်ဆောင် နေကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း Internet Service Provider ဌာနမှ အင်ဂျင်နီယာ ချုပ်ဦးမျိုးဆွေက ပြောသည်။ အ ဆိုပါဆက်ကြောင်းမှာ တစ်နိုင် ငံလုံး အသုံးပြုလျက်ရှိသော ဘန်ဝှစ်ပမာဏ၏ သုံးပုံနှစ်ပုံခန့်ကို ချိတ်ဆက် အသုံးပြုနေသော ကြောင့် ယခုရက်ပိုင်းအတွင်း အင် တာနက်လိုင်းများ ကောင်းစွာအသုံးပြုနိုင်ဦးမည်မဟုတ်ကြောင်း ဦးမျိုးဆွေက ဆက်လက်ပြော ကြားသည်။

‘‘ဖြစ်သွားတဲ့နေရာက ကုန်း တွင်းပိုင်းဖြစ်တဲ့အတွက် ပြန်ပြင်ရ တာတော့လွယ်ပါတယ်။ မနက် ဖြန်လောက်မှာ ပြန်ပြီးသုံးနိုင်ဖို့ တော့လုပ်နေပါတယ်’’ဟု ဦးမျိုး ဆွေက ပြောသည်။

နိုင်ငံတစ်ဝန်း ဖိုက်ဘာဆက် ကြောင်းများဖြင့် ချိတ်ဆက်ထားသည့် ဘန်ဝှစ်မာဏမှာ 27GB ရှိပြီး ယခုပြတ်သွားသည့်ဆက် ကြောင်းသည် 18GB ခန့်ကို ချိတ် ဆက်ထားသည့်အတွက် လက်ရှိ တွင် လိုင်းပြန်မကောင်းချိန်ထိ ကျန်သော 9GB ကိုသာမျှ၍ အ သုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း သိရ သည်။

7Day Daily

No comments:

Post a Comment