Friday, July 18, 2014

စည်ပင်မှ ရေမြောင်းတူးခြင်းကြောင့် တရားပွဲပျက်

ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ညောင်ကုန်းရပ်ကွက်ရှိ ညောင် ကုန်းဇေယျဝတီ ဘုန်းကြီးကျောင်း၌ ဝါဆိုလပြည့်နေ့တွင် တရားပွဲကျင်းပနေ စဉ် စည်ပင်မှတူးဖော် ခဲ့သည့် ရေမြောင်းမှချောင်းရေများ ဘုန်းကြီးကျောင်း အတွင်း ဝင်ရောက်ကာ တရားပွဲပျက်ခဲ့ ရခြင်းဖြစ်ကြောင်း ညောင်ကုန်းဇေယျ ဝတီကျောင်းတိုက်ဆရာတော် ဦးစန္ဒာဝရက မိန့်ကြားသည်။
''စည်ပင်က ဦးဇင်းတို့ကို ဘာမှလာပြောတာလဲမရှိဘဲနဲ့ သူ့ဘာသာသူ လာပြီး မြောင်းဖောက်သွား တယ်။ ချောင်းက ဒီရေအတက်အကျလဲရှိတော့ မိုးရွာလို့ချောင်းရေလျှံလာတော့ သူတို့တူးတဲ့မြောင်းတွေက တရားပွဲကျင်းပ နေတဲ့ဦးဇင်းတို့ကျောင်းထဲကို ရေတွေဝင်လာတာ။ ရေတွေကတစ်ပေလောက် တက်လာလို့
ဒကာ၊ဒကာမတွေလဲ တရားနာနေတုန်းပြေးထွက်ရတယ်။ နာဂစ်တုန်းကတောင် ဦးဇင်းကျောင်းက ရေတက်တာမဟုတ်ဘူး''ဟု ဆရာတော်က မိန့်ကြားသည်။ လက်ရှိအချိန်တွင် အဆိုပါမြောင်းကို ရပ်ကွက်နေပြည်သူများမှ ပြန်လည် ပိတ်လိုက်သဖြင့် ချောင်းရေ အနည်းငယ်ကျ သွားမည်ဖြစ်ကြောင်း ဦးဇင်းစန္ဒာ ဝရက ဆက်လက်မိန့်ကြားသည်။
''တူးသွားတဲ့စည်ပင်ကအင်ဂျင်နီယာကို ပြန်လုပ်ပေးဖို့ ဖုန်းဆက်တာ ဖုန်းလဲမကိုင်ဘူး။ အခုတော့ ရပ်ကွက်ထဲက ဝိုင်းပိတ်လိုက်လို့ ရေကျသွားပြီ''ဟု ဆက်လက်မိန့်ကြားသည်။
အဆိုပါရေကြီးရေလျှံမှုကို မြို့နယ်စည်ပင်မှ လမ်းတံတားတာဝန်ရှိသူများက ညတွင်းချင်းလုပ်ဆောင်ပေး ခဲ့ကြောင်း ဒလမြို့နယ်စည်ပင်မှ ပြောသည်။
''မနေ့က ကျွန်တော်ဘုရားဖူးသွားနေလို့ သေချာတော့မသိရဘူး။ ဒါပေ မဲ့ ရုံးကလမ်းတံတားအဖွဲ့တွေ ညတွင်းချင်းသွားလုပ်ပေးပါတယ်။ အဲဒီနေရာက မြေနိမ့်ပိုင်းဆိုတော့ ကျွန်တော်က ရပ်ကွက်လူကြီးတွေနဲ့ တိုင်ပင်ပြီး မြောင်း ဖောက်ပေးတာပါ။သဘာဝဘေးကြောင့် ချောင်းရေတွေ က ပြန်ဝင်လာတာ တော့ မတတ်နိုင်ပါဘူး။ ကျွန်တော်တို့က စေတနာနဲ့ ရေမလျှံအောင် လုပ်ပေး တာပါ။ အခု ရေတွေကို ပြန်ထုတ်ပေးထားပါတယ်''ဟု ဒလမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူးဦးမြင့်ဇော်က ဆိုသည်။

Yangon MediaGroup

No comments:

Post a Comment