Friday, July 18, 2014

ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံများ ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမည့်အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောတူ

Photo: ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံများ ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမည့်အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောတူ

ကျော်ထင်

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံအချို့ကို ခွင့်ပြုချက်မဲ့ဖြစ်ကြောင်း အသိပေးဆိုင်းဘုတ်များ လိုက်ကပ်နေစဉ်
ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံများအား ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမည့်အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီမှုကို ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်တွင် ပြန်လည်ရေးဆွဲခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေတွင် “ခွင့်ပြုချက်မဲ့အဆောက်အအုံများအား ပြန်လည်ဖြိုဖျက်သည်အထိ” အရေးယူနိုင်သည့်အချက်ပါဝင်ရာ ယင်းသို့ အရေးယူနိုင်ရန် နည်းဥပဒေသာထွက်ရှိရန် ကျန်ရှိနေကြောင်း၊ နည်းဥပဒေမှာလည်း မကြာမီ ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။

“ခွင့်ပြုချက်မဲ့ကို ပြန်လည်ဖြိုဖျက်နိုင်တဲ့အချက်ပါဝင်တဲ့ စည်ပင်ဥပဒေထဲက အဆောက်အအုံများဆိုင်ရာ နည်းဥပဒေမူကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရရှိခဲ့ပြီဖြစ်တဲ့အတွက် စတင်အရေးယူနိုင်တော့မယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ဖြိုဖျက်ပါက ဖြိုဖျက်သည့် ကုန်ကျစရိတ်များကို အဆောက်အအုံဆောက်လုပ်သူ ကန်ထရိုက်က အကုန်အကျခံရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိခွင့်ပြုချက်မဲ့ဆောက်လုပ်၍ တရားစွဲဆိုထားသည့် ကန်ထရိုက်တိုက်နှင့် အဆောက်အအုံ စုစုပေါင်း ၂ဝ၂၁ လုံးရှိနေပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ၆၄၂ လုံး၊ လှိုင်မြို့နယ်တွင် ၃၇၄ လုံး၊ မရမ်း ကုန်းမြို့နယ်တွင် ၂၉၉ လုံး၊ အင်းစိန်မြို့နယ်တွင် ၁၁၃ လုံးစသည်ဖြင့် အများဆုံးဖြစ်နေကြောင်း သိရသည်။ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော ကန်ထရိုက်အများစုမှာ လိုင်စင်မဲ့ကန်ထရိုက်များဖြစ်ပြီး ၎င်းတို့အား ရန်ကုန်မြို့တော်စည်ပင်က တရားလိုပြုလုပ်ကာ တရားစွဲခြင်းဖြစ်ကြောင်း၊ တရားစွဲရာတွင် ကန်ထရိုက်အားတရားစွဲ၍မရ၍ မြေရှင်ကိုသာ တရားစွဲခြင်းဖြစ်ကြောင်း၊ တစ်ရက်လျှင် အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သောင်းသာ တရားရုံးက ချမှတ်သည့်အတွက် ကန်ထရိုက် က မြေရှင်အစား ပေးဆောင်ကာ ဆက်လက်ဆောက်လုပ်စေသဖြင့် ခွင့်ပြုချက်မဲ့များ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုများပြားလာကြောင်း သိရသည်။

သို့သော် တိုက်ပြီးစီး၍ အခန်းများရောင်းချပြီးချိန်တွင် ကန်ထရိုက်ထွက်သွားခြင်းကြောင့် မြေရှင်က ဆက်လက်တရားစွဲဆိုခံရပြီး မြေရှင်က ဒဏ်ကြေးများကို ဆက်လက်ပေးဆောင်နေရကြောင်း သိရသည်။

ခွင့်ပြုချက်မဲ့ဆောက်လုပ်မှု များပြားခြင်းကြောင့် ယခုအခါ အဆောက်အအုံဆောက်လုပ်ခွင့်အတွက် တင်ပြရသည့်စာရွက်အထောက်အထားများကို ဖြေလျှော့ပြီး စိစစ်သည့်အချိန်ကာလကိုလည်း ယခင်ထက်လျှော့လိုက်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့်လိုင်စင်မဲ့ ကန်ထရိုက်များကိုလည်း မကြာမီ အရေးယူတော့မည်ဟု သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ခွင့်ပြုချက်မဲ့ အဆောက်အအုံအချို့ကို ခွင့်ပြုချက်မဲ့ဖြစ်ကြောင်း အသိပေးဆိုင်းဘုတ်များ လိုက်ကပ်နေစဉ်
ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မဲ့အဆောက်အအုံ များအား ပြန်လည်ဖြိုဖျက်သည်အထိ အရေးယူမည့် အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီမှုကို ရရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်တွင် ပြန်လည်ရေးဆွဲခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေတွင် “ခွင့်ပြုချက်မဲ့အဆောက်အအုံများအား ပြန်လည်ဖြိုဖျက်သည်အထိ” အရေးယူနိုင်သည့်အချက်ပါဝင်ရာ ယင်းသို့ အရေးယူနိုင်ရန် နည်းဥပဒေသာထွက်ရှိရန် ကျန်ရှိနေကြောင်း၊ နည်းဥပဒေမှာလည်း မကြာမီ ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။

“ခွင့်ပြုချက်မဲ့ကို ပြန်လည်ဖြိုဖျက်နိုင်တဲ့အချက်ပါဝင်တဲ့ စည်ပင်ဥပဒေထဲက အဆောက်အအုံများဆိုင်ရာ နည်းဥပဒေမူကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရရှိခဲ့ပြီဖြစ်တဲ့အတွက် စတင်အရေးယူနိုင်တော့မယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ဖြိုဖျက်ပါက ဖြိုဖျက်သည့် ကုန်ကျစရိတ်များကို အဆောက်အအုံဆောက်လုပ်သူ ကန်ထရိုက်က အကုန်အကျခံရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိခွင့်ပြုချက်မဲ့ဆောက်လုပ်၍ တရားစွဲဆိုထားသည့် ကန်ထရိုက်တိုက်နှင့် အဆောက်အအုံ စုစုပေါင်း ၂ဝ၂၁ လုံးရှိနေပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ၆၄၂ လုံး၊ လှိုင်မြို့နယ်တွင် ၃၇၄ လုံး၊ မရမ်း ကုန်းမြို့နယ်တွင် ၂၉၉ လုံး၊ အင်းစိန်မြို့နယ်တွင် ၁၁၃ လုံးစသည်ဖြင့် အများဆုံးဖြစ်နေကြောင်း သိရသည်။ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော ကန်ထရိုက်အများစုမှာ လိုင်စင်မဲ့ကန်ထရိုက်များဖြစ်ပြီး ၎င်းတို့အား ရန်ကုန်မြို့တော်စည်ပင်က တရားလိုပြုလုပ်ကာ တရားစွဲခြင်းဖြစ်ကြောင်း၊ တရားစွဲရာတွင် ကန်ထရိုက်အားတရားစွဲ၍မရ၍ မြေရှင်ကိုသာ တရားစွဲခြင်းဖြစ်ကြောင်း၊ တစ်ရက်လျှင် အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သောင်းသာ တရားရုံးက ချမှတ်သည့်အတွက် ကန်ထရိုက် က မြေရှင်အစား ပေးဆောင်ကာ ဆက်လက်ဆောက်လုပ်စေသဖြင့် ခွင့်ပြုချက်မဲ့များ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုများပြားလာကြောင်း သိရသည်။

သို့သော် တိုက်ပြီးစီး၍ အခန်းများရောင်းချပြီးချိန်တွင် ကန်ထရိုက်ထွက်သွားခြင်းကြောင့် မြေရှင်က ဆက်လက်တရားစွဲဆိုခံရပြီး မြေရှင်က ဒဏ်ကြေးများကို ဆက်လက်ပေးဆောင်နေရကြောင်း သိရသည်။

ခွင့်ပြုချက်မဲ့ဆောက်လုပ်မှု များပြားခြင်းကြောင့် ယခုအခါ အဆောက်အအုံဆောက်လုပ်ခွင့်အတွက် တင်ပြရသည့်စာရွက်အထောက်အထားများကို ဖြေလျှော့ပြီး စိစစ်သည့်အချိန်ကာလကိုလည်း ယခင်ထက်လျှော့လိုက်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့်လိုင်စင်မဲ့ ကန်ထရိုက်များကိုလည်း မကြာမီ အရေးယူတော့မည်ဟု သိရသည်။

Myawady Daily


No comments:

Post a Comment