Friday, July 4, 2014

မုန်းတီးရေးဖြစ်ပေါ်စေမှု ရှောင်ရှား ကြဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း

အစိုးရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအောင်မြင် ဖို့အတွက် ပြည်သူတွေအကြားမှာ မုန်းတီးမှုတွေဖြစ်စေ မယ့် လှုံ့ဆော်မှုတွေနဲ့ ပြုမူပြော ဆိုမှုတွေကို ရှောင်ရှားကြ ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြား ပါတယ်။
အစိုးရရေဒီယိုကနေ လစဉ်ပြောနေကြ မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြော ကြားလိုက် တာဖြစ်ပါတယ်။


"တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူများအကြားမှာ မုန်းတီးမှုများဖြစ်ပွားစေမယ့် ပြုမူပြောဆိုရေးသား မှုများနဲ့ လှုံ့ဆော်မှုများကို ရှောင်ရှားဖို့ တိုက်တွန်းအပ် ပါတယ်၊ နိုင်ငံတော်အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း အမုန်းတရားတွေကြောင့် စည်းလုံး ညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေ ဒုက္ခမျိုးစုံတွေ့ ကြုံနေကြရတာကို ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြနေပါတယ်၊ ဒါကြောင့် နိုင်ငံသားများအကြား အမုန်းတရားများ ပွားများစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျနော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုံ့ချပြစ်တင် ဆန့်ကျင်ကြရမှာ လည်း ဖြစ်ပါတယ် "

တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံသား အားလုံး သဟဇာတ ရှိရှိနေထိုင်ကြမှသာ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အောင်မြင် မှာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ မမှန်မကန်ဆောင်ရွက်မှုတွေကို ပြည်သူလူထုက အဆင့်ဆင့် တိုင်ကြားကြဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။

အစိုးရရဲ့ပြုပြင်ပြောင်းလဲရေုးလုပ်ငန်းစဉ်တွေမှာ တာဝန်ရှိသူတစ်ဦးချင်းစီရဲ့ အမှားအယွင်းတွေကို ပြင်ဆင် ခွင့်ပေးပြီး လက်တွဲခေါ်ဆောင်ခဲ့ကြောင်း၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အန္တရာယ်ရှိလာတဲ့ အဆင့်ရောက်မှသာ ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ် ခဲ့ရတာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

RFA

No comments:

Post a Comment