Thursday, July 17, 2014

ဟွန်းရှည်မတီးရဟူသောစည်းကမ်း အဇာနည်နေ့တွင်ပင် ကင်းလွတ်ခွင့်မပေး ဟွန်းရှည်တီးပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်

ရန်ကုန်၊ လာမည့်ဇူလိုင် ၁၉ရက်တွင်ကျရောက်မည့် အာ ဇာနည်နေ့တွင် ဟွန်းရှည်တီးပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။
ဟွန်းရှည်တီးပါက ယာဉ်ထိန်းရဲများမှစိစစ်ကာ ယာဉ် စည်းကမ်း လမ်းစည်းကမ်းဥပဒေအရ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။
''ဟွန်းရှည်တီးရင် ဖမ်းတာ အခု အာဇာနည်နေ့မှ မဟုတ်ပါဘူး။ ၁၉၈၉ခုနှစ်ကတည်းက ဖမ်းဆီးအရေးယူ တာပါ။

အရင်အာဇာနည်နေ့တွေကလဲ အရေး ယူပါတယ်။ အာဇာနည်နေ့မို့လို့အရေး ယူတာမဟုတ်ပါဘူး''ဟု ဒုရဲမှူးမျိုး အောင်မြင့်ကပြောသည်။
ဟွန်းရှည်တီးမှအရေးယူခြင်း ဖြစ်ပြီးဟွန်းတီးရုံနှင့်အရေးယူခြင်းဟု ဖော်ပြထားသည့်ဖော်ပြချက်များမှာ မှားယွင်းနေကာ သေသေချာချာ စိစစ်ပြီးမှ ပြည်သူကိုချပြသင့်ကြောင်း ယင်း ကဆက်လက်ပြောသည်။
ဟွန်းရှည်တီးခြင်းသည် နည်း ဥပဒေအပိုဒ် ၄၄ အရ ယာဉ်များတွင် သတိပေးဟွန်းထားရှိရမည်။ ထားရှိ ထားသည့် ဟွန်းသံသည်လွန်ကဲစွာ ကျယ်လောင်ခြင်းမရှိရ၊ လေချွန်သံနှင့် အခြားအနှောင့်အယှက်ဖြစ်စေသည့် အသံမျိုးမရှိရဟုပါရှိကြောင်း သိရသည်။
ဟွန်းရှည်တီးပါက ဦးစွာပထမ မော်တော်ယာဉ်တရားရုံးမှဒဏ်ငွေ ၁၅ဝဝ ရိုက်မည်ဖြစ်ကာ နောက် ယာဉ် မောင်းလိုင်စင်အား ပထမသုံးလ၊ ဒုတိယ ခြောက်လ၊ တတိယတစ်နှစ်အထိပိတ် သိမ်းသွားမည်ဖြစ်သည်။
ကားဟွန်းရှည်တီးခြင်း အားနား လည်မှုလွဲနေသည့်ပြည်သူများက ''ကား ဟွန်းတီးတာကို လိုင်စင်ပိတ်တဲ့အထိ အရေးယူမယ်လို့ ကျွန်တော်တို့သိရပါ တယ်။ ကျန်တဲ့အချိန် ဟွန်းတီးလို့အရေး ယူတာ အပြစ်မပြောလိုပါဘူး။ အခုက အာဇာနည်နေ့လေ။ မြန်မာနိုင်ငံ သား မှန်ရင် အာဇာနည်နေ့ ကိုဂုဏ်ပြုရမှာ ပေါ့''ဟု တက္ကစီကားသမားတစ်ဦးဖြစ် သူဦးနေပိုင်က ပြောသည်။
ဇူလိုင် ၁၉ ရက်သည် မြန်မာ နိုင်ငံအား လွတ်လပ်ရေးရရန် ကြိုးပမ်း ပေးခဲ့သည့် နိုင်ငံ့သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့နေ့ဖြစ်ကာ ယင်းတစ်နေ့တည်း ၌ ဟွန်းတီးမည်ဖြစ်ပြီး အရင်နှစ်များက လည်း ကားများတွင် စတေကာကပ်ပြီး ဂုဏ်ပြုခြင်းများ ဟွန်းတီးပြီး ဂုဏ်ပြု ခြင်းများပြုလုပ်ခဲ့ကြောင်း ခရီးသည် တင် ယာဉ်မောင်းတစ်ဦးဖြစ်သူက ပြောသည်။
ယင်းနေ့တွင် ဟွန်းတီးခြင်းအား သည်းခံနိုင်ပြီး အရေးယူခြင်းများမပြု လုပ်သင့်၊ ဟွန်းတီးဂုဏ်ပြုခြင်းသည် ဂုဏ်ယူစရာတစ်ခုဖြစ်ကြောင်း လမ်း သွားပြည်သူတစ်ဦးကပြောသည်။
ဟွန်းရှည်တီးခြင်းသည် ဆေးရုံ ဆေးခန်းများနှင့်နီးပါက နှလုံးရောဂါ သည်များ၊ ဘုရားကျောင်းကန်များ ဘာသာရေး နယ်ပယ်များနှင့်နီးပါက ဘာသာရေးပြုလုပ်နေသူများ စသည့် သူများ အနှောင့်အယှက်ဖြစ်နိုင်ကြောင်း သိရသည်။
ဤသို့ဟွန်းရှည်တီးခြင်းအား အရေးယူခြင်းကို ယခုကာလများ၌ လည်း အရေးယူမည်ဖြစ်ပြီး နောင်အ ချိန်များ၌လည်း ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment