Thursday, July 17, 2014

အသင့်ပြင်ကြ

(ဆောင်းပါး) ဇူလိုင်လ ၇ ရက်က သမ္မတဦးသိန်းစိန် ပြောသွားတဲ့ အရေးပေါ်မိန့်ခွန်းထဲမှာ လက်ရှိ မန္တလေးမြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေကြောင်းနဲ့ အကြမ်းဖက်မှုတွေ ထဲမှာ ပါဝင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်လို့ ပြောကြားသွားခဲ့ပါ တယ်။ ဒါ မြန်မာနိုင်ငံမှာ ဒီလိုပဋိပက်္ခတွေနဲ့ ရုန်းရင်း ဆန်ခတ်မှုတွေ ပေါ်လာတိုင်း သမ္မတကြီးပြောနေကျ စကား၊ပးနေကျကတိပါ။ ရခိုင်ပြည်နယ်ကို
သမ္မတကြီးသွားရောက် လည်ပတ်စဉ်၊ ဗုံးပေါက်ကွဲတုန်းက လည်း ဒါတွေဟာ အစီ အစဉ်ရှိရှိ လုပ်နေကြပုံရတယ်။ နောက် ကွယ်က ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ ဆော် ပြီး အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေကြ သူတွေကိုဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ရမယ်လို့ ကြိမ်းဝါးခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့ကတော့ နောက်ကွယ်က သွေးထိုးလှုံ့ဆော် ဖန်တီးနေ တယ်ဆိုတဲ့လူ ဆိုလို့ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” မျှ လက်ဆုပ်လက်ကိုင်ဖမ်းဆီးပြနိုင်တာ မရှိ သလို ပြတ်သားပြင်းထန်စွာ အရေးယူအပြစ် ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ အစိုးရအဖွဲ့အနေနဲ့ ပြတ်သားပြင်းထန်းစွာ အရေးယူပြတာဆိုလို့  UNITY ဂျာနယ် အယ်ဒီတာချုပ်၊ သတင်းထောက်လေးဦးနဲ့ သန်္တိသုခကျောင်း တိုက်က ဆရာတော်ငါးပါးလောက်ပဲ ရှိပါ သေးတယ်။ တောင်ကုတ်မှာ အသတ်ခံရတဲ့ ဗလီဆရာ ၁၀ ဦး အမှုကနေ အခု မန္တလေးမှာဖြစ်တဲ့ အရေးအခင်းတွေအထိ ဘယ်သူ တွေ လှုံ့ဆော်ဖန်တီးလို့၊ ဘယ်လို အရေး ယူလိုက်တယ်ဆိုတာတော့ ဘာမှ မကြားခဲ့ရပါဘူး။

သက်ဆိုင်ရာ တာဝန်ရှိသူတွေက မျက်စိကန်း၊ နားပင်း ဘာသတင်းမှမရသလို လုပ်နေကြပေမယ့် အသိရှိတဲ့၊ သတိရှိတဲ့ မန်္တလေးမြို့သူ၊ မြို့သားတွေ ကတော့ “ရွှေ သမင် ဘယ်တာကထွက်တယ်”” ဆိုတာ ဒက်ခနဲ သိကြပါတယ်။ ထုံးစံအတိုင်း ရခိုင် ပြည်နယ် မှာ လူမျိုးရေး၊ ဘာသာရေးပဋိပက်္ခ တွေ ဖန်တီးခဲ့ကြသလိုပဲ ပြဿနာဖြစ်စေ လိုတဲ့ မီဒီယာတွေ၊ ဖေ့စ် ဘွတ်တွေကတစ်ဆင့် မြန်မာအမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရတယ် ဆိုတဲ့ ကောလာဟလလွှင့်လိုက် တာက စခဲ့ တာပါပဲ။ ဒါကို အကြောင်းပြုပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးလိုတဲ့ ရဟန်း တစ်စုနဲ့ မန်္တလေးမြို့ခံမဟုတ်တဲ့ အကြမ်း ဖက်သမားတချို့က မန်္တလေးမြို့ရဲ့အချက် အချာနေရာတွေမှာ တုတ်၊ ဓားလက်နက် တွေကိုင်ပြီး ကြမ်းကြ၊ ရမ်းကြရင်း အဓိက ရုဏ်းတွေ ဖြစ်ခဲ့ကြတာပါပဲ။ ဒီအဓိကရုဏ်း အတွင်းမှာ သေဆုံးသွားတဲ့ မြန်မာ တစ် ယောက်ရဲ့အသုဘကို ထုံးစံမရှိဘဲ ကျုံးတစ် ပတ်ပတ်၊ စည်းရုံးလှုံ့ဆော်အော်ဟစ်ကြရင်း အရေးအခင်းကို ပိုမိုအရှိန်မြှင့်အောင် မီးပေါင် မြှင့်ပေးခဲ့ကြတယ်။

ပဋိပက္ခဖြစ်နေကြချိန်မှာလည်း ချထား တဲ့ လုံထိန်းတပ်တွေက ပြည်သူလူထုရဲ့ လုံခြုံရေးကို ထိန်းသိမ်း တာဝန်ယူပေးခြင်း မရှိဘဲ ပွဲကြည့်ပရိသတ်လို ရပ်ကြည့်နေကြ တာလည်း စဉ်းစားစရာပဲ။ နောက်ဆုံး တုတ်တလွင့်လွင့်၊ ဓားတ၀င့်ဝင့် လုပ်နေသူ တွေကိုမဖမ်းဆီးဘဲ ပုဒ်မ ၁၄၄ ချိုးဖောက် သူ ၃၆၂ ဦးကို အရေးယူဖမ်းဆီး လိုက် တယ်ဆိုတာကလည်း စဉ်းစားစရာပါပဲ။ တာဝန်ရှိသူတွေရဲ့ လုပ်ပုံကိုင်ပုံ၊ ဖြေရှင်းပုံ တွေကတော့ စဉ်းစားစရာချည်းပါပဲ။

ဒီလိုနဲ့ စဉ်းစားစရာတွေနဲ့ ပတ်သက်လို့ မန်္တလေးမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်ရဲ့ အမြင် ကတော့ ရှင်းပါ တယ်။ “မန္တလေးမြို့တွင် ဇူလိုင်လ ၁ ရက် ညကဖြစ်ပွားခဲ့သော အရေးအခင်းသည် ဒေသခံဌာနဆိုင်ရာ အဖွဲ့အစည်း နှင့် တာဝန်ရှိ အာဏာပိုင်တို့၏ စီမံ ခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပေါ် လာရခြင်း ဖြစ်သည်” လို့ အပြစ်တင် ဝေဖန်လိုက် ပါတယ်။ ဒါ့အပြင် သံဃသ မဂ်္ဂဆရာတော် အရှင် ဦးကာ ၀ိယကလည်း “မြန်မာနိုင်ငံ မှာ တရား ဥပဒေစိုးမိုးရေး ဆိုတာ မရှိသေးဘူး။ တရားရေး၊ အုပ်ချုပ်ရေးတွေက ပျက်စီးနေတယ်။ ဘာမှ ရှင်းလင်းပြတ်သားတာ မရှိသေး ဘူး။ အခုဖြစ်စဉ်မှာ အစော ကြီးတည်း က လူစုခွဲတာတွေ လုပ်ကြရမှာ။ ဒါကို မလုပ်ဘဲ ရပ်ကြည့်နေတော့ လူအုပ်စု များလာပြီး ပြဿနာ ကြီးထွားလာတာပေါ့” ဆိုပြီး မိန့်ကြားခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး သမိုင်းစဉ်တစ်လျှောက် မှာ အခုလို ဘာသာရေး၊ လူမျိုးရေး အဓိက ရုဏ်းတွေ ဖြစ်ခဲ့ဖူးတာ ရှိပါတယ်။ နှစ်ပေါင်း တစ်ရာကျော်ကြာမြင့်ခဲ့တဲ့ ဗြိတိသျှ ကိုလိုနီ ခေတ်တစ်လျှောက်လုံးမှာမှ ကုလားဗမာ အဓိကရုဏ်းရယ်လို့ ပြောစမှတ်ပြုရလောက် တဲ့ အရေးအခင်းရယ်လို့ နှစ်ကြိမ်ပဲ ရှိခဲ့ဖူး ပါတယ်။ ဒါဟာ လည်း ဗြိတိသျှ ကိုလိုနီ အာ ဏာပိုင်တွေရဲ့ သွေးခွဲအုပ်စိုးမှု (ီငမငိန ညျေွိကူန) စနစ်ကြောင့် ဖြစ်ရတာ များပါ တယ်။ မဆလပါလီမန် ဒီမိုကရေစီအစိုးရ ခေတ်တစ်လျှောက်လုံးမှာတော့ ပြောပ လောက်တဲ့ ဘာသာရေး၊ လူမျိုးရေး အဓိက ရုဏ်းရယ်လို့ ကြီးကြီးမားမား မဖြစ်ခဲ့ကြပါ ဘူး။ ဖဆပလ ခေတ်မှာတော့ အတော်ပြင်း ထန်တဲ့ တရုတ်-ဗမာလူမျိုးရေး အဓိကရုဏ်း ကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဖြစ် ရတာလည်း အရင်းခံအားဖြင့် “ရခိုင်ဆန် လုပွဲ” ကြောင့် ဖြစ်လာတဲ့ စီးပွားရေးအကျပ် အတည်းကို စစ် အစိုးရက လူမျိုးရေး အဓိကရုဏ်းနဲ့ နိုင်ငံရေးအရ လမ်း လွှဲပေးဖို့ ကြိုးစားရင်း ကြီးထွား သွားရတာပါ။ ဆိုလိုတာက သမိုင်း မှာဖြစ်ခဲ့ကြရတဲ့ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းအများစုက အာဏာပိုင်အစိုးရ တွေရဲ့ နိုင်ငံရေး ဦးတည် ချက်တွေကို တစ်နည်းတစ်လမ်းအားဖြင့် ပုံဖော်ပေးနိုင်ဖို့ ဖန်းတီးခဲ့ကြလေ့ ရှိပါ တယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့လက် ထက်မှာဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ကတော့ မြန်မာ့သမိုင်းမှာ မကြုံဖူးလောက်အောင်များပြား ရှုပ်ထွေး လှပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေ ကနေ မိတ်္ထီလာ၊ ရှမ်းပြည်နယ်၊ လားရှိုးအထိ၊ အခု နောက်ဆုံး မန်္တလေးမြို့ပါဆိုတော့ တစ်ပြည်လုံးအနှံ့ ဆိုရမလောက်ပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကဆိုရင် ဘာသာရေး၊ လူမျိုးရေး ဆိုင်ရာ အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ မြန်မာ့သမိုင်းမှာ စံချိန်တင်ရမည့်နှစ်ပါပဲ။ တကယ်တော့ စစ်ပွဲတွေ၊ အရေးအခင်းတွေ မှန်သမျှရဲ့ အရင်းအမြစ်ပြဿနာဟာ နိုင်ငံ ရေးပါပဲ။ နိုင်ငံရေးပဋိပက်္ခတွေရဲ့ တစ် နွယ်ငင်တံစဉ်ပါ ပြဿနာတွေ ချည်းပါပဲ။

ဒီနေ့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေတဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးရဲ့ အဓိကဆုံချက် ကဘာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးပါပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးဆိုရာမှာလည်း ပုဒ် ၄၃၆ ကို မပြုပြင်နိုင်သမျှ လွှတ်တော်လမ်းကြောင်း အရ ဘာမှပြုပြင် ပြောင်းလဲလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်းNLD ပါတီကပုဒ်မ ၄၃၆ ပြုပြင်ပြောင်းလဲရေးလှုပ်ရှား မှုကို တစ်ပြည်းလုံး အရှိန် အဟုန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ အခုချိန်ထိဆိုရင် NLD ပါတီရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်အရ ထောက်ခံလက်မှတ် ရေးထိုးသူပေါင်း တစ်ပြည်လုံးမှာ သုံးသန်း သုံးသိန်း ကျော်သွားပြီလို့ သိရပါတယ်။ ဒီပမာဏဟာ အာဏာရပါတီအနေနဲ့ အတော် သတိထားစိုးရိမ် စရာ ကောင်းတဲ့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာ နေပါတယ်။ ဒါကြောင့်လည်း ဒီလှုပ်ရှားမှုကို ဟန့် တားနှောင့်ယှက်ဖို့ အာဏာပိုင် အချို့မှာ အစီအစဉ်ရှိပုံရပါတယ်။

ဒီလိုအနေအထားအောက်မှာ ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ရပ်က ဇွန်လ ၂၇ ရက်မှာ မန္တလေးတိုင်း NLD တာဝန်ရှိသူတွေကို ပုဒ်မ ၄၃၆ ပြုပြင်ရေး လူထုထောက်ခံပွဲတွေ လုပ်နေတာဟာ တရားဥပဒေနဲ့ မညီညွတ် ကြောင်း၊ တာဝန်ရှိသူတွေက သတိပေး တားမြစ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း ကြားသိရပါတယ်။ ဒီလို သတိပေးချက် တစ်ရပ်ထုတ်ပြန်ပြီး လေးရက်ခန့်အကြာမှာ သံဃာတချို့ ဦးဆောင်ပါဝင်တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ပေါ်ပေါက်လာတာပါပဲ။ အဓိကရုဏ်းတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်တော့ ပုဒ်မ ၄၃၆ ပြုပြင်ရေး လှုပ်ရှားမှုတွေဟာ သဘာဝ ကျစွာ ရပ်တန့်သွားရပြီပေါ့။ ဒီတော့လည်း အခုလို မန်္တလေးမြို့ကြီးမှာ အဓိကရုဏ်းတွေ ဖြစ်အောင် လှုံ့ဆော် ဖန်တီးနေကြမှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက် သဘောထားတွေ ပါနေသလားဆိုတာ စဉ်း စားစရာ ဖြစ်လာရပါတယ်။ ဆင်တစ် ကောင် လုံး မမြင်ရပေမယ့် ဆင်ခြေရာတွေကိုတော့ အတိုင်းသား မြင်နေကြရပါပြီ။ ဒီလို ပုဒ်မ ၄၃၆ ပြုပြင်ရေး လူထုလှုပ်ရှားမှုတွေကို ဟန့်တားနှောင့်ယှက်ရေး နိုင်ငံရေး ရည် ရွယ်ချက်နဲ့ အခုလို အဓိက ရုဏ်းတွေ ဖန် တီးနေကြမယ်ဆိုရင်တော့ မန်္တလေးအရေး အခင်းဟာ အဖွင့်တီးလုံးမျှသာ ဖြစ်ပါလိမ့် မယ်။ နောက်ဆက်တွဲ ဘီလူးဆိုင်းနဲ့ ဗိန်း မောင်းသံတွေညံနေအောင် ဆက်ကြားစရာ ရှိနိုင်ပါသေးတယ်။ ပြည်သူတွေအနေနဲ့ မျက်စိဖွင့်၊ နားစွင့်ရင်း အသင့်ပြင်ထားကြဖို့ လိုပါလိမ့်မယ်။
ဇူလိုင်လ ၇ ရက်က သမ္မတဦးသိန်းစိန် ပြောသွားတဲ့ အရေးပေါ်မိန့်ခွန်းထဲမှာ လက်ရှိ မန္တလေးမြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေကြောင်းနဲ့ အကြမ်းဖက်မှုတွေ ထဲမှာ ပါဝင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောကြားသွားခဲ့ပါ တယ်။ ဒါ မြန်မာနိုင်ငံမှာ ဒီလိုပဋိပက်္ခတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ပေါ်လာတိုင်း သမ္မတကြီးပြောနေကျ စကား၊ပးနေကျကတိပါ။ ရခိုင်ပြည်နယ်ကို သမ္မတကြီးသွားရောက် လည်ပတ်စဉ်၊ ဗုံးပေါက်ကွဲတုန်းက လည်း ဒါတွေဟာ အစီ အစဉ်ရှိရှိ လုပ်နေကြပုံရတယ်။ နောက် ကွယ်က ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ ဆော် ပြီး အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေကြ သူတွေကိုဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ရမယ်လို့ ကြိမ်းဝါးခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့ကတော့ နောက်ကွယ်က သွေးထိုးလှုံ့ဆော် ဖန်တီးနေ တယ်ဆိုတဲ့လူ ဆိုလို့ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” မျှ လက်ဆုပ်လက်ကိုင်ဖမ်းဆီးပြနိုင်တာ မရှိ သလို ပြတ်သားပြင်းထန်စွာ အရေးယူအပြစ် ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ အစိုးရအဖွဲ့အနေနဲ့ ပြတ်သားပြင်းထန်းစွာ အရေးယူပြတာဆိုလို့  UNITY ဂျာနယ် အယ်ဒီတာချုပ်၊ သတင်းထောက်လေးဦးနဲ့ သန်္တိသုခကျောင်း တိုက်က ဆရာတော်ငါးပါးလောက်ပဲ ရှိပါ သေးတယ်။ တောင်ကုတ်မှာ အသတ်ခံရတဲ့ ဗလီဆရာ ၁၀ ဦး အမှုကနေ အခု မန္တလေးမှာဖြစ်တဲ့ အရေးအခင်းတွေအထိ ဘယ်သူ တွေ လှုံ့ဆော်ဖန်တီးလို့၊ ဘယ်လို အရေး ယူလိုက်တယ်ဆိုတာတော့ ဘာမှ မကြားခဲ့ရပါဘူး။

Mizzima

No comments:

Post a Comment