Monday, July 21, 2014

၉ နှစ်သားနဲ့ ၆၂ နှစ်သူတို့ရဲ့ ဒုတိယမြောက် မင်္ဂလာလက်ထပ်ပွဲ

၉ နှစ်သား တောင်အာဖရိက လူငယ်လေးဟာ အသက် ၆၂ နှစ်ရှိတဲ့ အမျိုးသမီးကြီးတို့ရဲ့ ဒုတိယအကြိမ် မင်္ဂလာလက်ထပ်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့အကြောင်းပါ။ သူ့အသက် ၈ နှစ်၊ မနှစ် ( ၂ဝ၁၃ ခုနှစ် ) တုန်းကလည်း အခု သတို့သား Saneie Masilela ဟာ အဲဒီတုန်း က အသက် ၆၁ နှစ်ရှိတဲ့ အခု သတို့သမီး Helen Shabangu နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ ဒါကလည်း ကွယ်လွန်သွားပြီး တစ္ဆေဖြစ်နေကြတဲ့ ဘိုးဘွားတွေက သူ့ကို ပြောလို့ လက်ထပ်ခဲ့ရတာပါတဲ့။

အခုတော့ သူ့အသက် ၉ နှစ်မှာလည်း ဒီ ၆၂ နှစ်ရှိသွားပြီဖြစ်တဲ့ အမျိုးသမီးနဲ့ ထပ်ပြီး ဒုတိယ အကြိမ်
လက်ထပ်ပွဲကို အခု ၂ဝ၁၄ ခုနှစ်မှာ ထပ်ကျင်းပကြတာပါ။ ။

Saneie Masilela ရဲ့ မိခင် Patience Masilela က အသက် ၄၆ ရှိပါတယ်။ တကယ်တော့ ၉ နှစ်သား သတို့သားရဲ့ အဘိုး ဖြစ်သူ Saneie က ဟယ်လင်ကို ချစ်တာကြောင့် ဟယ်လင်ကို လက်ထပ်ဖို့ အခုလိုဖြစ် လာရတာပါတဲ့။

အခုလို မင်္ဂလာ လက်ထပ်ပွဲ လုပ်ပေးလိုက်လို့ ကွယ်လွန်သူ ဘိုးဘွားတွေအနေနဲ့ စိတ်ပျော်ရွှင်တယ်လို့ သူတို့က ခံယူကြတယ်လို့ သိရပါတယ်။ အခုလို လုပ်ကြလို့လည်း မိသားစု မှာ ပြဿနာ မရှိပါဘူးလို့ သတို့သားရဲ့ မိခင်က ပြောတယ်။

မင်္ဂလာပွဲမှာ ထုံးစံအတိုင်း သတို့သား၊ သတို့သမီး ဝတ်စုံပြည့်ဝတ်ထားပြီး သတို့သမီး၊ သတို့သား အရံတွေနဲ့ ပန်းကျဲသူ တွေ နောက်လိုက်လာကြရင်း သတို့သားနဲ့ သတို့သမီးတို့က နမ်းကြတယ်။ မင်္ဂလာပွဲလည်း ပြီးရော သတို့သားက အသက် ၆၂ နှစ် အရွယ် ဟယ်လင်နဲ့ လက်ထပ်ရတာ သူက ပျော်ရွှင် တယ်လို့ ပြောပြီး ကျောင်းသွားမယ်လို့ ဆိုတယ်။ စာကြိုးစားမယ်တဲ့။

၉ နှစ်သား သတို့သားက သူအရွယ်ရောက်လာတဲ့အခါ သူချစ်တဲ့ သူနဲ့ သက်တူရွယ်တူ မိန်းကလေးကို လက်ထပ်မှာလို့ ပြောတယ်။ အခုတော့ ၉ နှစ်သားနဲ့ ၆၂ နှစ် အမျိုးသမီးတို့ဟာ အချိန်ပြည် အတူလည်း မနေကြပါဘူးတဲ့။

အသက် ၆၂ နှစ်အရွယ် သတို့သမီး ဟယ်လင်ကလည်း မနှစ်က အဝတ်အစားကိုပဲ အခု မင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့တာပါတဲ့။ သူ့ကို ၉ နှစ်သားလေးက လက်ထပ်ဖို့ ရွေးချယ်ခဲ့တာကို အရမ်းပျော်တာပဲတဲ့။ အခုလို မင်္ဂလာဆောင်ခဲ့တာကြောင့် ကွယ်လွန်သွားကြတဲ့ ဘိုးဘွားတွေ ပျော်အောင် လုပ်ပေးတာ ဖြစ်ပြီး သူ့မိသားစု ကလည်း အကူအညီပေးပါသတဲ့။


ဧရာဝတီ

No comments:

Post a Comment