Friday, July 4, 2014

သေကြောင်းကြံသူအား အမှုဖွင့်အရေးယူထား

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကုန်းဇောင်းတိုက်နယ်ဆေးရုံတွင် တံစဉ်ဖြင့်ထိုး၍ ဒဏ်ရာရရှိသူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာနေ စိုးခိုင်(ခ)မောင်ခိုင်(၃၅)နှစ်သည်
အရက်မူးပြီး နေအိမ်အပေါ်ထပ်မှ လှေခါးအတိုင်းဝမ်းဗိုက်တွင် တံစဉ်စိုက်လျက်ဆင်းလာသဖြင့် အိမ်နီးချင်း ဖြစ်သူ ဦးထွန်းထွန်းနှင့် ဖိုးညိုတို့မှမေးမြန်းရာ ““အခုမှပဲလုပ်ဖြစ်တော့တယ် လုပ်ခိုင်းနေတာကြာပြီဟု”” ပြောကြောင်းသိရှိရ၍ မိမိကိုယ်ကို သေကြောင်းကြံသူ စိုးခိုင်(ခ)မောင်ခိုင်အား ကုန်းဇောင်းနယ်မြေ ရဲစခန်း (ပ)၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment