Thursday, July 17, 2014

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအနီး ဗို့အား ၆၆၀၀ ဓာတ်ကြိုး အပါအဝင် ဓာတ်ကြိုးများ ပြတ်ကျ


Photo: ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအနီး ဗို့အား ၆၆၀၀ ဓာတ်ကြိုး အပါအဝင် ဓာတ်ကြိုးများ ပြတ်ကျ

ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအနီးရှိ အလုံမြို့နယ်၊ စောရန်နိုင် (တောင်) ရပ်ကွက်၊ ကျောင်းလမ်းတွင် ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဗို့အား ၆၆၀၀ ရှိသော ဓာတ်ကြိုးပြတ်ကျရာမှ လမ်းမီးတိုင်များတွင် သွယ်တန်းထားသော ဓာတ်ကြိုးများ ပြတ်ကျခဲ့ကြောင်း ကျောင်းလမ်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးချုပ်မှ ကျောင်းလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ ထရန်စဖော်မာသို့ ဓာတ်အား ထုတ်လွှတ်ပေးသော ဗို့အား ၆၆၀၀ ရှိ မြေအောက်ကြိုးမှာ ရုတ်တရက် လျှပ်စစ်ဓာတ်အား လျော့နည်းသွားရာမှ မီးပွင့်ထွက်ကာ ဓာတ်ကြိုး ပြတ်ကျခဲ့ကြောင်း၊ ယင်းကြိုးမှာ လမ်းမီးတိုင်ရှိ ဓာတ်ကြိုးများကိုပါ ရိုက်မိကာ ပြတ်ကျခဲ့ခြင်း ဖြစ်ကြောင်း အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အကြီးတန်း လက်ထောက်အင်ဂျင်နီယာ ဦးရဲနန္ဒက ပြောကြားသည်။

“ထရန်စဖော်မာထဲကနေ မီးခိုးတွေ စထွက်လာပြီး ဓာတ်တိုင်မှာ သွယ်ထားတဲ့ ကြိုးတွေ တဖြောင်းဖြောင်းနဲ့ ဓာတ်ကြိုးတွေ အပိုင်းပိုင်း ပြတ်ကျတာ မီးတွေ ဖြာထွက်နေတာပဲ။ လမ်းထဲက လူတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးတာ ချော်လဲသူလဲနဲ့ပေါ့။ ခြောက်တန်းကျောင်းသား နှစ်ယောက်က ပြတ်ကျတဲ့ မီးကြိုးစနဲ့ ရိုက်မိလို့ ဒဏ်ရာ နည်းနည်းတော့ ရသွားတယ်။” ဟု အဆိုပါ ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ ထရန်စဖော်မာအနီးရှိ ကွမ်းယာဆိုင်မှ ကိုအောင်အောင်က ပြောကြားသည်။ 

ဗို့အား ၆၆၀၀ ဓာတ်ကြိုး ပြတ်ကျမှုကြောင့် ကျောင်းလမ်းအတွင်းရှိ ဓာတ်တိုင် ၅ တိုင်ကို သွယ်တန်းထားသော ပေ ၅၀၀ ခန့်ရှည်သော ဓာတ်ကြိုးများ ပြတ်ကျခဲ့ပြီး ယင်းရပ်ကွက်ရှိ အိမ်ခြေ ၆၀၀ ကျော်မှ ဘရိတ်ကာများ လောင်ကျွမ်းကာ နေအိမ်အချို့ရှိ မီးအားမြှင့်စက်၊ အဲယားကွန်းနှင့် TV များ လောင်ကျွမ်းခဲ့ကြောင်း ကျောင်းလမ်းနှင့် ပဒေသာလမ်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။ 

“ဒီလမ်းက အလုံဈေးကို သွားတဲ့လမ်း လူသွားလူလာ များတယ်။ ဒီနေ့ နေသာလို့ လမ်းက ခြောက်နေတာ ကံကောင်းတယ်။ မိုးရွာချိန်ဆို ကျွန်တော်တို့လမ်းက ရေတင်တာကြောင့် အဲဒီအချိန်များ ဒီလောက် ဗို့အားပြင်းတဲ့ ဓာတ်ကြိုး ပြတ်ကျချိန်သာဆို လူတွေ ဓာတ်လိုက် သေကုန်ကြမှာ တွေးမိပြီး ကြက်သီးတောင်ထတယ်။ ထရန်စဖော်မာနားက ဓာတ်ကြိုး စပြတ်ချိန် ဖုန်းဆိုတဲ့ အသံကြီးက နည်းတာ မဟုတ်ဘူး။ အိမ်က မိန်းကြွေသီးတွေဆို ကန်ထွက် ကုန်ကျတာ။” ဟု ကျောင်းလမ်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ရှင်းပြသည်။ 

ဓာတ်ကြိုး ပြတ်ကျခဲ့မှုကို မြို့နယ်လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများ အချိန်မီ လာရောက်ကာ ပြင်ဆင်ပေးလျက် ရှိကြောင်း၊ ပြင်ဆင်မှုများ ပြီးဆုံးပါက မီးအား ဖြတ်တောက်ထားသည့် ကျောင်းလမ်း၊ ငုဝါလမ်း၊ ပဒေသာလမ်းနှင့် ဆင်ဝင်လမ်းတို့ရှိ နေအိမ်များမှ ဆားဗစ်ကြိုးများကို ပြန်လည် စစ်ဆေးကာ လိုအပ်ပါက ဝါယာကြိုးသစ်များကို ပြန်လည် တပ်ဆင်ပေးမည် ဖြစ်ကြောင်း အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးဖုန်းမြင့်ဝင်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်နှင့် ဇူလိုင် နှစ်လအတွင်း ကမာရွတ်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် ယခု အလုံမြို့နယ်တို့တွင် ရပ်ကွက်အတွင်း သွယ်တန်းထားသည့် ဓာတ်ကြိုးများ ပျက်ကျခဲ့ပြီး လူခြောက်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“သူတို့ (လျှပ်စစ်) ဆီမှာ လျှပ်စစ်ကြိုး အသစ်ထပ်တောင်းရင် လချီ ကြာတယ်လို့ ကြားတယ်၊  လက်ကျန် လျှပ်စစ် ကြိုးဟောင်းတွေကို ဆက်သုံးနေဦးမယ် ဆိုရင် ဒီလိုမျိုး ဆက်ဖြစ်မှာပဲ မိုးရာသီမတိုင်ခင် နွေကတည်းက စစ်ဆေးပြီး ပြင်ဆင်သင့်တယ်၊ ဘာကြောင့် ဓာတ်ကြိုးပြတ်ကျပြီး လူသေရသလဲ ဆိုတာတွေကို အဖြေရှာသင့်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးအနီးရှိ အလုံမြို့နယ်၊ စောရန်နိုင် (တောင်) ရပ်ကွက်၊ ကျောင်းလမ်းတွင် ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဗို့အား ၆၆၀၀ ရှိသော ဓာတ်ကြိုးပြတ်ကျရာမှ လမ်းမီးတိုင်များတွင် သွယ်တန်းထားသော ဓာတ်ကြိုးများ ပြတ်ကျခဲ့ကြောင်း ကျောင်း လမ်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးချုပ်မှ ကျောင်းလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ
ထရန်စဖော်မာသို့ ဓာတ်အား ထုတ်လွှတ်ပေးသော ဗို့အား ၆၆၀၀ ရှိ မြေအောက်ကြိုးမှာ ရုတ်တရက် လျှပ်စစ်ဓာတ်အား လျော့နည်းသွားရာမှ မီးပွင့်ထွက်ကာ ဓာတ်ကြိုး ပြတ်ကျခဲ့ကြောင်း၊ ယင်းကြိုးမှာ လမ်းမီးတိုင်ရှိ ဓာတ်ကြိုးများကိုပါ ရိုက်မိကာ ပြတ်ကျခဲ့ခြင်း ဖြစ်ကြောင်း အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အကြီးတန်း လက်ထောက်အင်ဂျင်နီယာ ဦးရဲနန္ဒက ပြောကြားသည်။

“ထရန်စဖော်မာထဲကနေ မီးခိုးတွေ စထွက်လာပြီး ဓာတ်တိုင်မှာ သွယ်ထားတဲ့ ကြိုးတွေ တဖြောင်းဖြောင်းနဲ့ ဓာတ်ကြိုးတွေ အပိုင်းပိုင်း ပြတ်ကျတာ မီးတွေ ဖြာထွက်နေတာပဲ။ လမ်းထဲက လူတွေ လည်း ကြောက် လန့်ပြီး ထွက်ပြေးတာ ချော်လဲသူလဲနဲ့ပေါ့။ ခြောက် တန်းကျောင်းသား နှစ်ယောက်က ပြတ်ကျတဲ့ မီးကြိုးစနဲ့ ရိုက်မိလို့ ဒဏ်ရာ နည်းနည်းတော့ ရသွားတယ်။” ဟု အဆိုပါ ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ ထရန်စဖော်မာအနီးရှိ ကွမ်းယာဆိုင်မှ ကိုအောင်အောင်က ပြောကြားသည်။

ဗို့အား ၆၆၀၀ ဓာတ်ကြိုး ပြတ်ကျမှုကြောင့် ကျောင်းလမ်းအတွင်းရှိ ဓာတ်တိုင် ၅ တိုင်ကို သွယ်တန်းထားသော ပေ ၅၀၀ ခန့်ရှည်သော ဓာတ်ကြိုးများ ပြတ်ကျခဲ့ပြီး ယင်းရပ်ကွက်ရှိ အိမ်ခြေ ၆၀၀ ကျော်မှ ဘရိတ်ကာများ လောင်ကျွမ်းကာ နေအိမ်အချို့ရှိ မီးအားမြှင့်စက်၊ အဲယားကွန်းနှင့် TV များ လောင်ကျွမ်းခဲ့ကြောင်း ကျောင်းလမ်းနှင့် ပဒေသာလမ်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

“ဒီလမ်းက အလုံဈေးကို သွားတဲ့လမ်း လူသွားလူလာ များတယ်။ ဒီနေ့ နေသာလို့ လမ်းက ခြောက်နေတာ ကံကောင်းတယ်။ မိုးရွာချိန်ဆို ကျွန်တော်တို့လမ်းက ရေတင်တာကြောင့် အဲဒီအချိန်များ ဒီလောက် ဗို့အားပြင်းတဲ့ ဓာတ်ကြိုး ပြတ်ကျချိန်သာဆို လူတွေ ဓာတ်လိုက် သေကုန်ကြမှာ တွေးမိပြီး ကြက်သီးတောင်ထတယ်။ ထရန်စဖော်မာနားက ဓာတ်ကြိုး စပြတ်ချိန် ဖုန်းဆိုတဲ့ အသံကြီးက နည်းတာ မဟုတ်ဘူး။ အိမ်က မိန်းကြွေသီးတွေဆို ကန်ထွက် ကုန်ကျတာ။” ဟု ကျောင်းလမ်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ရှင်းပြသည်။

ဓာတ်ကြိုး ပြတ်ကျခဲ့မှုကို မြို့နယ်လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများ အချိန်မီ လာရောက်ကာ ပြင်ဆင်ပေးလျက် ရှိကြောင်း၊ ပြင်ဆင်မှုများ ပြီးဆုံးပါက မီးအား ဖြတ်တောက် ထားသည့် ကျောင်းလမ်း၊ ငုဝါလမ်း၊ ပဒေသာလမ်းနှင့် ဆင်ဝင်လမ်းတို့ရှိ နေအိမ်များမှ ဆားဗစ်ကြိုးများကို ပြန်လည် စစ်ဆေးကာ လိုအပ်ပါက ဝါယာကြိုးသစ်များကို ပြန်လည် တပ်ဆင်ပေး မည် ဖြစ်ကြောင်း အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးဖုန်းမြင့်ဝင်းက ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်နှင့် ဇူလိုင် နှစ်လအတွင်း ကမာရွတ်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် ယခု အလုံမြို့နယ်တို့တွင် ရပ်ကွက်အတွင်း သွယ်တန်းထားသည့် ဓာတ်ကြိုးများ ပျက်ကျခဲ့ပြီး လူခြောက်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“သူတို့ (လျှပ်စစ်) ဆီမှာ လျှပ်စစ်ကြိုး အသစ်ထပ်တောင်းရင် လချီ ကြာတယ်လို့ ကြားတယ်၊ လက်ကျန် လျှပ်စစ် ကြိုးဟောင်းတွေကို ဆက်သုံးနေဦးမယ် ဆိုရင် ဒီလိုမျိုး ဆက်ဖြစ်မှာပဲ မိုးရာသီမတိုင်ခင် နွေကတည်းက စစ်ဆေးပြီး ပြင်ဆင်သင့်တယ်၊ ဘာကြောင့် ဓာတ်ကြိုးပြတ်ကျပြီး လူသေရသလဲ ဆိုတာတွေကို အဖြေရှာသင့်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment